Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeArticlesစိတ်ချဘေးကင်းတဲ့ အစားအစာတွေ စားသုံးခွင့်ရဖို့ဆိုရင်....

စိတ်ချဘေးကင်းတဲ့ အစားအစာတွေ စားသုံးခွင့်ရဖို့ဆိုရင်….

ကျွန်မတို့ အားလုံးဟာ အသက် ဆက်ရပ်တည်နိုင်ဖို့အတွက် နေ့စဉ်နဲ့ အမျှ အစားအစာတွေကို စားသုံးရပါ တယ်။ အဲဒီလိုစားသောက်ရတဲ့ အစားအစာတွေဟာ ကျန်းမာရေး အတွက် ဘယ်လောက်ထိ အထောက် အကူပြုနိုင်လဲ၊ အာဟာရဓာတ်တွေနဲ့ ကော ပြည့်စုံရဲ့လား ထည့်သွင်းစဉ်း စားဖို့ လိုပါတယ်။ မသန့်ရှင်းတဲ့ အစားအစာတွေ စားသောက်ရရင် ကျန်းမာရေးကိုပါ ထိခိုက်လာမှာ အမှန်ပါပဲ။

အစားအစာထုတ်လုပ်မှုမှာ လတ်ဆတ်မှု၊ ဓာတုပစ္စည်းအသုံးပြု မှု ကင်းလွတ်မှု၊ သန့်ရှင်းမှုတို့ဟာ အထူးပဲ အရေးကြီးပါတယ်။ စူပါ မားကတ်တွေမှာ အလွယ်တကူ ဝယ် ယူရရှိနိုင်တဲ့၊ ထုပ်ပိုးမှုလှပတဲ့ Ready Made (အရန်သင့်) အစား အစာတွေကို လူများစုက ဝယ်ယူ တတ်ကြပါတယ်။ ခေါက်ဆွဲခေါက် ထုပ်၊ ကြာဆံခြောက်ထုပ်၊ သစ်သီးယို ကနေ ကြက်အူချောင်း၊ ဝက်အူ ချောင်း၊ စည်သွတ်ဘူးတွေအထိပါဝင် ပါတယ်။ ဒါပေမဲ့ ဒီပစ္စည်းအများစု ဟာ တရုတ်နိုင်ငံကနေ ဝင်ရောက် လာတာဖြစ်ပါတယ်။ တချို့ခေါက် ဆွဲခြောက်ထုပ်၊ စည်သွတ်ဘူးတို့က တော့ ပြည်တွင်းမှာ ထုတ်လုပ်တာပါ။တူညီတဲ့အချက်ကတော့ တာရှည်ခံ အောင် ထုတ်လုပ်ထားတဲ့ပစ္စည်းတွေ မှာ “အာဟာရတန်ဖိုး”ရယ်လို့ မည် မည်ရရ မပါဝင်တာပါပဲ။

ဝယ်ယူသူတွေဟာ များသော အားဖြင့် “တံဆိပ်”ကိုကြည့်ပြီး ဝယ်ယူ တာဖြစ်ပြီး ပါဝင်ပစ္စည်း၊ ထုတ်လုပ် တဲ့ရက်စွဲနဲ့ ကုန်ဆုံးမယ့်ရက်စွဲတွေကို ဂရုစိုက်ပြီး မကြည့်ကြပါဘူး။ မိဘ တွေကလည်း ကိုယ့်ကလေးတွေ ဗိုက် ဆာရင် အာဟာရပြည့်ဝတဲ့ အစား အစာကျွေးမယ့်အစား လွယ်လင့်တ ကူ ခေါက်ဆွဲခြောက်ထုပ်ကို ပြုတ် ကျွေးတာ တွေ့ရပါတယ်။ ခေါက်ဆွဲ ခြောက်ထုပ်ကို နှစ်ရှည်လများ စား ရင် “ကင်ဆာရောဂါ”အထိ ဖြစ်ပွားနိုင် လို့ မစားတာအကောင်းဆုံးပါပဲ။ ဘာ ဖြစ်လို့လဲဆိုတော့ ခေါက်ဆွဲခြောက် မှာ ဖယောင်းတွေ သုံးစွဲထားလို့ပါ။

ကျွန်မတို့အနေနဲ့ ဟင်းသီးဟင်း ရွက်တွေ ဝယ်ယူတဲ့အခါမှာလည်း ကြီးထွားလွန်းတဲ့ အသီးအရွက်တွေ၊ အမြင်လှနေတဲ့ အသီးအရွက်တွေကို ရှောင်ရှားသင့်ပါတယ်။ စိုက်ပျိုးတဲ့ အချိန်မှာ အသီးအရွက်တွေ ထွား ကျိုင်းအောင် ဆေးဖျန်းတာတွေရှိ သလို ပိုးသတ်ဆေးတွေ၊ ဓာတ်မြေ ဩဇာတွေရဲ့ ဓာတ်ြွကင်းတွေ ရှိနေ လို့ပါ။ ပိုးသတ်ဆေးတွေဟာ တရုတ် ကနေ အများဆုံးဝင်လာတာဖြစ်လို့ တောင်သူတွေဟာ တရုတ်လို ရေး ထားပြီး ဘာတွေပါမှန်းမဖတ်တတ် ကြပါဘူး။ တောင်သူတွေကို ပိုးသတ် ဆေးနဲ့ ဓာတ်မြေဩဇာတွေကို အတိုင်းအဆမှန်မှန် သုံးစွဲနိုင်ဖို့ အစိုးရဘက်က ပညာပေးမှုတွေ ပြု လုပ်သင့်ပါတယ်။ ဒါကြောင့် ကိုယ် ဝယ်တဲ့ အသီးအရွက်မှာ ပိုးကိုက်ရာ လေးပါနေရင် ပိုးသတ်ဆေးသုံးစွဲမှု နည်းပါးတယ်လို့ ယူဆနိုင်ပါတယ်။

မကြော်မချက်မီမှာ ဂေါ်ဖီထုပ်၊ ရုံးပတီသီး၊ ပန်းမုန်လာတွေကို ဆား ရည်မှာ အနည်းဆုံး ၄၅ မိနစ်ထိ စိမ် ထားသင့်ပါတယ်။ ဗမာလူမျိုးတွေက ဒီအသီးအရွက်တွေကို တို့စရာအဖြစ် အစိမ်းစားရတာ နှစ်သက်ကြပါတယ်။ တို့စရာအဖြစ် စားချင်ရင်တောင် ရေ နွေးဖြောပြီး စားတာက ပိုကောင်းပါ တယ်။ နောက်တစ်ခု သတိပြုစရာက ငါးပိရည်ဖြစ်ပါတယ်။ ဆိုးဆေးပါတဲ့၊ တာရှည်ခံဆေးပါဝင်တဲ့ ငါးပိကို စား သုံးမိရင် အသည်းရောင်အသားဝါ ရောဂါဖြစ်ပွားနိုင်ပါတယ်။ ငါးပိရည် ထဲထည့်တဲ့ ငရုတ်သီးမှုန့်ရဲ့ သန့်ရှင်း လတ်ဆတ်မှုကိုလည်း မမေ့သင့်ပါ ဘူး။ မိုးရာသီမှာ သဘာဝအရကို ငရုတ်သီးဟာ မှိုတက်တတ်ပါတယ်။ ငရုတ်သီးမှုန့်ထုတ်လုပ်တဲ့ လုပ်ငန်း စဉ်မှာ မသန့်ရှင်းရင် မှိုတွေ တက်ပြီး အသည်းကင်ဆာဖြစ်ပွားနိုင်တဲ့ “အာ ဖလာတောက်ဆင်”မှိုတွေ ပါဝင်နိုင်ပါ တယ်။ ဈေးကွက်ထဲ ရောင်းချနေတဲ့ ငရုတ်သီးမှုန့် ၄၀ ရာခိုင်နှုန်းမှာ ဆိုး ဆေးတွေပါတွေ့ရတယ်ဆိုလို့ အထူး သတိပြုရှောင်ရှားရမှာပါ။

အခြေခံလူတန်းစားတွေဟာ အစားအစာစားသောက်ရာမှာ ဈေး သက်သာတာကို ဝယ်ယူစားသုံးမှာပါ ပဲ။ ဝိသမလောဘသားတွေက ပဲသွေး နဲ့ ပဲပြားမှာ လူသေကောင်တွေကို မပုပ်သိုးရာမှာသုံးတဲ့ “ဖော်မလင်”ကို သုံးပါတယ်။ FDA ကနေ ရန်ကုန်မြို့ က ဈေးတွေကို ရှောင်တခင်ဝင် ရောက်စစ်ဆေးရာမှာ ဖော်မလင် ပါဝင်တဲ့ ပဲသွေး၊ ပဲပြား အများအ ပြားတွေ့ရှိရလို့ ဒဏ်ရိုက်အရေးယူ ခဲ့တာတွေရှိပါတယ်။ ဒီနေရာမှာ ဖြစ် သင့်တာက ပဲသွေးပဲပြားထုတ်လုပ်တဲ့ ပင်ရင်းစက်ရုံကိုပါ သတိပေးမယ်၊ ဒဏ်ရိုက်မယ်၊ ဆက်လက်လုပ်ဆောင် နေရင် ပြစ်ဒဏ်ချမှတ်ရမှာပဲဖြစ်ပါ တယ်။

လမ်းဘေးမှာ အလွယ်တကူ ရောင်းချနေတဲ့ အသုပ်တွေဟာ သန့်ရှင်းမှုအားနည်းရုံသာမက တွဲ ဖက်စားသုံးဖို့ပေးတဲ့ အချဉ်ရည်ဘူး တွေ၊ ငရုတ်ဆီဘူးတွေဟာ လတ် ဆတ်မှုမရှိပါဘူး။ ဘယ်နှရက်ကြာ နေပြီမှန်းမသိတဲ့ ငရုတ်ဆီတွေကို စားသုံးမိရင် နောက်ဆက်တွဲအနေနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အသည်း ရောင် အသားဝါရောဂါတွေ ဖြစ်ပွား နိုင်လို့ အထူးသတိပြုသင့်ပါတယ်။ “ဖော်ဖလင်”ပါတဲ့ အစားအစာတွေရဲ့ အန္တရာယ်ကတော့ အာရုံကြောစနစ် အားနည်းတာ၊ မူးဝေတာ၊ ကိုယ်ဝန် ဆောင်မိခင်တွေမှာ သားပျက်သား လျှောတဲ့အထိ ဖြစ်နိုင်ပါတယ်။ အသားကင်တွေ၊ ငါးကင်တွေကို မီး ပြင်းပြင်းနဲ့ ကင်ရာကနေ ကင်ဆာ ဖြစ်စေနိုင်တဲ့ “ကာစီနိုဂျင်ဒြပ်ပေါင်း” တွေ ထွက်ပေါ်လာပါတယ်။ ဒါ ကြောင့် ကျက်အောင် အသေအချာ ချက်ပြုတ်ထားတဲ့ အသား၊ ငါးဟင်း တွေကလွဲလို့ အကင်တွေကို ရှောင် တာ အကောင်းဆုံးပါပဲ။

အိမ်ရှင်မတွေ ချက်ပြုတ်ရာမှာ “အချိုမှုန့်”ကို လျှာအလိုလိုက်ပြီး မသုံး သင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အချိုမှုန့်ရဲ့ အန္တရာယ်ကို သိမြင်လို့ ထုတ်လုပ်တဲ့ ထိုင်းနဲ့ ဂျပန်မှာတောင် မစားသုံးကြပါဘူး။ အချိုမှုန့်ကို နှစ် ရှည်လများ စွဲစွဲမြဲမြဲသုံးစွဲရင် မျက်စေ့ အမြင် မှုန်ဝါးမှု၊ သွေးတိုးရောဂါ၊ ဇက်ကြောတက်ခြင်းကနေ မှတ်ဥာဏ် ဆုံးရှုံးမှုအထိ ဖြစ်နိုင်ပါတယ်။ ပဲနီ လေး၊ ပဲဝါလေးတွေမှာလည်း အဝတ် အထည်ဆေးဆိုးရာမှာ အသုံးပြုတဲ့ ဆိုးဆေးတွေကို အသုံးပြုထားတာ ရှိ ပါတယ်။ ပဲအားလုံးမဟုတ်ပေမယ့် ဆေးဆိုးထားတဲ့ပဲတွေ စားမိရင် ဝမ်း ပျက်ဝမ်းလျှောတာကနေ အစာအ ဆိပ်သင့်တဲ့အထိ ဖြစ်ပွားနိုင်ပါတယ်။ ဒါ့အပြင် တချို့ပဲအမျိုးအစားတွေမှာ ပိုးသတ်ဆေးဓာတ်ြွကင်းတွေ ကပ်ငြိ နေပါတယ်။

အစားအစာဘေးကင်းစိတ်ချရ ရေးဟာ တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်လို့ ပေါ့ပေါ့တန်တန်သဘော မထားစေချင်ပါဘူး။ ၂၀၁၃ ခုနှစ် ဩဂုတ်လထဲမှာ အမျိုးသားအစား အသောက်ဥပဒေကို ပြင်ဆင်တဲ့ ဥပ ဒေထွက်ပေါ်လာခဲ့ပြီး ပုဒ်မ (၂၂) မှာ စားသုံးသူကို ဘေးဖြစ်စေတဲ့ အစားအသောက်၊ အစားအသောက် ထပ်ဖြည့်ပစ္စည်းကို သတ်မှတ်ချက် ထက် ပိုအသုံးပြုထားတဲ့ အစား အသောက်၊ ပုပ်သိုး၊ ပျက်စီးစေတဲ့ ပစ္စည်းပါရှိတဲ့ အစားအသောက်စံမမီ အစားအသောက်၊ လိုင်စင်ထုတ်ပေး ပိုင်ခွင့်ရှိတဲ့ သက်ဆိုင်ရာအစိုးရဌာန (ဒါမှမဟုတ်)အဖွဲ့အစည်းက သတ် မှတ်တဲ့အချက်အလက်တွေ မပါရှိတဲ့ အစားအသောက်တွေကို ထုတ်လုပ်၊ ရောင်းချမှုကို တားမြစ်ထားပါတယ်။ ပုဒ်မ (၂၈)မှာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၃ နှစ်၊ သုံးသိန်းထက် မပိုတဲ့ ငွေဒဏ် (ဒါမှမဟုတ်) ဒဏ် နှစ်ရပ်စလုံးချမှတ်နိုင်တယ်လို့ ဖော်ပြ ထားပါတယ်။

ပြင်းထန်ထိရောက်တဲ့ ပြစ်ဒဏ် တွေ မချမှတ်သရွေ့ ပြည်သူတွေဟာ ဘေးမကင်းတဲ့ အစားအသောက်တွေ စားရင်း ရောဂါတွေ ဝယ်ယူနေရဦး မှာပါ။ ဒါကြောင့် ပြဋ္ဌာန်းထားတဲ့ အတိုင်း ဥပဒေအသက်ဝင်အောင် ကြိုးစားရင်း ဝိသမလောဘသားတွေ ကို အရေးယူဖို့ အစိုးရမှာ တာဝန်ရှိ ပါကြောင်း ထောက်ပြရေးသားလိုက် ရပါတယ်။ ။

သွေး (စစ်ကိုင်း)

Ads Space Available


Continue reading

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့ မေ ၅ ရက်က မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မြဝတီမြို့ဝန်းကျင်ရှိဆိုဒ်များအတွင်းသို့ တ ရားမဝင်ဝင်ရောက်နေခဲ့သည့် ဘူရွန်ဒီနိုင်ငံသား(၄)ဦး၊ ကင်ညာနိုင်ငံသား(၃)ဦးနှင့် ယူဂန်ဒါနိုင်ငံသား(၁)ဦးတို့ကိုဘည်း ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတမှာကြား

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှောဖလှယ်ပွဲများနှင့် လူငယ်များကိုဘက်ပေါင်းစုံ ထူးချွန်စေမည့်၊ ဗလငါးတန်ပြည့်ဝစေမည့် လှုပ်ရှားမှုများကျင်းရန်မှာကြားသည်။ " မိမိတို့နိုင်ငံကိုကဏ္ဍစုံဖွံ့ဖြိုးတိုးတက်တဲ့...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့အင်အားနဲ့ တည် ဆောက်ရပါတယ်။ လူငယ်တိုင်းဟာ နိုင်ငံကိုဦးဆောင်နိုင်သူမဖြစ်ပေမယ့် လူငယ်အားလုံးဟာ နိုင်ငံတော်အနာဂတ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေဘဲဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန်လူရည်မွန်များပေါ်ထွက်လာရန် လူငယ်ကဏ္ဍနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071