Saturday, May 9, 2026

၂၀၂၆ ကမ္ဘာ့ဖလားသီချင်း ‘Dai Dai’...

ကမ္ဘာ့ဖလားသီချင်းများ၏ ဘုရင်မဟု တင်စားရမည့် ကိုလံဘီယာအဆိုတော် ရှာကီရာ (Shakira) သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်သီချင်းဖြစ်လာမည့် “Dai Dai"...

မြန်မာနိုင်ငံဒေသအချို့၌ မြင်တွေ့ခဲ့ရသည့် အလင်းတန်းမှာ အိန္ဒိယဒုံးပျံလွှတ်တင်မှုကြောင့်...

ယမန်နေ့ မေလ (၈) ရက် မြန်မာစံတော်ချိန် ည (၇) နာရီခွဲဝန်းကျင်ခန့်တွင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေရာအချို့၌ ကောင်းကင်ယံတွင် ထူးခြားသော...

ရန်ကုန်စတော့အိတ်ချိန်းတွင် မေလပထမပတ်အတွင်း ရှယ်ယာစောင်ရေ ၆၇,၀၀၀...

ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ မေလပထမပတ်အတွင်း စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုမှာ ကျပ်သန်း ၃၄၀ ကျော် တန်ဖိုးရှိသည့် ရှယ်ယာအစောင်ရေ ၆၇,၀၀၀ ကျော်အထိ...

မန္တလေးရှိ သုသာန်များတွင် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်

မန္တလေးမြို့ရှိ သုသာန်များတွင် စက်သုံးဆီအခက်အခဲများကြောင့် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ထိုသို့တိုးမြှင့်ကောက်ခံမှုသည် ယနေ့ (မေ ၉) တွင် စတင်ခဲ့ပြီ ဖြစ်ကြောင်းလည်း...
HomeArticlesစာပေအယ်ဒီတာ တစ်ဦး ၏...

စာပေအယ်ဒီတာ တစ်ဦး ၏ အယ်ဒီတာ့ ပညာ မဟေသီမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ ဆရာဝင်းသူရ နှင့် တွေ့ဆုံခြင်း

မြန်မာ့စာပေလောကမှာ သူ့ ခေတ်နဲ့သူ မဂ္ဂဇင်းများကို အယ်ဒီ တာ့ပညာနဲ့ တည်ထောင်ခဲ့ကြသူတွေ ရှိကြပါတယ်။ ဂန္ဓလောကမဂ္ဂဇင်းနဲ့ ဒဂုန်မဂ္ဂဇင်းတို့မှသည် ရှုမဝမဂ္ဂဇင်း၊ မိုးဝေမဂ္ဂဇင်း၊ သွေးသောက်မဂ္ဂဇင်း တို့အလယ် မဟေသီမဂ္ဂဇင်း၊ ပန်းဝေ သီမဂ္ဂဇင်း၊ ရွှေသမင်မဂ္ဂဇင်း၊ မြား နတ်မောင်မဂ္ဂဇင်း၊ ပေဖူးလွှာ မဂ္ဂဇင်း၊ ရွှေအမြုတေမဂ္ဂဇင်းတို့ အဆုံးထိ မဂ္ဂဇင်းတစ်ခေတ်မှာ အယ်ဒီတာပညာရပ်များနဲ့ စာပေ မှတ်တိုင်ထူထောင်နိုင်ခဲ့ကြပါတယ်။ ဒါကြောင့် မဟေသီမဂ္ဂဇင်း တစ် ခေတ်ကို ထူထောင်ပြီး စာပေလောက မှာ အယ်ဒီတာပညာရပ်နဲ့ အောင်မြင် ထင်ရှားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ မဟေသီမဂ္ဂဇင်းအယ်ဒီတာ ဦးခင် မောင်မြင့်က အစပြုကာ ဒီနေ့ထက် တိုင် မဟေသီမဂ္ဂဇင်းကို ရပ်တည်နိုင် အောင် စာပေအနုပညာ ပုံဖော် မွမ်းမံကာ ဆက်လက်စွမ်းဆောင်ကြိုး ပမ်းနေတဲ့ တာဝန်ခံအယ်ဒီတာ ဆရာဝင်းသူရနဲ့ တွေ့ဆုံပြီး ဆရာ့ရဲ့ အယ်ဒီတာဘဝဖြတ်သန်း ဖြစ်ခဲ့ပုံ နဲ့ စာပေအယ်ဒီတာတစ်ဦးရဲ့ အယ်ဒီတာ့ပညာအကြောင်းတွေကို မေးမြန်းထားပါတယ်။

ဆရာ မင်္ဂလာပါ။ ဆရာ့ရဲ့ အယ်ဒီ တာ ဘဝဖြတ်သန်းဖြစ်ခဲ့ပုံများကို ပြောပြပေးပါ ဆရာ။ ဘယ်နှခုနှစ်က အယ်ဒီတာ စဖြစ်တာလဲ။ အယ်ဒီ တာဖြစ်အောင် ပညာ ဘယ်လိုသင် ယူခဲ့ရလဲ။ အယ်ဒီတာစဖြစ်တဲ့ ခံစား ချက်များကို ပြောပြပေးပါ ဆရာ။

၁၉၈၆ ခုနှစ်၊ ဆရာဦးဝင်းခက် ဦးစီးလုပ်ကိုင်တဲ့ ‘ပန်မဂ္ဂဇင်း’မှာ ဝိုင်း တော်သားတစ်ဦးအနေနဲ့ စတင်လုပ် ကိုင်ရင်း အယ်ဒီတာစည်းဝိုင်းထဲကို ဝင်ရောက်ခဲ့တာပါ။ အယ်ဒီတာတွေ က ဆရာမြတ်ဆွေ (ဒေးဒရဲမြတ်ဆွေ) နဲ့ ကဗျာအယ်ဒီတာက ဆရာမုံရွာ အောင်ရှင် (ယခု NLD ဗဟိုပြန်ကြား ရေး)တို့ဖြစ်ကြပါတယ်။ စာမူရွေးချယ် တည်းဖြတ်ခြင်းနဲ့ Print Media လုပ် ငန်းကိုပါ သင်ကြားတတ်မြောက်ခဲ့ပါ တယ်။
အယ်ဒီတာကောင်းတစ်ဦးဖြစ်ဖို့ ဘာ တွေ သိထား၊ တတ်ထားသင့်လဲ ဆရာ။

မိမိလက်ထဲရောက်လာတဲ့ စာမူ တစ်ပုဒ်ကို ရွေး (သို့မဟုတ်)ပယ်ဖို့ အရည်အချင်းလိုပါတယ်။ အဓိကက တော့ မိမိတာဝန်ယူရတဲ့ မဂ္ဂဇင်း၊ ဂျာနယ်မှာ စာဖတ်ပရိသတ် ဖတ် ပျော်တဲ့ စာတစ်ပုဒ်ကို ရွေးလိုက်ဖို့ ပါပဲ။

စာရေးတတ်ရုံ၊ ကဗျာရေးတတ်ရုံနဲ့ အယ်ဒီတာဖြစ်လို့ရသလား၊ စာမရေး တတ်၊ ကဗျာမရေးတတ်လည်း အယ် ဒီတာလုပ်လို့ရလား။ ဘယ်လိုလူမျိုး ကို အယ်ဒီတာလို့ ခေါ်ဆိုလို့ရမလဲ။

အယ်ဒီတာဆိုတာကတော့ သူ့ တာဝန်က စာကောင်းရွေးချယ်ဖော် ပြတတ်ဖို့ပဲဆိုတော့ သူကိုယ်တိုင် စာ ရေးဆရာဖြစ်စေ …ကဗျာဆရာ ဖြစ်စေ သို့မဟုတ် စာမရေးတတ်သူ ဖြစ်စေလုပ်လို့ရပါတယ်။ ဒါပေမဲ့ စာ ပေအမျိုးအနွယ်မဟုတ်ရင် နိစ္စဓူဝ ဒီ စာတွေနဲ့ နပန်းလုံးနေနိုင်ဖို့ မဖြစ်နိုင် ပါဘူး။

မြန်မာပြည်မှာ နာရီတွေက များဆို သလို မြန်မာပြည်မှာ အယ်ဒီတာတွေ ကများလို့ ပြောကြတဲ့အပေါ် ဆရာ့ သဘောထားကို ပြောပြပေးပါ။

အယ်ဒီတာတွေ များတာက တော့ ကောင်းတာပေါ့။ မြန်မာစာပေ ကို မ ယူတွန်းတင်ချင်တဲ့သူများလေ စာပေအရည်အသွေးကောင်းလေ ပေါ့ဗျာ။

အယ်ဒီတာဆိုတာကို အဓိပ္ပာယ်ဖွင့်ရ မယ်ဆိုရင် ဆရာဘယ်လိုဖွင့်ဆိုမလဲ။

အယ်ဒီတာဆိုတာ သူ့ရွေးချယ် မှုနဲ့ တင်ဆက်ရတဲ့ အနုပညာပစ္စည်း အပေါ် ပရိသတ်ရဲ့ လက်ခံမှုရှိ၊ မရှိ ကို အမြဲနားစွင့်နေရတဲ့လူပါ။ စာပေ ကိစ္စမှာ တာဝန်ကြီးမားစွာ ထမ်း ဆောင်နေသူပါ။ ခေတ်ကို နားလည် ဖို့ …မိမိတတ်မြောက်ထားတဲ့ အတတ်ပညာနဲ့ စတုတÄမဏ္ဍိုင်ကို ထောက်ကူမြှင့်တင်ပေးနိုင်ဖို့ လိုပါ တယ်။

စာပေ မဂ္ဂဇင်းတွေ ပြိုလဲ ရပ်နားသွား ရတဲ့အပေါ် ဆရာ့အမြင် သိပါရစေ။

အထွေထွေအကျပ်အတည်းပေါ့ ဗျာ။ စာဖတ်ဖို့ အချိန်၊ ငွေကြေးတစ် စုံတစ်ရာ လိုအပ်ချက်တွေကြောင့်လို့ ပဲဆိုရမလားပဲ။ လူဟာ စက်ရုပ် မဟုတ်သလို စက်ရုပ်နဲ့တူအောင် လှုပ်ရှားနေရပြီဆိုရင် နှလုံးသားမဲ့သူ အဖြစ်မျိုး ရောက်သွားတာပဲဗျ။ စာ ပေမဂ္ဂဇင်းတွေ ပြိုလဲရပ်နားသွားရ တာလည်း စာဖတ်ပရိသတ် လျော့ပါး သွားလို့ပဲပေါ့။

ကဗျာတစ်ပုဒ်၊ ၀ထ္ထုတစ်ပုဒ်၊ ဆောင်း ပါးတစ်ပုဒ်၊ ရသစာတမ်းတစ်ပုဒ်ကို ဘယ်လိုစံနှုန်းတွေနဲ့ ရွေးချယ်လဲ၊ ဆရာ့ရဲ့ စံနှုန်းက ဘာဖြစ်မလဲ။
အယ်ဒီတာတွေ စာရွေးချယ်မှု စံနှုန်းရယ်လို့တော့ တစ်ထပ်တည်း တူညီတာမရှိနိုင်ပါဘူး။ တချို့က နိုင်ငံရေး …တချို့က စီးပွားရေး ဘာသာရပ်အလိုက် ရွေးချယ်တဲ့ မဂ္ဂဇင်းတွေရှိတယ်။ သုတ၊ ရသ မျှခြေနဲ့ ရွေးချယ် ထည့်သွင်းပေး တာလည်းရှိပါတယ်။ ကျွန်တော့် မဂ္ဂဇင်းကတော့ စာဖတ်ပရိသတ် တစ်စုံတစ်ရာ ရနိုင်တဲ့ ဖတ်ပျော်တဲ့ ၀ထ္ထုလေးတွေ၊ ဆောင်းပါးလေးတွေ ရွေးချယ်ပုံနှိပ်ပါတယ်။

အယ်ဒီတာကို အရက်တိုက်ရင်၊ လက်ဖက်ရည်တိုက်ရင် စာမူပါတယ်၊ ကဗျာပါတယ်ဆိုတဲ့ အပြောတွေ ရှိပါ တယ်။ ဆရာဆိုရင် အဲဒီအပြောကို လက်ခံမလား။ အယ်ဒီတာနဲ့ ရင်းနှီး မှ စာမူပါရမယ်ဆိုတာကိုကော ဆရာ ဘာပြောချင်ပါသလဲ။

အစဉ်အဆက်အားဖြင့် ပြောကြ ဆိုကြပါတယ်။ တကယ်တော့ ကဗျာ ဆရာ၊ စာရေးဆရာတွေ မဂ္ဂဇင်းတိုက် ကို လာတယ်ဆိုတာကိုက သူ့အလုပ် သူလုပ်တာဖြစ်ပါတယ်။ စာရေးမယ့် သူဟာ မဂ္ဂဇင်းတိုက်ကို သွားရမှာ ပေါ့။ လူလုံးပြတယ်လို့လည်း ခေါ်ပါ တယ်။ သူ့စာမကောင်းရင်တော့ ဘာ တတ်နိုင်မှာလဲ။ စာကောင်းဖို့သာ အဓိကပါ။

ယနေ့စာပေလောကအပေါ် အယ်ဒီ တာတစ်ဦးရဲ့ အမြင်က ဘာဖြစ်မလဲ ဆရာ။
ယနေ့စာပေလောကအခြေအ နေလား …မဂ္ဂဇင်းတွေ၊ ဂျာနယ် တွေ အားလုံးလိုလို မရဏတံခါး ခေါက်သံကြောင့် ထိတ်လန့်နေရတဲ့ အဖြစ်ပါ။ ငါ့အလှည့် ဘယ်တော့လဲပေါ့။

ဆက်လက်ဖော်ပြပါမည်။

လေးစားစွာ

ညိုသစ်ငယ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071