Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeArticlesစာပေအယ်ဒီတာတစ်ဦး ၏ အယ်ဒီတာ့ပညာရွှေမန္တလေးဂျာနယ်...

စာပေအယ်ဒီတာတစ်ဦး ၏ အယ်ဒီတာ့ပညာရွှေမန္တလေးဂျာနယ် အယ်ဒီတာချုပ်ဆရာသိုက်ထွန်းသက်နှင့်တွေ့ဆုံခြင်း – ၂

ဒီတစ်ပတ်မှာတော့ အယ်ဒီတာဟာ စာသင်္ချိုင်းဖြစ်နေပြီလား၊ အယ်ဒီတာကို အရက်တိုက်ရင် လက် ဖက်ရည်တိုက်ရင် စာမူပါတယ်ဆိုတာ ဟုတ်သလား၊ ယနေ့ စာပေလောက အပေါ် အယ်ဒီတာတစ်ဦးရဲ့အမြင် စတာတွေကို ရွှေမန္တလေးဂျာနယ်မှာ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ဖူးသူ ဆရာသိုက်ထွန်းသက် ရဲ့ အဖြေစကားများကို ဆက်လက် ဖော်ပြလိုက်ပါတယ်။

အယ်ဒီတာဟာ စာသင်္ချိုင်းလို့ ပြောကြတဲ့အပေါ် ဆရာဘယ်လိုဖြေ မလဲ။

အယ်ဒီတာဟာ စာသင်္ချိုင်းလို့ ပြောကြတဲ့အပေါ် အယ်ဒီတာစားပွဲ မှာ ဘဝကို မြှုပ်နှံပြီး ရုံးအုပ်ကြီးလို အလုပ်လုပ်ရင်း ကိုယ်တိုင်စာပေအနု ပညာဖန်တီးမှု မလုပ်နိုင်တဲ့အတွက် စာသင်္ချိုင်းထဲ ရောက်သွားရတဲ့ အလုပ်လို့ ပြောကြတာဖြစ်ပါတယ်။ ဒီနေရာမှာ ပြောစရာတစ်ချက်ရှိပါ တယ်။ အာသာဟေလီရဲ့ ဆေးရုံဆို တဲ့ ဝတ္တုထဲမှာ ထင်ရဲ့။ နှစ်ပေါင်း များစွာ ဆေးရုံအုပ်ကြီးအဖြစ် အလုပ် လုပ်သွားတဲ့ ဆရာဝန်ကြီးတစ် ယောက်က သူ့နေရာအစားဝင်မယ့် ဆရာဝန်လေးကို ပြောခဲ့တာ။ သူ ဟာ တစ်နေ့တစ်နေ့ ဆေးနဲ့ ဆေး ပစ္စည်းလာရောင်းတဲ့လူတွေနဲ့ စကား ပြောလိုက်၊ အစည်းအဝေးတွေ တက် လိုက်၊ အစီရင်ခံစာတွေ ရေးလိုက်နဲ့ အချိန်တွေ ကုန်မှန်းမသိ ကုန်သွား တာတဲ့။ ဖြစ်ပေါ်တိုးတက်ပြောင်းလဲ နေတဲ့ ဆေးပညာကို လေ့လာချိန် တောင် မရခဲ့ဘူးတဲ့။ ဆေးရုံအုပ် အလုပ်ဟာ ဆရာဝန်သင်္ချိုင်းဆိုတဲ့ သဘောရောက်တယ်ထင်တယ်။ အယ်ဒီတာဖြစ်လာတာနဲ့ ဒီအလုပ်ထဲ စိတ်နစ်မြှုပ်ပြီး စာရွေး/စာတည်း အလုပ်ပဲ လုပ်နေမယ်။ သို့မဟုတ် ကုမ္ပဏီဧည့်ခံပွဲတွေတက်မယ်။ ဖဲကြိုး ဖြတ်ပွဲတွေ တက်ပေးနေရမယ်။ မုဒိ တာစကားတွေ ပြောပေးနေရမယ်ဆို ရင်တော့ စာနယ်ဇင်းသင်္ချိုင်းထဲရောက် နေတာ သေချာပြီပေါ့။ သူများစာ တွေ ရွေးချယ်တည်းဖြတ် ထည့်သွင်း ပေးနေပြီး ကိုယ်ကိုယ်တိုင် စာမရေးဖြစ် ရုံနဲ့ စာသင်္ချိုင်းထဲရောက် မသွားပါ ဘူး။ ကိုယ်ကိုယ်တိုင် စာမဖတ်တော့ ဘူး။ စာဟောင်းစာကောင်းတွေရော အသစ်အသစ်တွေကိုပါ မျက်ခြည်ပြတ် သွားတဲ့ အနေအထားဆိုရင်တော့ သင်္ချိုင်းထဲရောက်တာ သေချာပါပြီ။

အယ်ဒီတာကို အရက်တိုက်ရင်၊ လက်ဖက်ရည်တိုက်ရင် စာမူပါတယ်။ ကဗျာပါတယ်ဆိုတဲ့ အပြောတွေ ရှိ ပါတယ်။ ဆရာဆိုရင် အဲဒီအပြော ကို လက်ခံမလား။ အယ်ဒီတာနဲ့ ရင်း နှီးမှ စာမူပါရမယ်ဆိုတာကိုရော ဆရာဘာပြောချင်ပါသလဲ။

အယ်ဒီတာကို အရက်တိုက်၊ လက်ဖက်ရည်တိုက်လို့ စာမူပါတာ တွေ ရှိချင်လည်း ရှိမှာပေါ့။ လက် ဖက်ရည်ကြိုက်သူချင်း၊ ယမကာ ကြိုက်သူချင်း အတူသောက်ဖြစ်ကြ ရာက ရင်းနှီးခင်မင်ပြီး သုံးတာလည်း ရှိချင်ရှိမှာပေါ့။ အရေးကြီးတာက ကိုယ့်အလုပ် လိပ်ပြာလုံဖို့ပါပဲ။ ကိုယ် ရွေးတဲ့စာ စာကောင်းဖြစ်ဖို့ပါပဲ။ ကျွန်တော်တော့ အပြောမခံနိုင်ပါဘူး။ အပြောမခံရအောင်လည်း ကိုယ့် ဘက်က ဆင်ခြင်ရမှာ မဟုတ်လား။ ကျွန်တော်တို့ ပင်တိုင်ကလောင်ရှင်တွေ နဲ့ လက်ဖက်ရည်ဆိုင်ထိုင်လေ့ရှိတယ်။ မအားတဲ့ကြားက အချိန်လုပြီးထိုင် တယ်။ ပိုက်ဆံကတော့ ဦးတဲ့သူ ရှင်း လိုက်တာပါပဲ။ ကျွန်တော်တို့ လက်ဖက် ရည်သောက်တာမဟုတ်ဘူး။ စကား ပြောချင်လို့ ထိုင်ကြတာ။ စိတ်ဖိအား တွေ လျော့ကျချင်လို့ထိုင်ကြတာ။

မကောင်းတဲ့ ကဗျာတစ်ပုဒ်၊ ဝတ္တုတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်၊ ရသစာတမ်း တစ်ပုဒ်ကို ရင်းနှီးခင်မင် မှုအရ ရွေးခဲ့ရတာရှိလား။ မရှိရင် ဘာကြောင့်လဲ၊ ရှိရင် ဘာကြောင့်လဲ ဆိုတာ ရှင်းပြပေးပါ။

မကောင်းတဲ့စာမူတစ်ပုဒ်ကို ရွေးတာ မရှိသလောက်ပါပဲ။ ဘာဖြစ် လို့လဲဆိုတော့ ပင်တိုင်ကလောင်တွေ ဟာ ကိုယ့်ကလောင်ကိုယ်တာဝန်ယူ နိုင်ကြသူတွေမို့ ဖြစ်ပါတယ်။ အားမ ရတဲ့ အပတ်တွေတော့ ရှိတတ်ပါ တယ်။ စာရေးသူဘက်က ဖန်တီးအား ထုတ်မှု အားကျလာပြီဆိုရင်တော့ သူ လက်ခံနိုင်အောင် ပြောရပါတယ်။ ဒီကြားထဲကနေ တိုးတက်မလာဘူးဆို ရင်တော့ လိမ်လိမ်မာမာပြောပြီး အနားခိုင်းရပါတယ်။ ဒါက ကျွန် တော်လုပ်ခဲ့တဲ့ ဂျာနယ်မှာထည့်ခဲ့တဲ့ ရသ၊ သုတဆောင်းပါးတွေနဲ့ပတ်သက် လို့ ပြောတာပါ။ တခြားကဏ္ဍတွေ ရှိ ပါတယ်။ ဖွယ်ဖွယ်ရာရာဖြစ်အောင် ဂျာနယ်တစ်စောင်မှာ ချိုချဉ်ငံစပ်ဖန် ခါးရသာစုံထည့်ရတာကိုး။ အဲဒီအ ပိုင်းမှာတော့ အားနည်းတာတွေ ရှိ ပါတယ်။

ယနေ့ စာပေလောကအပေါ် အယ်ဒီတာတစ်ဦးရဲ့ အမြင်က ဘာ ဖြစ်မလဲ ဆရာ။

ယနေ့စာပေလောက။ ကိုယ့် ရှေ့က အယ်ဒီတာကြီးတွေ အသက် ကြီးပြီး အနားယူကုန်ကြပြီ။ လူငယ် အယ်ဒီတာတွေ ဆက်ခံကြတယ်။

နောက်မျိုးဆက်က ရှေ့မျိုးဆက်ထက် တော်ကြပါမှ ဘယ်လောကမဆိုတိုး တက်မှာမဟုတ်လား။ စာဖတ်အား တွေ လျော့နေတယ်ဆိုပေမယ့် စာ အုပ်ကောင်းတွေ ထွက်နေတုန်းပဲ။ ဖတ်တဲ့သူတွေ ဖတ်နေကြတုန်းပဲ။ ဝတ္တုရှည်၊ ဝတ္တုတိုနဲ့ ကဗျာဘက်မှာ လည်း အားကောင်းမောင်းသန် အသစ်အသစ်တွေ ထွက်နေတယ်။ ဒါပေမဲ့ မဂ္ဂဇင်းတွေ ကျလာတယ်။ တချို့မဂ္ဂဇင်းလောက်ပဲ အရည်အသွေး ထိန်းနိုင်တာရှိတယ်။ ရောင်းအားကျ တော့ စောင်ရေနည်းနည်းလေးနဲ့ အချို့လည်း အထွက်ပြနေကြရတယ်။ နေ့စဉ်သတင်းစာတစ်စောင်က ဝတ္တု တိုထည့်တယ်။ စာမူခ ကောင်း ကောင်းပေးတယ်။ မဂ္ဂဇင်းက မဆို သလောက်ပဲ ပေးနိုင်တယ်။ ဘယ်သူ က နောက်တစ်နေ့မှာ ပျောက်သွား မယ့် သတင်းစာအပေါ် ရေးချင်ပါ့ မလဲ။ ဒါပေမဲ့ သတင်းစာဖတ်ပရိသတ်၊ သတင်းစာစောင်ရေက မဂ္ဂဇင်းနဲ့ယှဉ် တော့ အဆမတန် ကွာခြားနေတယ်။

ရှေ့က စကားပြန်ဆက်ရရင် ဒီနေ့ လူငယ်အယ်ဒီတာတွေရဲ့ စွမ်း ဆောင်ရည်က ဒီနေ့စာပေလောက အပေါ် သက်ရောက်မှုတွေ အများ ကြီးရှိပါတယ်။ အခက်အခဲတွေကို ဘယ်လို ဖောက်ထွက်ကြမှာလဲ။ ဖြစ် အောင် လုပ်ချင်စိတ်ရှိဖို့ လိုတယ်။ စာအုပ် ထုတ်ဝေရေးလုပ်ငန်းတွေမှာ တော့ လူငယ်ထုတ်ဝေသူတွေရဲ့ စွမ်းဆောင်နိုင်မှုတွေကို တအံ့တသြ မြင်ရတယ်။ လစဉ်ထုတ် မဂ္ဂဇင်း၊ အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင် ရှင်သန်တည်မြဲနေဖို့ မထင်မှတ် အောင် လုပ်ပြနိုင်မယ့် လူငယ်အယ် ဒီတာတွေကို မျှော်လင့်နေမိပါတယ်။ ကိုညိုသစ်ငယ်လည်း ကျွန်တော် မျှော်လင့်တဲ့ အထဲမှာ ပါပါတယ်။

အွန်လိုင်းမီဒီယာတွေ များပြား လာခြင်းက စာပေမဂ္ဂဇင်းတွေ ပြိုလဲ ရပ် နားသွားရခြင်းလား။ အွန်လိုင်း မီဒီ ယာတွေမှာ ကဗျာတွေ၊ ဝတ္တု၊ ဆောင်းပါး၊ ရသစာတမ်းတွေ ဖတ် ခွင့်ရလာခြင်းအပေါ် ဆရာ့အမြင် သုံးသပ်ချက်လေး သိပါရစေ။

အွန်လိုင်းမီဒီယာတွေကြောင့် စာပေမဂ္ဂဇင်းတွေ ပြိုလဲရပ်နားသွား တယ်လို့ မထင်ပါဘူး။

စာပေမဂ္ဂဇင်းအပါအဝင် သ တင်းစာဂျာနယ်လောကက ပုဂ္ဂိုလ် များအနေနဲ့ ပိုပြီးဖွံ့ဖြိုးတိုးတက်လာ မယ်လို့ ယူဆတဲ့ အွန်လိုင်းမီဒီယာ ဘက်ကူးသွားကြတာက တခြားအ ကြောင်းဖြစ်ပါတယ်။ တစ်နည်းပြော ရရင် စာပေမဂ္ဂဇင်းတွေ အပါအဝင် ပုံနှိပ်မီဒီယာလောကကျဆင်းလာချိန် မှာမှ အွန်လိုင်းဘက်ကို အခြေအနေ ကောင်းလာမလားဆိုပြီး စတင်စမ်း သပ်ကြည့်လာကြတာပါ။ အွန်လိုင်း တွေမှာ ဖတ်နေရတာက သတင်းတွေ ပဲဖြစ်ပါတယ်။ အဲဒီသတင်းတွေကို အရုပ်ရော အသံပါ မြင်နေကြရတော့ သတင်းစာ၊ ဂျာနယ်သတင်းတွေက ပုပ်ကုန်သိုးကုန်ဖြစ်ကုန်တော့တာ ပေါ့။ ဒါပေမဲ့ လေးစားလောက်တဲ့ အတွေးအမြင်တွေပါတဲ့ သတင်း ဆောင်းပါးမျိုးကိုတော့ ပုံနှိပ်မီဒီယာ မှာပဲ ဖော်ပြနေကြတုန်းပါ။ တစိမ့်စိမ့် ဖတ်နေရတုန်းပါ။ တစ်ခုရှိတာက အွန်လိုင်းတွေဘက် ကြော်ငြာထည့် ဖို့ ကြော်ငြာကုမ္ပဏီတွေက ဆွဲဆောင် လာကြတဲ့နောက် ကြော်ငြာရှင်တွေ က ပါသွားကြတယ်။ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ အရင်တုန်းကလို ကြော် ငြာမရတော့ဘူး။ ဒါကို အွန်လိုင်း မီ ဒီယာကြောင့်လို့ ပြောမယ်ဆိုရင် တော့ မှန်တယ်။

စာဖတ်သူတွေက ပြောကြ တယ်။ ဖတ်စရာ စာကောင်းတွေ မရှိ တော့ဘူးတဲ့။ စာကောင်းတွေကို စာရေးသူတွေက မရေးနိုင်တာလား။ အယ်ဒီတာတွေက သေချာမရွေးနိုင် တာလား။ ဘာကြောင့်လို့ ဆရာ ထင်ပါသလဲ။ အယ်ဒီတာတွေကြောင့် ကဗျာကောင်းတွေ၊ စာကောင်းတွေ၊ ဝတ္တု၊ ဆောင်းပါး၊ ရသစာတမ်းတွေ မဖတ်ရတော့ဘူးလို့ ပြောကြတဲ့ အပေါ် ဆရာဘာပြောချင်ပါသလဲ။

မပြောချင်ပါဘူး။ အယ်ဒီတာ တွေက စာကောင်းတွေ ရွေးတတ် နေသရွေ့ ဒီစကားပြောစရာ အ ကြောင်းမရှိပါဘူး။ အယ်ဒီတာစားပွဲ ကို အကောင်းတွေ ရောက်မလာဘဲ နဲ့လည်း အယ်ဒီတာက ဘယ်လိုလုပ် စာကောင်းထည့်နိုင်တော့မှာလဲ။ တစ်ခုတော့ ရှိတယ်။ ကိုယ့်အယ်ဒီ တာစားပွဲကို စာကောင်းတွေ ရောက် လာဖို့တော့ အယ်ဒီတာက အားထုတ် ရလိမ့်မယ်။ ကျွန်တော် ရန်ကုန်မှာ မနေဖူးပါဘူး။ ရောက်တုန်းရောက် ခိုက်မှာ အယ်ဒီတာတချို့ လုပ်ပုံကိုင် ပုံတွေကို မြင်ဖူးတယ်။ တချို့အယ်ဒီ တာများ ကုလားထိုင်မှာ ကော်နဲ့ ကပ်ထားသလား ထင်ရလောက် အောင် တကုန်းကုန်းနဲ့ အလုပ်လုပ် နေတယ်။ တချို့အယ်ဒီတာက တော့ လက်ဖက်ရည်ဆိုင်မှာ တစ်ဝိုင်းပြီး တစ်ဝိုင်းဆက်လို့ ထိုင်နေတယ်။ အဲ ဒီအယ်ဒီတာကို အယ်ဒီတာအလုပ် မလုပ်ဘူး။ အလုပ်ချိန်ကြီး လက်ဖက် ရည်ဆိုင်ပဲ ထိုင်နေတယ်လို့ ဝေဖန် လို့ မဖြစ်ဘူး။ သူဘယ်သူတွေနဲ့ ထိုင် နေတာလဲ။ စာပေလောကမှာ လေး စားရတဲ့ လူကြီး၊ လူလတ်၊ စာရေး ဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ၊ ပန်းချီဆရာတွေနဲ့ ထိုင်နေတာ၊ ဧည့် ခံစကားပြောနေတာ။ နယ်ကရောက် လာတဲ့ လူငယ်စာရေးဆရာတွေ လည်း ပါတတ်တာပေါ့။ အယ်ဒီတာ တစ်ယောက်က စာကောင်းရေးတဲ့ သူတွေနဲ့ အပြန်အလှန်လေးလေး စားစား နွေးနွေးထွေးထွေးနေနိုင်ခြင်း ကလည်း အရည်အချင်းပဲ ဖြစ်ပါ တယ်။ သူတို့အလုပ်တိုက်မှာ စာဖတ် ချိန်နည်းပေမယ့် အိမ်ယူသွားပြီး စာဖတ်ရတယ်။

စာမူကောင်းတချို့က သူတို့ လွယ်အိတ်ထဲ ပါသွားပြီ။ နောက် နာ မည်ကြီးမဂ္ဂဇင်းတိုက်က ဆရာတစ် ယောက်။ လိုင်းကားတိုးစီးပြီး ဆရာ ကြီးတွေရဲ့ အိမ်အရောက်သွား စာမူ တောင်းတယ်။ ချိန်းတဲ့ ရက်သွား တယ်။ ချိန်းတဲ့ရက်မရလည်း အပြုံး မပျက်ဘူး။ ချွေးတွေ သံတွေနဲ့ ထီး ကြီးဆောင်းလို့။ ငါနာမည်ကြီး မဂ္ဂ ဇင်းတိုက်က တာဝန်ခံအယ်ဒီတာပဲ စာမူပါချင်ရင် လိုက်လာပေးရမှာ ပေါ့ဆိုတဲ့ စိတ်နဲ့ ထိုင်စောင့်နေရင် ဆရာကြီး၊ ဆရာမကြီးတွေဆီက စာ မူကောင်းရပါ့မလား။
အယ်ဒီတာကောင်းတစ်ဦး ပီသ ဖို့ ဘာတွေလိုအပ်မလဲ။ ဘာတွေသင် ယူ လေ့လာထားသင့်သလဲ ဆရာ။လူငယ်အယ်ဒီတာတွေအတွက် အကြံပြုချက်၊ ဆုံးမစကားလေး ပြောပေးပါ ဆရာ။

အယ်ဒီတာတစ်ယောက်က သင်ယူလေ့လာနေဖို့တော့ လိုတယ်။ ကဗျာရွေးတဲ့ အယ်ဒီတာဟာ ကဗျာ ရေစီးကြောင်းကို သိရမယ်။ ဖြစ်ပေါ် ပြောင်းလဲနေတာတွေ သိရမယ်။ ဂယက်တွေ သိရမယ်။ ကိုယ်တိုင်ခံစား နားလည်နိုင်ရမယ်။ ကဗျာတစ်ပုဒ်ရဲ့ ကဗျာဓာတ်ကို လက်ခံမယ့် နှလုံးသား ဟာ ဓာတ်ကူးပစ္စည်းအဖြစ် မရှိဘူး ဆိုရင်တော့ ကဗျာအယ်ဒီတာမလုပ် တာ အကောင်းဆုံးပဲ။ ပြီးတော့ ကဗျာမျက်စိ၊ ကဗျာနား၊ ကဗျာနှလုံး သားရှိရမယ်။ ပုံသဏ္ဌာန်တွေထက် ကဗျာမြောက်မမြောက် ခံစားနိုင်ရ မယ်။ စကားလုံးတစ်လုံးစီရဲ့ တန်ဖိုး ကို သိရမယ်။ တချို့လိုအပ်တာထက် ဖောင်းပွနေတာ ပွရောင်းရောင်းနိုင်နေ တာမျိုးကို ငြင်းပယ်ရဲရမယ်။ ကဗျာ အယ်ဒီတာကောင်းတွေက နှလုံးသား နဲ့ ကဗျာရွေးတတ်ကြပါတယ်။

နောက် တခြားအယ်ဒီတာ ကောင်းတစ်ယောက်ရှိသေးတယ်။ သူက ကိုယ်တိုင်စာကောင်း ကဗျာ ကောင်းရေးနိုင်သူမဟုတ်ဘူး။ ဒါပေ မဲ့ စာဖတ်တယ်။ မဂ္ဂဇင်းတစ်ခုခုမှာ ပါတဲ့ စာပေအနုပညာကိစ္စတစ်ခုခု ကို အစဆွဲထုတ်တတ်တယ်။ ပြီးတော့ သက်ဆိုင်ရာနယ်ပယ်က ဆရာကြီး ဆရာမကြီးတွေ၊ အဲဒီနယ်ပယ်က ခေ သူမဟုတ်တဲ့ လူလတ်ပိုင်း ပုဂ္ဂိုလ်တွေ ဆီက ထင်မြင်ရေးသားချက်တွေကို မရမကယူပြီး သူ့မဂ္ဂဇင်းထဲ ထည့် တတ်တယ်။ ဒီလိုနဲ့ သူ့မဂ္ဂဇင်းထဲမှာ စာပေအနုပညာကိစ္စအကြောင်းအ ရာတွေ စဉ်ဆက်မပြတ်ပါလာသလို မူလမဂ္ဂဇင်းတွေနဲ့ တွဲဖတ်ကြရပြန် တယ်။ တချို့က ဖွတယ်လို့ ဆိုကြ တယ်။ ကျွန်တော်ကတော့ ဖွတယ်လို့ မယူဆဘူး။ အတွေးအခေါ်အယူအ ဆတွေ ပွားများလာအောင် လုပ်ပေး တယ်လို့ နားလည်လာတယ်။ တချို့ လည်း ပုဂ္ဂိုလ်ရေး တုံ့ပြန်ချက်တွေ ရေးကြတာပေါ့။ ဒါလည်း သူ့စရိတ်နဲ့ သူသွားတော့တာပါပဲ။ ဘာပဲဖြစ်ဖြစ် ငြင်းရခုန်ရတာ အရသာရှိပါတယ်။

နောက်တစ်ခု ပြောချင်တာက အယ်ဒီတာတစ်ယောက်အနေနဲ့ စား ဖိုမှူးစိတ်ဓာတ်ရှိစေချင်တယ်။ ပရိ သတ်အကြိုက် ဟင်းအမည်စုံ ချက် ပြုတ်တည်ခင်း ကျွေးမွေးချင်စိတ်ရှိ ရမယ်။ ကိုယ့်မဂ္ဂဇင်းက မူဝါဒသီးသီး သန့်သန့်ချမှတ်ပြီး သွားနေတာ မ ဟုတ်ရင် စိတ်ရှင်းရှင်းနဲ့ ရွေးချယ် တင်ဆက်နိုင်စွမ်းရှိရမယ်။ ကိုယ်က မော်ဒန်အပေါ် တိမ်းညွှတ်သူမို့ မော် ဒန်ကဗျာ မော်ဒန်ဝတ္တုတွေ ထည့် မယ် ထည့်လို့ရတယ်။ ဒါပေမဲ့ တစ် အုပ်လုံး မော်ဒန်ချည်းထည့်လို့ မဖြစ် ဘူး။ ထည့်မယ်ဆိုရင်တော့ စောစော ကတည်းက မော်ဒန်မဂ္ဂဇင်း၊ မော်ဒန် ဂျာနယ်အဖြစ် ပီပီပြင်ပြင်တည် ဆောက်ထားသင့်တယ်လို့ မြင်တယ်။

အယ်ဒီတာကောင်းတစ် ယောက်ဖြစ်ဖို့ဆိုတာနဲ့ ပတ်သက်လို့ ကတော့ ဆရာကြီး ဆရာမကြီးများ ရဲ့ အတွေးအခေါ်၊ အတွေ့အကြုံ တွေနဲ့ ရေးထားတဲ့ သတင်းစာပညာ ဆိုင်ရာစာအုပ်တွေ ဖတ်ဖြစ်အောင် ဖတ်ဖို့ပဲ အကြံပြုချင်ပါတယ်။ဆက်လက်ဖော်ပြပါမည်။

လေးစားစွာ
ညိုသစ်ငယ်

Ads Space Available


Continue reading

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့ မေ ၅ ရက်က မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မြဝတီမြို့ဝန်းကျင်ရှိဆိုဒ်များအတွင်းသို့ တ ရားမဝင်ဝင်ရောက်နေခဲ့သည့် ဘူရွန်ဒီနိုင်ငံသား(၄)ဦး၊ ကင်ညာနိုင်ငံသား(၃)ဦးနှင့် ယူဂန်ဒါနိုင်ငံသား(၁)ဦးတို့ကိုဘည်း ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတမှာကြား

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှောဖလှယ်ပွဲများနှင့် လူငယ်များကိုဘက်ပေါင်းစုံ ထူးချွန်စေမည့်၊ ဗလငါးတန်ပြည့်ဝစေမည့် လှုပ်ရှားမှုများကျင်းရန်မှာကြားသည်။ " မိမိတို့နိုင်ငံကိုကဏ္ဍစုံဖွံ့ဖြိုးတိုးတက်တဲ့...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့အင်အားနဲ့ တည် ဆောက်ရပါတယ်။ လူငယ်တိုင်းဟာ နိုင်ငံကိုဦးဆောင်နိုင်သူမဖြစ်ပေမယ့် လူငယ်အားလုံးဟာ နိုင်ငံတော်အနာဂတ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေဘဲဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန်လူရည်မွန်များပေါ်ထွက်လာရန် လူငယ်ကဏ္ဍနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071