Monday, August 3, 2026

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES...

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က...

International Youth Day 2026...

ရန်ကုန်၊ ဩဂုတ် ၃ International Youth Day 2026 အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်ပြသရန်နှင့် လူငယ်ထုကြား အမှန်တကယ် လိုအပ်နေသည့်...

အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ် (Asian Science...

ရန်ကုန်၊ ဩဂုတ် ၃ တရုတ်နိုင်ငံ၊ ဟောင်ကောင်တက္ကသိုလ်၌ ဩဂုတ် ၂ ရက်မှ ၈ ရက်အထိ ကျင်းပမည့် (၁၆) ကြိမ်မြောက် အာရှသိပ္ပံစခန်းချနေထိုင်ခြင်း...
HomeNewsLocal Newsစားသောက်ကုန်အချို့အပါအဝင်မော်တော်ယာဉ်အပိုပစ္စည်းအချို့နှင့် ကုန်စည်လိုင်း၈၀၀ကျော် မတ်လ၁ရက်နေ့ကစပြီး...

စားသောက်ကုန်အချို့အပါအဝင်မော်တော်ယာဉ်အပိုပစ္စည်းအချို့နှင့် ကုန်စည်လိုင်း၈၀၀ကျော် မတ်လ၁ရက်နေ့ကစပြီး သွင်းကုန်လိုင်စင်လျှောက်ထားကြရမည်

(Unicode)

စားသောက်ကုန်အချို့အပါအဝင်မော်တော်ယာဉ်အပိုပစ္စည်းအချို့နှင့် ကုန်စည်လိုင်း၈၀၀ကျော် မတ်လ၁ရက်နေ့ကစပြီး သွင်းကုန်လိုင်စင်လျှောက်ထားကြရမည်

H.S Code 10 digit ကုန်စည်လိုင်း (၈၂၆) လိုင်းကို MACCS စနစ်တွင် setting ပြောင်းလဲထားရှိခဲ့ပြီး ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနကသိရသည်။

နစက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ (၂၅-၁-၂၀၂၂) ရက်နေ့ကကြေညာသည့် ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ(၁/၂၀၂၂) အရ စားသောက်ကုန်အချို့၊ ပလတ်စတစ်အခြေခံ တစ်ဝက်တစ်ပျက် ကုန်ချောပစ္စည်းနှင့် အိမ်သုံးပစ္စည်းအချို့၊ သစ်သားပျော့ဖတ်၊ ပိုးချည်၊ ဝါချည်၊ ကော်ဇော ကဲ့သို့သော ကြမ်းခင်း များ၊ ချည်ထည်ပစ္စည်း၊ ဖန်ထည်ပစ္စည်းအမျိုးမျိုး၊ စက်ဘီးနှင့် မော်တော်ယာဉ်အပိုပစ္စည်းများပါဝင်သည့် 2017 Customs Tariff of Myanmar အရ H.S Code 10 digit ကုန်စည်လိုင်း (၈၂၆) လိုင်းကို သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုအပ်သော ကုန်စည်လိုင်းအဖြစ် (၁-၃-၂၀၂၂) ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်သတ်မှတ်ခဲ့ရာ လိုအပ်သည့် ဆောင်ရွက်ချက်များအား အကောက်ခွန်ဦးစီးဌာနက ဆောင်ရွက်လိုက်ခြင်းဖြစ်သည်ဟုသိရသည်။

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၁/၂၀၂၂) အရ သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော H.S လိုင်း (၈၂၆) လိုင်းအား စတင် အကျိုးသက်ရောက်စေမည့် (၁-၃-၂၀၂၂)ရက်နေ့ မတိုင်မီ တင်သွင်းခဲ့သော ကြိုတင် သွင်းကုန်ကြေညာလွှာ (Preliminary Declaration) များသည် အဆိုပါ H.S လိုင်းများ အသုံးပြုထားပြီးဖြစ်ပါက H.S လိုင်းကြောင့် Error (E0030) ဖြစ်ခဲ့လျှင် IDD Service ကို ပြန်လည်ခေါ်ယူ၍ လိုင်စင်ဖြတ်တောက်ခြင်းလုပ်ငန်း (JTB/JTA Service) ဆောင်ရွက်ကာ IDC Service ပြန်လည်ဆောင်ရွက်ရမည်ဟုလည်း ကုန်သည်များအား အကောက်ခွန်ဦးစီးဌာနက ယခုရက်ထဲ အသိပေးကြေညာထားသည်ဟုလည်းသိရသည်။

(၁-၃-၂၀၂၂) ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည့် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော H.S လိုင်း (၈၂၆) လိုင်းနှင့် ပတ်သက်၍ လိုင်စင် ကြိုတင် သတိပြု လျှောက်ထားရယူနိုင်ပါရန်နှင့် အခက်အခဲ တစ်စုံတစ်ရာရှိပါက ရုံးဖွင့်ရက်များတွင် Help Desk Section (01-379429) သို့ ဆက်သွယ်မေးမြန်း အကူညီတောင်းခံနိုင်ပါကြောင်း အကောက်ခွန်ဦးစီးဌာနကသိရသည်။

(Zawgyi)

စားေသာက္ကုန္အခ်ိဳ႕အပါအဝင္ေမာ္ေတာ္ယာဥ္အပိုပစၥည္းအခ်ိဳ႕ႏွင့္ ကုန္စည္လိုင္း၈၀၀ေက်ာ္ မတ္လ၁ရက္ေန႔ကစၿပီး သြင္းကုန္လိုင္စင္ေလွ်ာက္ထားၾကရမည္

H.S Code 10 digit ကုန္စည္လိုင္း (၈၂၆) လိုင္းကို MACCS စနစ္တြင္ setting ေျပာင္းလဲထားရွိခဲ့ၿပီး ျဖစ္ေၾကာင္း အေကာက္ခြန္ဦးစီးဌာနကသိရသည္။

နစက စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ကုန္သြယ္ေရးဦးစီးဌာန၏ (၂၅-၁-၂၀၂၂) ရက္ေန႔ကေၾကညာသည့္ ပို႔ကုန္သြင္းကုန္ႏွင့္ပတ္သက္သည့္ သတင္းလႊာ(၁/၂၀၂၂) အရ စားေသာက္ကုန္အခ်ိဳ႕၊ ပလတ္စတစ္အေျခခံ တစ္ဝက္တစ္ပ်က္ ကုန္ေခ်ာပစၥည္းႏွင့္ အိမ္သုံးပစၥည္းအခ်ိဳ႕၊ သစ္သားေပ်ာ့ဖတ္၊ ပိုးခ်ည္၊ ဝါခ်ည္၊ ေကာ္ေဇာ ကဲ့သို႔ေသာ ၾကမ္းခင္း မ်ား၊ ခ်ည္ထည္ပစၥည္း၊ ဖန္ထည္ပစၥည္းအမ်ိဳးမ်ိဳး၊ စက္ဘီးႏွင့္ ေမာ္ေတာ္ယာဥ္အပိုပစၥည္းမ်ားပါဝင္သည့္ 2017 Customs Tariff of Myanmar အရ H.S Code 10 digit ကုန္စည္လိုင္း (၈၂၆) လိုင္းကို သြင္းကုန္လိုင္စင္ ေလွ်ာက္ထားရန္လိုအပ္ေသာ ကုန္စည္လိုင္းအျဖစ္ (၁-၃-၂၀၂၂) ရက္ေန႔တြင္ စတင္အက်ိဳးသက္ေရာက္မည္ျဖစ္ေၾကာင္း ထုတ္ျပန္သတ္မွတ္ခဲ့ရာ လိုအပ္သည့္ ေဆာင္႐ြက္ခ်က္မ်ားအား အေကာက္ခြန္ဦးစီးဌာနက ေဆာင္႐ြက္လိုက္ျခင္းျဖစ္သည္ဟုသိရသည္။

ပို႔ကုန္သြင္းကုန္ႏွင့္ပတ္သက္သည့္ သတင္းလႊာ (၁/၂၀၂၂) အရ သြင္းကုန္လိုင္စင္ေလွ်ာက္ထားရန္ လိုအပ္ေသာ H.S လိုင္း (၈၂၆) လိုင္းအား စတင္ အက်ိဳးသက္ေရာက္ေစမည့္ (၁-၃-၂၀၂၂)ရက္ေန႔ မတိုင္မီ တင္သြင္းခဲ့ေသာ ႀကိဳတင္ သြင္းကုန္ေၾကညာလႊာ (Preliminary Declaration) မ်ားသည္ အဆိုပါ H.S လိုင္းမ်ား အသုံးျပဳထားၿပီးျဖစ္ပါက H.S လိုင္းေၾကာင့္ Error (E0030) ျဖစ္ခဲ့လွ်င္ IDD Service ကို ျပန္လည္ေခၚယူ၍ လိုင္စင္ျဖတ္ေတာက္ျခင္းလုပ္ငန္း (JTB/JTA Service) ေဆာင္႐ြက္ကာ IDC Service ျပန္လည္ေဆာင္႐ြက္ရမည္ဟုလည္း ကုန္သည္မ်ားအား အေကာက္ခြန္ဦးစီးဌာနက ယခုရက္ထဲ အသိေပးေၾကညာထားသည္ဟုလည္းသိရသည္။

(၁-၃-၂၀၂၂) ရက္ေန႔တြင္ စတင္အက်ိဳးသက္ေရာက္မည့္ သြင္းကုန္လိုင္စင္ေလွ်ာက္ထားရန္ လိုအပ္ေသာ H.S လိုင္း (၈၂၆) လိုင္းႏွင့္ ပတ္သက္၍ လိုင္စင္ ႀကိဳတင္ သတိျပဳ ေလွ်ာက္ထားရယူႏိုင္ပါရန္ႏွင့္ အခက္အခဲ တစ္စုံတစ္ရာရွိပါက ႐ုံးဖြင့္ရက္မ်ားတြင္ Help Desk Section (01-379429) သို႔ ဆက္သြယ္ေမးျမန္း အကူညီေတာင္းခံႏိုင္ပါေၾကာင္း အေကာက္ခြန္ဦးစီးဌာနကသိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES မှ သုံးရက်ကြာ သင်တန်းပြုလုပ်မည်

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES) က သဘာဝပတ်ဝန်းကျင်အရေး၊ အလင်းညစ်ညမ်းမှု (Light Pollution) နှင့် အာကာသခရီးသွားလုပ်ငန်း (Astrotourism) တို့အပေါ် ကျိုးကြောင်းခိုင်လုံစွာ ဆွေးနွေးလိုသည့် စိတ်အားထက်သန်သော လူငယ်များအတွက် သုံးရက်ကြာ အခမဲ့သင်တန်း ပြုလုပ်မည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ သင်တန်းတွင် အလင်းညစ်ညမ်းမှုနှင့် ဂေဟစနစ် ထိခိုက်မှုများ၏ အခြေခံသဘောတရားများ၊ ရှုပ်ထွေးမှုများနှင့် လက်တွေ့အသုံးချမှုများကို Public...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ နေပြည်တော် ဩဂုတ် ၃

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။

International Youth Day 2026 အတွက် အသိပညာပေး ဗီဒီယိုပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်၊ ဩဂုတ် ၃ International Youth Day 2026 အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်ပြသရန်နှင့် လူငယ်ထုကြား အမှန်တကယ် လိုအပ်နေသည့် အသိပညာပေး အကြောင်းအရာများကို ဗီဒီယိုပြိုင်ပွဲအဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း Myanmar Youth Stars Official Facebook စာမျက်နှာမှတစ်ဆင့် အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ ပြိုင်ပွဲတွင် ဖုန်း၊ ကင်မရာ သို့မဟုတ် AI နညာများကို အသုံးပြု၍ နည်းလမ်းပေါင်းစုံဖြင့် ဖန်တီးယှဉ်ပြိုင်နိုင်ပြီး ဗီဒီယို ကြာမြင့်ချိန်ကို အနည်းဆုံး ၁ မိနစ်ခွဲမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071