Good Morning အမှတ်တံဆိပ်ဟာဆိုရင် မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၂၈)နှစ်ကျော် အခိုင်အမာ ရပ်တည်လာခဲ့တဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့အပြင် “လတ်ဆတ်သန့်ရှင်း.. ဂွတ်မောနင်း” ဆောင်ပုဒ်နှင့်အညီ အရည်သွေးပြည့်မှီသောကုန်ကြမ်းများကို အသုံးပြုကာ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် ပေါင်မုန့်၊ ကိတ်မုန့်များကို စားသုံးသူမိဘပြည်သူများအတွက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးနေသော ကုမ္ပဏီကြီး တစ်ခုဖြစ်ပါသည်။
L&M Mayson Co., Ltd. (Good Morning) အမှတ်တံဆိပ်သည် စားသုံးသူမိဘပြည်သူများရဲ့ ကျန်းမာရေးကိုအစဉ်ရှေးရှူသည့် အမှတ်တံဆိပ်တစ်ခုဖြစ်သည့်အတွက် ယခုအခါတွင် စားသောက်ကုန် အမှတ်တံဆိပ်ကုမ္ပဏီများ နှင့် ထုတ်လုပ်သူများ အတွက် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ဖြစ်တဲ့ HACCP Certificate ကို မေလ (၁၃)ရက်၊ ၂၀၂၄ နေ့တွင် ဂုဏ်ယူစွာဖြင့်လက်ခံရရှိခဲ့ပါသည်။ ကုန်ပစ္စည်း ထုတ်လုပ်မှုပိုင်းနှင့် ပတ်သက်ပြီး Good Morning အနေဖြင့် HACCPမှ ချမှတ်ထားသော စည်းကမ်းချက်များ၊ နိုင်ငံတကာ စံချိန်စံညွှန်း များကို အလေးထားပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ Good Morning အနေဖြင့် အခြားသော ပြည်တွင်းရှိ အစားအသောက်နဲ့ ဆေး၀ါးကွပ်ကဲရေးဥ◌ီးစီးဌာန အသိအမှတ်ပြု အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်လက်မှတ် (FDA) ကို ၁၉၉၇ ခုနစ်တွင် လည်းကောင်း၊ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ဖြစ်သည့် ISO -9001 လက်မှတ်များကိုလည်း ၂၀၁၆ ခုနစ်ကတည်းက ရရှိထားပြီးဖြစ်ပါသည်။
HACCP စနစ်ဟာဆိုရင် အစားအစာများထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ဖြစ်ပေါ်စေနိုင်သည့် အန္တရာယ်များကို ဖော်ထုတ်နိုင်စေရန်၊ ထိန်းချုပ်ရန်နဲ့ စောင့်ကြည့်စစ်ဆေးရန်အတွက်ဖြစ်ပြီး အစားအစာဘေးကင်းလုံခြုံရေး (Food Safety) အတွက်လည်း ကြိုတင်ကာကွယ်မှုနည်းလမ်းများကို ထောက်ပြလမ်းညွှန် ပံ့ပိုးပေးနိုင်တဲ့ စီမံခန့်ခွဲမှုစနစ်တခု ဖြစ်ပါတယ်။
ထို့ကြောင့် စားသုံးသူမိဘပြည်သူများအနေနဲ့ နေ့စဉ်စားသုံးနေတဲ့ အစားသောက်ရွေးချယ်မှုတွင် ကျန်းမာရေးနှင့် ညီညွတ်ပြီး Food Safety ဖြစ်စေတဲ့ အစားသောက်များကို နည်းစနစ်မှန်ကန်စွာ ရွေးချယ်ဝယ်ယူစားသုံးပြီး ပိုမိုကျန်းမာတဲ့ အနာဂါတ်နေ့ရက်တွေကို ပိုင်ဆိုင်ပါစေလို့ Good Morning မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။








