ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ စိတ်ကျန်းမာရေးဆေးရုံရှေ့တွင် ကားတစ်စီးမှဓာတ်တိုင်ကိုဝင်တို-က်မိခဲ့မှု ယနေ့ သြဂုတ် ၁၇ ရက်ည ၇ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ အမှတ်(၇)လမ်းမကြီးပေါ် စိတ်ကျန်းမာရေးဆေးရုံရှေ့တွင် ကားတစ်စီးမှ ဓာတ်တိုင်ကိုဝင်တို-က်မိကာ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ ကားအတွင်း၌ညပ်နေခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြရာ ည ၈ နာရီခန့်တွင် အမျိုးသမီးဖြစ်သူနှင့် ည ၈ နာရီ ၅ မိနစ်ခန့်တွင် အမျိုးသားဖြစ်သူတို့အား ကယ်ထုတ်နိုင်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကယ်ထုတ်ပေးခဲ့ကြပြီးနောက် ထိခို-က်ဒဏ်ရာများရရှိထားသဖြင့် ဒို့ညီကိုတွဲလက်များလူမှုကူညီရေးအသင်းနှင့် ရွှေမေတ္တာလူမှုကူညီရေးအသင်းတို့မှ မြောက်ဥက္ကလာပဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
