လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၏ အမျိုးသမီးအသင်းနှင့် ဒုတိယဆုရရှိထားသည့် ရန်ကုန်ယူနိုက်တက်အသင်း၏ အမျိုးသမီးအသင်းတို့ ယမန်နေ့ ဧပြီ(၂၈)ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်ယူနိုက်တက်အသင်းက (၃)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ အသင်းနှစ်သင်းသည် မြန်မာနေရှင်နယ်လိဂ် အမျိုးသမီးဘောလုံးပြိုင်ပွဲ Week-2 ပွဲစဉ်အတွင်း ထိပ်တိုက်တွေ့ ဆုံခဲ့ကြခြင်းလည်းဖြစ်သည်။
ထို့အတူ ဧရာဝတီယူနိုက်တက်နှင့် YERO အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီအသင်းက (၆)ဂိုးပြတ်သွင်းယူ၍ အနိုင်ရရှိခဲ့သည်။
ဧရာဝတီယူနိုက်တက်နှင့် YERO အမျိုး သမီးအသင်းတို့ပွဲစဉ်အတွင်း ဧရာဝတီယူနိုက်တက်အသင်း၏ ကစားသမားစန်းသော်သော်က အကောင်းဆုံးအားကစားသမားဆု(AYA Pay man of the Match) ကိုရရှိခဲ့ပြီး၊ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းပွဲစဉ်အတွင်း အကောင်းဆုံးအားကစားသမားဆု (AYA Pay man of the Match) ကို ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ယွန်းဝတီးလှိုင်က ရရှိခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်အမျိုးသမီးအမှတ် ပေးဘောလုံးပြိုင်ပွဲကို ယခုလ ဧပြီ (၁) ရက်၌ စတင်ကျင်းပမည်ဟု ကြေညာထားသော်လည်း မန္တလေးနှင့်စစ်ကိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ယာယီရပ်နားထားခဲ့ရကာ ဧပြီ(၂၂)ရက်မှ စတင်နိုင်ခဲ့ကြသည်။
၂၀၂၅ – ၂၀၂၆ Myanmar Women league အမှတ်ပေးဘောလုံးပြိုင်ပွဲကို အသင်း (၉) သင်းဖြင့် ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်သည်။