ဘန်ကောက်၊ဧပြီ ၂၈
ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်ရှိ မြန်မာလူမျိုးများငှားရမ်းထားသည့် ဂိုဒေါင်တစ်လုံးအား ထိုင်းအာဏာပိုင်များပူးပေါင်းပြီး ဝင်ရောက်ရှာဖွေရာ တရားမဝင်ဖျော်ဖြေရေးလုပ်ငန်းများပါလုပ်ကိုင်နေကြောင်းသိရသည်။
စမွတ်စခွန်ပြည်နယ်အုပ်ချုပ်ရေးမှူးအပါအဝင် အလုပ်သမားဝန်ကြီးဌာနစစ်ဆေးရေးမှူးများ၊ ရဲနှင့်စစ်ဘက်ဆိုင်ရာအရာရှိပေါင်း အင်အား ၂၀၀ ကျော်ဖြင့်ဝင်ရောက်စီးနင်းခဲ့ကြခြင်းလည်းဖြစ်သည်။
အဆိုပါဖျော်ဖြေရေးလုပ်ငန်းအဖြစ်အသုံးပြုထားသည့်ဂိုဒါင်၌ ဘား၊ ကာရာအိုကေနှင့် စနူကာကစားရန်များပြုလုပ်ထားပြီး မြန်မာနိုင်ငံသားများသီးသန့်အတွက်ဖြစ်သည်ဟုလည်း သိရသည်။
ဝန်ဆောင်ခမှာ တစ်နာရီလျှင် ဘတ် ၂၅၀ ဖြစ်ပြီး နှစ်နာရီနှင့်အထက်အသုံးပြုသူများအား တစ်နာရီစာအခမဲ့အသုံးပြုခွင့်ပေးထားကြောင်းသိရပြီး VIP ခန်းအသုံးပြုသူများအတွက်ကိုမူ မူးယစ်ဆးဝါးဝန်ဆောင်မှုပါရရှိနိုင်ကြောင်းလည်း သိရသည်။
အာဏာပိုင်များက ဆက်လက်ရှာဖွေရာ ဆိုဖာကုလားထိုင်များနှင့် အဆောက်အအုံအတွင်း ဝှက်ထားသည့် စိတ်ကြွဆေးပြားများနှင့် လက်နက်ခဲယမ်းမီးကျောက်များကိုပါ ရှာဖွေတွေ့ရှိခဲ့ပြီးခွင့်ပြုချက်မရှိဘဲ လုပ်ငန်းလုပ်ကိုင်နေခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။
Source : ခါဆော့ထ်အင်္ဂလိပ်