ကျေးလက်ဒေသစိုက်ပျိုးရေးအတွက်အရေးကြီးသော ကျေးရွာချင်းဆက်ကုန်ထုတ်လမ်းသစ်များအား နိုင်ငံတော်အစိုးရမှဖော်ဆောင်ပေးလျက်ရှိရာ မတ် ၅ ရက်ကလည်း ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာနှင့် မဲဇလီကျေးရွာတို့ကိုဆက်သွယ်ထားသည့် ကုန်ထုတ်လမ်းသစ်ကို ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ကုန်ထုတ်လမ်းသစ်၏ မယ်ဇလီကုန်းကျေးရွာ၌ လမ်းအရှည်(၇)ဖာလုံ၊ အကျယ်(၁၂)ပေ၊ အမြင့်(၉) လက်မရှိ မြေရောကျောက်ခင်းခြင်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၂၃၉)သန်းဖြင့် “ဝင်းထိုက်ကျော်”ကုမ္ပဏီမှတာဝန်ယူဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ယင်း ကုန်ထုတ်လမ်းသစ်အား ဧရာ၀တီတိုင်းဝန်ကြီး ချုပ်ဦးတင်မောင်ဝင်းမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကြည့်ရှူစစ်ဆေးခဲ့သည်။
