ပြင်ဦးလွင်မြို့၊ ရွှေဆံပင်ပညာဒါနပရဟိတကျောင်းတွင် သြဂုတ်လ (၁၅)ရက် နှင့် (၁၆)ရက်များက မိုးရာသီသစ်ပင်စိုက် ပျိုးပွဲကို ကျင်းပရာ အပင် (၂၀၀၀)ကျော် စိုက်ပျိုးနိုင်ခဲ့ကြကြောင်း သိရသည်။
ရွှေဆံပင်ဆရာတော် အရှင်ဝေပုလ္လသည် ဆရာတော်များနှင့်အတူ ရွှေဆံပင်ပညာဒါန ကျောင်းသူကျောင်းသားများ၊ ပြင်ဦးလွင်၊ မန္တလေး၊ မုံရွာ၊ ကျောက်ဆည်တို့မှ သစ်ပင်ချစ်သူများ လာရောက်ပါ၀င်ပူးပေါင်း၍ စားပင် (၁၀၀၀)ကျော်၊ ပ န်းပင်(၁၀၀၀)ကျော် နှင့် အရိပ်လည်းရ/ပန်းလည်းရ၊ အရိပ်လည်းရ/စားလည်းရသည့် အပင်ကြီးများ (၂၀၀)ခန့်ကို စိုက် ပျိုးကြခြင်းဖြစ်သည်။
“သေနေ့ကိုပင် ရွေ့စေနိုင်ပြီး အမြဲထာ၀ရ ကုသိုလ်တိုးနိုင်တဲ့ ကုသိုလ် (၆)မျိုးရှိပါတယ်။ ဥယျာဉ်သစ်ပင်၊ ရေအိုးစင်၊ တခွင်တံတားပေ ၊ ရေကန်ဆောက်ဦ ဤခြောက်ဆူ ထောက်ကူပံ့ကြလေ ၊ နေ့ညမညှိုးကုသိုလ်တိုး တန်ခိုးကြီးလှပေလို့ မှတ်ရမှာပါ။ သစ်ပင်တွေက စိုက်ဖို့လွယ်သလောက် ကြိုတ င်ပြင်ဆင်မှုနဲ့ ထိန်းသိမ်းပြုစုရတာ ခက်ပါတယ်။ ဒါကြောင့် အရေအတွက် ဦးစားမပေးဘဲ စိုက်သမျ အောင်မြင်ဖို့ သေ ချာပြင်ဆင်လုပ်နေပါတယ်။ ကျောင်းသူကျောင်းသားအလု ပ်သမားအဖွဲ့တင် လူပေါင်း (၃၀၀)လောက်မို့ အင်အား က တော့အပြည့်ပါ”ဟု ရွှေဆံပင်ဆရာတော် အရှင်ဝေပုလ္လကမိန့်တော်မူသည်။
ကုသိုလ်ယူ သစ်ပင်လာရောက်စိုက်ပျိုးကြသူများကို သြဂုတ်လ (၁၆)ရက်တွင် ပြင်ဦးလွင်မြို့၊ ပြည့်စုံရွှေဆိုင်မိသား စုက နေ့လည်စာ ကျွေးမွေးလှုဒါန်းပြီး “စိန်မြင့်မိုရ်”ရွှေဆိုင်မိသားစုနှင့် Ok စွယ်တာ မိသားစုကလည်း ရေခဲမုန့်၊ ကိတ် မုန့်နှင့် ယိုးဒယားလိုက်ချီးပင် (၂၀) လှူဒါန်းကြောင်း သိရသ ည်။
ရွှေဆံပင်အကျိုးဆောင်အဖွဲ့ကလည်း နာနတ်သီးဖျော်ရည်နှင့် မာလကာသီးများ ကျွေးမွေးကုသိုလ်ပြုပြီး သြဂုတ်လ (၁၅)ရက်ကလည်း ဗန်းမောက်အဖွဲ့က ပြင်ဦးလွင်ရွှေဆံပင်ပညာဒါနသို့ လာရောက်ပြီး သံဃာတော်များနှင့်ကျောင်းသူကျောင်းသားဝေယျာ၀စ္စများအား နေ့ဆွမ်းအာဟာရလှူဒါန်းကာ အရိပ်ရ အသီးရ မက္ကဒေးမီးယား (ချောကလက်)ပင်များစို က်ပျိုးကြကြောင်း သိရသည်။


