Wednesday, August 6, 2025

ငလျင်ဘေးကျရောက်ခဲ့သည့်ဒေသက အာမခံအလုပ်သမားများ မိသားစုထောက်ပံမှုအကျိုးခံစားခွင့် လျှောက်လွှာများပေးပို့ရန်...

ငလျင်ဘေးကျရောက်ခဲ့သည့်ဒေသများရှိ အာမခံအလုပ်သမားများ သဘာဝဘေးအန္တာရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံမှုအကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း လျှောက်လွှာများကို သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးများ သို့ ပေးပို့လျှောက်ထားကြရန် ယနေ့ ဩဂုတ်(၆)ရက်နေ့တွင် အသိပေးကြေညာထားသည်။ ငလျင်ဘေးခံစားခဲ့ရသည့်...

ယူကရိန်းစစ်ပွဲကနေ အမေရိကန်ကို ရုန်းထွက်နိုင်ဖို့ ကြိုးစားနေတယ်လို့...

"ဒါဟာ ဘိုင်ဒင်ရဲ့စစ်ပွဲပဲ၊ ဒါကျွန်တော့်စစ်ပွဲမဟုတ်ဘူး။ အမေရိကန်ကို ဒီစစ်ပွဲကနေ ရုန်းထွက်နိုင်ဖို့ ကျွန်တော်ဒီမှာရှိနေတာ" လို့ သူက သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက...

စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့်ပြည်နယ်(၄)ခုတွင် နေရာကွက်၍ မိုးကြီးနိုင်

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် ယနေ့ဩဂုတ်(၆)ရက်နေ့ ညနေထိ ခန့်မှန်းချက်အရ နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရွာနှုန်း...

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃)သန်းခန့်ကိုတရားဝင်လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ စီမံကိန်း(၁၄)ခုအား အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃ ဒသမ ၃)သန်းခန့်ကို ယနေ့ သြဂုတ် ၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့်...
HomeNewsLocal Newsစာမေးပွဲဖြေဆိုနေစဥ် လက်နက်ကိုင်အဖွဲ့ဝင်များက သေနတ်များဖြင့်လာရောက်ပစ်ခတ်

စာမေးပွဲဖြေဆိုနေစဥ် လက်နက်ကိုင်အဖွဲ့ဝင်များက သေနတ်များဖြင့်လာရောက်ပစ်ခတ်

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ပခန်းငယ်ကျေးရွာရှိ အ.ထ.က(ပခန်းငယ်)၌ ဖေဖော်ဝါရီ ၂၂ ရက်နံနက်ပိုင်းက ကျောင်းသား၊ကျောင်းသူများစာမေးပွဲဖြေဆိုနေစဥ် လက်နက်ကိုင်အဖွဲ့ဝင်များက သေနတ်များဖြင့်ပစ်ခတ်ခဲ့ကြသည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ကျောင်းသူများအား လုံခြုံရေးအဖွဲ့ဝင်များကလုံခြုံရေးယူပေး​နေကြစဥ် လက်နက်ကိုင်အဖွဲ့ဝင်များက နံနက် ၁၀ နာရီခွဲခန့်တွင် သေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့၍ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ လက်နက်ကိုင်အဖွဲ့ဝင်များသည် ကျေးရွာမြောက်ဘက်သို့ထွက်ပြေးသွားခဲ့ကြသည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ကဆိုသည်။

“စာမေးပွဲဖြေနေတဲ့အချိန်မှာ ကျောင်းသား၊ကျောင်းသူတွေရဲ့စိတ်က အေးချမ်းနေဖို့လိုတယ် ကြောက်လန့်နေရတဲ့စိတ်နဲ့ဖြေရရင် သူတို့အတွက်အဆင်မပြေဘူးလေ သေနတ်သံတွေကြားရတော့ ကလေးတွေလန့်နေကြမှာ စာမေးပွဲဆက်မဖြေနိုင်ကြမှာကိုအရမ်းစိတ်ပူတယ်”ဟု ရေစကြိုမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

​ရေစကြိုတွင်အ​​ခြေအ​နေကစိတ်မချရသဖြင့် အချို့ကတိမ်း​ရှောင်​နေကြရသလို ​​မွေးရပ်​မြေ​ရေစကြိုသို့ ကိုဗစ်ကတည်းက အလည်မပြန်ဖြစ်​သေး​ကြောင်း ​ရန်ကုန်အ​ခြေချ​ရေစကြိုသားများကဆိုသည်။

အထက်ပါဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေ့တွင်ပင် နစကသည်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနှင့်နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရွှေဘို၊ဝက်လက်နှင့်အရာတော်မြို့နယ်တို့အား စစ်အုပ်ချုပ်ရေးနယ်မြေများအဖြစ် ထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဘေးကျရောက်ခဲ့သည့်ဒေသက အာမခံအလုပ်သမားများ မိသားစုထောက်ပံမှုအကျိုးခံစားခွင့် လျှောက်လွှာများပေးပို့ရန် အသိပေး

ငလျင်ဘေးကျရောက်ခဲ့သည့်ဒေသများရှိ အာမခံအလုပ်သမားများ သဘာဝဘေးအန္တာရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံမှုအကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း လျှောက်လွှာများကို သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးများ သို့ ပေးပို့လျှောက်ထားကြရန် ယနေ့ ဩဂုတ်(၆)ရက်နေ့တွင် အသိပေးကြေညာထားသည်။ ငလျင်ဘေးခံစားခဲ့ရသည့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်း ငလျင်ဘေးကျရောက်သည့် ဒေသများရှိ အာမခံအလုပ်သမားများကို မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အသိပေးထားသည်။ ထိုကြောင့် အာမခံအလုပ်သမားများအနေဖြင့် စက်တင်ဘာ(၆)ရက်နေ့နောက်ဆုံးထားပြီး သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးများ သို့ ပေးပို့လျှောက်ထားကြရန်လည်း အသိပေးထားသည်။

ယူကရိန်းစစ်ပွဲကနေ အမေရိကန်ကို ရုန်းထွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ထရမ့်ပြောကြား

"ဒါဟာ ဘိုင်ဒင်ရဲ့စစ်ပွဲပဲ၊ ဒါကျွန်တော့်စစ်ပွဲမဟုတ်ဘူး။ အမေရိကန်ကို ဒီစစ်ပွဲကနေ ရုန်းထွက်နိုင်ဖို့ ကျွန်တော်ဒီမှာရှိနေတာ" လို့ သူက သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ယူကရိန်းတပ်မတော်မှာ စစ်မှုထမ်းရန် အမြင့်ဆုံးအသက်အရွယ်ကို မြှင့်တင်ပေးတဲ့ ဥပဒေတစ်ခုကို လက်မှတ်ရေးထိုးခဲ့တာနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ရာမှာ အသက် ၆၀ ကျော် ယူကရိန်းနိုင်ငံသားတွေအနေနဲ့ နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေမှာ စာချုပ်နဲ့အညီ တာဝန်ထမ်းဆောင်နိုင်မှာဖြစ်တယ်လို့ ထရမ့်က ဖြေကြားခဲ့ပါတယ်။ "အသက် ၆၀ အရွယ် အမျိုးသားတွေနဲ့ ပတ်သက်ပြီး ခင်ဗျားပြောတာကိုတော့ ကျွန်တော်မကြားလိုက်ဘူး။ ဒါပေမဲ့...

စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့်ပြည်နယ်(၄)ခုတွင် နေရာကွက်၍ မိုးကြီးနိုင်

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် ယနေ့ဩဂုတ်(၆)ရက်နေ့ ညနေထိ ခန့်မှန်းချက်အရ နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရွာနှုန်း ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။ မိုးတိမ်တောင်ဖြစ်ပေါ်မှု အခြေအနေအရ ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့မှာ မိုးတိမ်တောင်များ ဖြစ်ထွန်းနေကြာင်း မိုးဇလက ထုတ်ပြန်ထားသည်။ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန်လည်း မိုးဇလက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071