Friday, June 12, 2026

မြဝတီမြို့တွင် တောင်းရမ်းစားသောက်နေသူများအား ခံဝန်ထိုးခိုင်းပြီးနယ်နှင်ဒဏ်ပေးကာ နေရပ်များထံပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ လူစည်ကားရာနေရာများ ၌ တောင်းရမ်းစားသောက်နေသူများအား မြို့တာဝန်ရှိသူများက နယ်နှင်ဒဏ်ပေးပြီး နေရပ်များထံပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ တောင်းရမ်းစားသောက်နေသူများသည် အနယ်နယ်အရပ်ရပ်မှ မြဝတီမြို့သို့ရောက်ရှိလာပြီးအ ခြေချနေထိုင်ကာ...

အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်‌လို့ ရေနံဈေးမြင့်တက်လာ

အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်ခဲ့ပြီးနောက်မှာ၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ခါတမ် အာလ်-အန်ဘီယာ ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်အရ အီရန်အစိုးရဟာ ဟော်မုဇ်ရေလက်ကြား...

လူမှုကွန်ယက်ပေါ် ဝေဖန်မှု မြင့်တက်ခဲ့သည့် မန္တလေးက...

မန္တလေးမြို့၏ နေ့ခင်းအချိန်၌ပင် ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးကို လုယက်မှုကျူးလွန်သူ တရားခံများကို ဖမ်းမိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ သတင်းအရ သိရသည်။ ထိုလုယက်ခံရသည့် ရုပ်သံဖိုင်သည် လူမှုကွန်ယက်ပေါ် ဝေဖန်မှု မြင့်တက်ခဲ့ပြီး...

Ayeyawady FC Women အသင်း၏...

ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု Ayeyawady FC Women အမျိုးသမီးဘောလုံးအသင်းနှင့် ရန်ကုန်မြို့၏ အ များပြည်သူသယ်ယူပို့ဆောင်ရေးလုပ် ငန်းတစ်ခုဖြစ်သော Golden Yangon City Transportation...
HomeNewsLocal Newsစားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ကျပ် ၂၀၀...

စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ကျပ် ၂၀၀ နီးပါးကျဆင်းလာ

ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ယခင်ပြီးခဲ့သည့်တစ်ပါတ်ထက် ကျပ် ၂၀၀ နီးပါး ကျဆင်းလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ သိရသည်။

အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ မတ်လ ၂၈ ရက်မှ ဧပြီလ ၂ ရက်အထိ တစ်ပိဿာ ၄၄၄၀ ကျပ်သတ်မှတ်ထားကြောင်း၊ ပြီးခဲ့သည့်တစ်ပါတ်တွင် တစ်ပိဿာ ၄၆၃၅ ကျပ်ဖြစ်ပြီး ယခင်ထက် ၁၉၅ ကျပ် ကျဆင်းလာခြင်းဖြစ်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ အဓိကထုတ်လုပ်တင်ပိုသည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတိုတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

ယင်းအပြင် ပြင်ပဈေးကွက်တွင်လည်း တစ်ပိဿာ ၆၅၀၀ ဝန်းကျင်အထိကျဆင်းလာကြောင်း ရောင်းချသူများထံမှ သိရသည်။

ယင်းအပြင် ရောင်းချသူများအနေဖြင့် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြဝတီမြို့တွင် တောင်းရမ်းစားသောက်နေသူများအား ခံဝန်ထိုးခိုင်းပြီးနယ်နှင်ဒဏ်ပေးကာ နေရပ်များထံပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ လူစည်ကားရာနေရာများ ၌ တောင်းရမ်းစားသောက်နေသူများအား မြို့တာဝန်ရှိသူများက နယ်နှင်ဒဏ်ပေးပြီး နေရပ်များထံပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ တောင်းရမ်းစားသောက်နေသူများသည် အနယ်နယ်အရပ်ရပ်မှ မြဝတီမြို့သို့ရောက်ရှိလာပြီးအ ခြေချနေထိုင်ကာ လူစည်ကားရာနေရာများ၌ မြို့အင်္ဂါ ရပ်နှင့်မလျော်ညီစွာ တောင်းရမ်းစားသောက်နေကြသဖြင့် ယနေ့ ဇွန် ၁၁ ရက်တွင် မြဝတီမြို့၊ ဘုရင့်နောင်ဈေးကုန်းလမ်းဆုံမီးပွိုင့်၊ ရွှေမြင်းဝန်စေတီတော်ဘုရားကြီးမီးပွိုင့်နေရာတို့၌ တောင်းရမ်းနေသူများအား မြို့တာဝန်ရှိသူများက အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ခံဝန်လက်မှတ်ရေးထိုးစေပြီးနောက် နေရပ်အသီးသီးသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ " မြို့ရဲ့ပုံရိပ်ကို ထိခိုက်စေတဲ့အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့လမ်းညွှန်မှုနဲ့ အလိုလုပ်ဆောင်တာပါ။ ဒီနေ့အထိ (၁၆)ယောက်ရှိပြီ။ သူတို့ဌားနေတဲ့ တိုက်ခန်း တန်းလျားပိုင်ရှင်တွေကိုလဲ...

အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်‌လို့ ရေနံဈေးမြင့်တက်လာ

အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်ခဲ့ပြီးနောက်မှာ၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ခါတမ် အာလ်-အန်ဘီယာ ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်အရ အီရန်အစိုးရဟာ ဟော်မုဇ်ရေလက်ကြား တစ်လျှောက် ဖြတ်သန်းသွားလာမှု အားလုံးကို ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်(CENTCOM) ကတော့ ကုန်သွယ်ရေးသင်္ဘောတွေဟာ ဟော်မုဇ်ရေလက်ကြားအတွင်းကို ပုံမှန်အတိုင်းပဲ အဝင်အထွက် ဖြတ်သန်းသွားလာနေကြတုန်းပဲလို့ ပြောဆိုထားပါတယ်။ ဒီရေလက်ကြားနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်တွေကြောင့် လန်ဒန်အခြေစိုက် ICE ရောင်းဝယ်ရေးဌာနမှာ ဘရန့် (Brent) ရေနံစိမ်းဈေးနှုန်းတွေဟာ ၁.၉ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပါတယ်။ နောက်ဆုံးဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး...

လူမှုကွန်ယက်ပေါ် ဝေဖန်မှု မြင့်တက်ခဲ့သည့် မန္တလေးက ဆိုင်ကယ်လုယက်မှုကျူးလွန်သူ တရားခံများကို ဖမ်းမိ

မန္တလေးမြို့၏ နေ့ခင်းအချိန်၌ပင် ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးကို လုယက်မှုကျူးလွန်သူ တရားခံများကို ဖမ်းမိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ သတင်းအရ သိရသည်။ ထိုလုယက်ခံရသည့် ရုပ်သံဖိုင်သည် လူမှုကွန်ယက်ပေါ် ဝေဖန်မှု မြင့်တက်ခဲ့ပြီး သုံးရက်အကြာတွင် ကျူးလွန်ခဲ့သည့် တရားခံလေးဦးကို ဖမ်းမိခြင်း ဖြစ်သည်။ အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် (ပ) ၈၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ မဟာအောင်မြေခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ဒုရဲမှူး လွင်အောင် ဦးစီးသည့် ပူးပေါင်းအဖွဲ့က လိုက်လံစုံစမ်းခဲ့ခြင်းဖြစ်သည်။ စုံစမ်းချက်အရ ဇွန်လ ၉ ရက်နေ့ နေ့လယ် ၃ နာရီခွဲခန့်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071