မာဗယ်လ် စတူဒီယို၏ စပိုက်ဒါမန်း ဇာတ်ကောင်ဖြင့် နာမည်ကြီးလာသော မင်းသား တွမ် ဟော်လန်သည် သရုပ်ဆောင်လောကမှ တစ်နှစ် အနားယူမည်ဖြစ်ကြောင်း ပြောခဲ့သည်။
တွမ် ဟော်လန်သည် သူ၏ နောက်ဆုံးပရောဂျက်ဖြစ်သော “The Crowded Room” ဟုခေါ်သည့် သည်းထိပ်ရင်ဖို မှုခင်းဇာတ်လမ်းတွဲအား ရိုက်ကူးပြီးနောက် ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်။ တွမ် ဟော်လန်သည် အဆိုပါ ဇာတ်လမ်းတွဲ၌ သရုပ်ဆောင် အဖြစ်သာ မဟုတ်ဘဲ ရုပ်ရှင် ထုတ်လုပ်သူအနေနှင့်ပါ ပူးတွဲတာဝန်ယူခဲ့သည် သိရသည်။
တွမ်က သူသည် ထိုသို့ အလုပ်ကြိုးစားရခြင်းကို မမှုသော်လည်း တာဝန်နှစ်ခုယူခြင်းက သူ့အား ပင်ပန်းနွမ်းနွယ်စေကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့် အင်တာဗျူး၌ ပြောကြားခဲ့သည်။ “အခုဆို ကျွန်တော် တစ်နှစ် အနားယူပါပြီ၊ ဒါဟာ ဒီဇာတ်လမ်းတွဲက ဘယ်လောက်ထိ ခက်ခဲလဲဆိုတာကို ပြနေတာပါပဲ” ဟု တွမ်က ဆိုသည်။
တွမ် ပါဝင်သရုပ်ဆောင်ထားသော “The Crowded Room” ကိုမူ ဇွန်လ ၉ ရက်နေ့မှစ၍ Apple TV+ တွင် စတင်ကြည့်ရှုနိုင်မည် ဖြစ်သည်။
Source: ဝီယွန်