Saturday, May 17, 2025

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင်...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို...

ရှီနဲ့တွေ့ဖို့ တရုတ်သွားလို- ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပြဿနာရပ်များအကြောင်း ပြောဆိုဆွေးနွေးရန်အတွက် သူတရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ပြောကြားလိုက်သည်။ မေ ၁၆...

ထိုင်း-ဗီယက်နမ် ကုန်သွယ်မှု ဒေါ်လာ ၂၅...

ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် စီးပွားရေးချိတ်ဆက်မှုများ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးကို လက်ရှိ ၂၀ ဘီလျံမှ မကြာမီကာလအတွင်း ၂၅ ဘီလျံသို့ ရောက်ရှိရေး အတွက်လက်တွဲဆောင်ရွက်သွားရန်...

အင်ဒိုနီးရှားသမ္မတ ထိုင်းသွားမည်အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည်...

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Panidone Pachimsawat က ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်နှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့ပြီး ခရီးစဉ်သည် ဗိုလ်ချုပ်ကြီးပရာဘိုဝို ၂၀၂၄...
HomeArticlesစိတ် ကျန်းမာရေး

စိတ် ကျန်းမာရေး

ကျွန်တော်နှင့် မသက်ဆွေတို့ နှစ် ယောက်စလုံးမှာ မိဘများ မရှိကြတော့ပါ။ ထို့ကြောင့်လည်း ကိုယ့်ထက် အသက်များစွာကြီး၍ အတွေ့အကြုံတွေများလှသော ဆရာ ကြီး ဗိုလ်ကလေးတင့်အောင်ကိုသာ အစ်ကိုကြီးလို၊ အဖလို မှတ်ယူနေရပါ တော့သည်။

မကြာခဏ သူ့ဆီရောက်သည်။ စားဦးစားဖျားလေးများ၊ ပေါ်ဦးပေါ် ဖျား သီးနှံလေးများ ယူသွားလျှင် ဝမ်းသာအားရစွာ ပြုံးနေသော သူ့ မျက်နှာမှ မေတ္တာတွေကို ကျွန်တော် တို့တစ်ဝကြီး ခံစားမိရပါတော့သည်။ သည်နေ့ ကျွန်တော်တို့ရောက်ရှိပြီး ဧည့်ခန်းမှာ ထိုင်မိသည်နှင့် သမီး မစိုးကိုတွဲစရာမလိုဘဲ တစ်ယောက် တည်း လမ်းလျှောက်ထွက်လာသော ဆရာကြီးက အသက် ၉၇ နှစ်ဟု ပြောလျှင် ယုံနိုင်စရာ မရှိ။

”အစ်ကိုလေးက ဒီနှစ်မှာ ပိုပြီး ကျန်းမာလာသလိုပဲ”ဟု ပြောတော့ သူကပြုံးနေသည်။

”ကျန်းမာရေးကတော့ ကောင်း ပါတယ်ဗျာ။ နည်းနည်းလေး လမ်း လျှောက်တာနဲ့ မောတယ်”ဟု ဆို သည်။

”တခြားလူကြီးတွေ အသက် ၉ဝ ဆိုရင် ထိုင်ခက်၊ ထခက်၊ လမ်း လျှောက်ခက်နဲ့ လူတွဲနေရပြီ”ဟု ပြောတော့ သူကခေါင်းညိတ်သည်။

”အစ်ကိုလေး အခုဘာလုပ်နေ လဲ”

”စာဖတ်နေတာဗျ။ သားကြီးက ဘာသာပြန်စာအုပ် ခုနစ်အုပ်တွဲ ယူလာပေးတယ်”

”များလှချည်လား။ ဘာစာအုပ် တွေလဲ”

”ဟနွိုင်းဆိုတဲ့စာအုပ်ပါ။ ဗီယက်နမ်နိုင်ငံအကြောင်း ရေးထား တာ။ အရင်က ပထမတွဲ၊ ဒုတိယတွဲ နှစ်အုပ် ဖတ်ဖူးတယ်။ အခုသားက အတွဲလိုက်ကြီး ယူလာလို့ အစက ပြန်ဖတ်နေမိတယ်”

”ဘာအကြောင်း ရေးတာလဲ။ ဗီယက်နမ်သမိုင်းလား”

”သမိုင်းဆိုပါတော့ဗျာ။ ဇာတ် လမ်းလည်း ဆင်ထားတယ်”

”ကျွန်တော်တို့ မြန်မာဘုရင်တွေ လက်ထက်က ဥရောပကနယ်ချဲ့လာ တဲ့ လူတွေ အာရှတိုက်ကို အပြိုင် အဆိုင် ရောက်လာကြတာ မဟုတ် လား”

”အဲဒီအချိန်က ဗီယက်နမ်ကို ပြင်သစ်က အရင်ရောက်နေခဲ့တယ် လေ။ အဲဒီကို အမေရိကန် ဆီနိတ် တာမိသားစုက ရောက်သွားတဲ့ အကြောင်းပါ”

”သူတို့ဆီက ပြတိုက်မှာ ပြထား ချင်လို့ဆိုပြီး သားရိုင်းတိရစ္ဆာန် အကောင်ကြီးတွေကို လိုက်ရှာကြ၊ ပစ်ကြခတ်ကြ၊ အရိုးတွေယူကြ၊ အကောင်ပေါက်လေးတွေရရင်လည်း အရှင်ယူသွားကြတဲ့ ဇာတ်လမ်းကို သမိုင်းပြကွက်တွေနဲ့ ရေးတာပါ”

”လူတွေစိတ်ဝင်စားအောင် အမေရိကန်ဆီနိတ်တာရဲ့ သားနဲ့ ဟနွိုင်းသူလေးတစ်ယောက်ရဲ့ အချစ် ဇာတ်လမ်းလည်း ရေးထားတယ်”

စိတ်ပါလက်ပါ ပြောနေရာမှ ခေတ္တနား၍ အသက်ရှူနေသည်။ သူ့ မျက်လုံးတွေက ကျွန်တော့်ဆီမှာ မရှိ။ ရှေ့တူရူထရံကို ငေးနေသည်။

”တတိယတွဲမှာ ဟနွိုင်းသူလေး နဲ့ အကြောင်း ဖတ်လိုက်ရပြီး ညက အိပ်လို့မပျော်တော့ဘူးဗျ”သူအာရုံပြတ်သွားမှာစိုး၍ စကားဝင်မထောက်ရဲဘဲ စောင့်နေရ သည်။

”အိပ်ရာဘေးမှာ စာအုပ်ကိုချ ပြီး ကျွန်တော်တို့နိုင်ငံ ကျွန်ဖြစ်ခဲ့ရ တဲ့ဘဝကို စိတ်ကရောက်သွားတယ်”

ခင်ဗျားလည်း ဖတ်ဖူးသားပဲ။ ရွှေကိုယူသည်၊ ငွေကိုယူသည်။ ပြီး တော့ လူကိုပါယူသည် ဆိုတဲ့ နယ်ချဲ့ တွေကို ချစ်တီးတွေ မြန်မာပြည်ကို ကျွန်ပြုခဲ့တဲ့ဇာတ်လမ်းအတိုင်းပေါ့ ဗျာ။ အရှေ့တိုင်းတစ်ခုလုံး ဥရောပ သားတွေ စော်ကားခဲ့တာတွေ တွေး မိပြီး အိပ်မရခဲ့ဘူး။

”တကယ်တော့ အရှေ့တိုင်း သားတွေက အေးအေးနေတယ်။ ရိုး ရိုးနေတယ်။ လောဘနည်းတယ်။ အနောက်နိုင်ငံသားတွေက လောဘ ဒေါသမောဟတွေများတယ်။ စီးပွား ရေး အမြတ်ရဖို့ ဘာမဆိုလုပ်မယ်ဆို တဲ့ ကောင်တွေ”

”ဒီလိုနဲ့ ကျွန်တော်တို့လည်း ကျွန်ဖြစ်ခဲ့ရတယ်။ ဆန်စပါးတွေ၊ သစ်တွေ၊ ရေနံတွေသူတို့ ထုတ်ယူ သွားကြတာပဲ”စကားကို အရင်လို ဆက်တိုက် မပြောဘဲ ခေတ္တရပ်ထားလိုက်သေး သည်။

”ကျွန်တော်တို့တိုင်းရင်းသား တွေ အားလုံးကိုတော့ သူတို့ကျွမ်း ကျင်တဲ့ နည်းမျိုးစုံနဲ့ ခွဲခြားအုပ်ချုပ် ခံခဲ့ရတယ်။ စိတ်ဝမ်းတွေလည်း ကွဲခဲ့ ကြတာပေါ့ဗျာ”

နောက်ဆုံးမှ ဒို့ဗမာသခင် အ စည်းအရုံးရဲ့ စိတ်တူကိုယ်တူ ပူး ပေါင်းဆောင်ရွက်မှုရတဲ့ အချိန်ကျမှ လွတ်လပ်ရေးအတွက် တောက် လျှောက်တိုက်ယူခဲ့ရတာပဲ”စိတ်ဓာတ်တွေ တက်ကြွလာ သော ဗိုလ်ကလေးတင့်အောင်လေသံ က မာလာသည်။ မျက်လုံးတွေ ဝင်း လက်လာသည်။

”ဘီအိုင်အေတပ်ကြီး မဖွဲ့ခင်က ဒို့ဗမာသခင်အဖွဲ့မှာ ကျွန်တော်တို့ ပါခဲ့ရတယ်။ အခုတော့ အသက်တွေ ကြီးပြီလေဗျာ။ နောက်လူတွေ အား လုံးညီညီညွတ်ညွတ်ရှိကြဖို့ပဲ ဆု တောင်းရတော့တယ်။ နယ်ချဲ့က တော့ အခုလည်း စောင့်နေတယ်။ နောင်လည်းတစ်သက်လုံး စောင့် နေမှာပဲ။ နွားကွဲရင် ကျားဆွဲခံရမယ့် ဘဝမရောက်ဖို့ အရေးကြီးတာပါပဲ”

တစ်ချိန်က ဘီအိုင်အေတပ်ဖွဲ့ ဝင် သခင်မောင်မောင်တစ်ယောက် ငယ်ဘဝစိတ်ဓာတ်ကမပျောက်သေး။

”ဟုတ်တယ်ဗျ။ အသက်ကကြီး လာတော့ လူငယ်တွေ စိတ်ဓာတ်ခိုင် မာရေး အားပေးဖို့ပဲ တွေးနေရပါ တော့တယ်။ အခုအချိန်မှာ ကျွန် တော် တတ်နိုင်တာက လူငယ်တွေ စိတ်ထားမရိုင်းကြဖို့ အနုပညာအမွေ ပေးမယ်”

”တိုင်းချစ်ပြည်ချစ်စိတ်တွေ ခိုင်မာဖို့ စာတွေရေးမယ်။ ဒါပဲ တတ် နိုင်ပါတော့တယ်ဗျာ”

ဟုတ်ပါသည်။ မိသားစုများ ပြုစုမှု ကောင်းလို့ အစ်ကိုလေး ‘လူ ကျန်းမာနေသလို’

စာတွေဖတ်၊ တွေး၊ ရေးနေသော စာပေစိတ်က ‘စိတ်ကျန်းမာရေး’ကို ဖြစ်စေသည်သာ ဖြစ်ပါ၏။ အသက် တစ်ရက်ပိုရှည် စာတစ်ရွက်ပိုရေး နိုင်လေ နိုင်ငံနှင့် လူမျိုးအတွက် အကျိုးရှိလေဖြစ်မည်မှာ သေချာလှ ပါ၏။

ဆရာကြီး ဗိုလ်ကလေးတင့် အောင် အသက်တစ်ရာ့နှစ်ဆယ်အ ထိ အသက်ရှည်ပါစေ။ အသက်ရှည် ပါစေ။

မောင်ဆွေသက်

Ads Space Available


Continue reading

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ မြို့ပြကျန်းမာရေးဌာနများ ပေါ်ပေါက်လာပါက ပြည်သူများ အနေဖြင့် ကျန်းမာရေးမကောင်းပါက သွားရောက်ပြသနိုင်မည့် ဆေးရုံ၊ ဆေးခန်းများ ပိုမိုပေါ်ပေါက်လာမည်ဖြစ်ကြောင်း သိရသည်။ မြို့ပြကျန်းမာရေးဌာနများဖွင့်လှစ်သွားနိုင်ရန်အတွက် လက်ရှိတွင် ကျန်းမာရေးဆေးခန်းအခွဲများ ပြန်ဖော်ထုတ်၍ ပြင်ဆင်ခြင်း၊ ဝန်ထမ်းများ အင်အားတိုးချထားခြင်း စသည့်လိုအပ်ချက်များကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှီနဲ့တွေ့ဖို့ တရုတ်သွားလို- ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပြဿနာရပ်များအကြောင်း ပြောဆိုဆွေးနွေးရန်အတွက် သူတရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ပြောကြားလိုက်သည်။ မေ ၁၆ ရက်က ထုတ်လွှင့်ခဲ့သည့် Fox News သတင်းဌာနနှင့် အင်တာဗျူးအတွင်း မစ္စတာရှီထံ အလည်အပတ်သွားရောက်လိုပါသလားဆိုသော အမေးကို “သေချာတာပေါ့” ဟု မစ္စတာ ထရမ့်ပ်က ပြန်ဖြေခဲ့ပြီး တရုတ်နှင့် အမေရိကဆက်ဆံရေးသည် အရေးကြီးသည်ဟုလည်း ဆိုခဲ့သည်။ တရုတ်ခေါင်းဆောင်နှင့် စကားပြောဆိုရန် စိတ်အားထက်သန်မှုကို မစ္စတာထရမ့်ပ်က ထပ်ခါတလဲလဲ ဖော်ပြခဲ့သည်။ သမ္မတ ထရမ့်ပ်၏ တရုတ်ကုန်စည်များအပေါ်...

ထိုင်း-ဗီယက်နမ် ကုန်သွယ်မှု ဒေါ်လာ ၂၅ ဘီလျံသို့ ရောက်ရှိရေးရည်မှန်း

ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် စီးပွားရေးချိတ်ဆက်မှုများ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးကို လက်ရှိ ၂၀ ဘီလျံမှ မကြာမီကာလအတွင်း ၂၅ ဘီလျံသို့ ရောက်ရှိရေး အတွက်လက်တွဲဆောင်ရွက်သွားရန် သဘောတူခဲ့ကြသည်ဟု ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာက ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh နှင့် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သော စတုတ္ထအကြိမ်မြောက် ထိုင်း-ဗီယက်နမ် ပူးတွဲအစိုးရအဖွဲ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် သူက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်ဝန်ကြီးချုပ်၏ ခရီးစဉ်သည် သောကြာနေ့တွင် အဆုံးသတ်ခဲ့သည်။ ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ်ထရာ အုပ်ချုပ်မှုကာလအတွင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071