မန္တလေးအခြေစိုက် စာရေးဆရာ၊ စာနယ်ဇင်းသမား ဆရာသင့်နော် (ဦးသန်းဌေး – ဥတ္တရလွင်ပြင် စာအုပ်ဆိုင်) သည် ယနေ့ စက်တင်ဘာ (၂၇) ရက်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
ကွယ်လွန်ချိန်တွင် အသက် (၇၇) နှစ်ရှိပြီဖြစ်ယနေ့ မွန်းလွဲ (၁) နာရီခွဲဝန်းကျင်အချိန်ခန့်၌ မန္တလေးမြို့၊ ကံ့ကော်ဆေးရုံတွင် ကျောက်ကပ်ရောဂါဖြင့်ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။
စာရေးဆရာသင့်နော်သည် စာနယ်ဇင်းများတွင် ဆောင်းပါးအများအပြားရေးခဲ့သလို ဂန္တဝင်စာအုပ်စာပေများကိုလည်း စိတ်ဝင်စားသူဖြစ်ကြောင်း သိရသည်။ ဥတ္တရလွင်ပြင်စာအုပ်ဆိုင်သည် စာပေသမားများအားထားရာနေရာလည်းဖြစ်သည်။
