Tuesday, July 14, 2026

ငလျင်ဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အအုံများ တည်ဆောက်နိုင်ရေး အရည်အသွေးမြင့်...

ငလျင်ဘေးအန္တရာယ် ကျရောက်နိုင်သည့် အာဆီယံဒေသတွင် အဆောက်အအုံများ၏ ဘေးကင်းလုံခြုံမှုကို မြှင့်တင်နိုင်ရေးအတွက် အရည်အသွေးမြင့် သံမဏိများ အသုံးပြုရန် အလွန်အရေးကြီးကြောင်း အာဆီယံ သံနှင့်သံမဏိကောင်စီ (ASEAN...

အနီးစခန်းလေဆိပ်ကိုအခြေပြု၍ လေကြောင်းလိုင်း (၄)လိုင်းက မြို့ကြီးများသို့တိုက်ရိုက်ပျံသန်းပြေးဆွဲ

MAI ကလည်း ဇူလိုင် ၁၈ ရက်မှစတင်၍ ရန်ကုန်-ပြင်ဦးလွင်(အနီးစခန်း)ခရီးစဥ်ပျံသန်းပြေးဆွဲမည် ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့သော မန္တလေးတိုင်း၊...

လဝက ပြည်ထောင်စုဝန်ကြီးက လူမျိုးအမည်အခေါ်အဝေါ်အရေးအသားများတိကျမှန်ကန်စွာသတ်မှတ်နိုင်ရေးဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုဆွေးနွေး

လူမျိုးအမည်အခေါ်အဝေါ်အရေးအသားများတိကျမှန် ကန်စွာသတ်မှတ်နိုင်ရေးဆောင်ရွက်ရမည့်လုပ်ငန်းအစီ အစဉ်များနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် ကရှင်းလင်းဆွေးနွေးပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က ဇူလိုင် ၁၃ ရက်မွန်း လွဲပိုင်းတွင် ချင်းပြည်သစ်ကွန်ဂရက်ပါတီဥက္ကဋ္ဌဦးစိုးထက်(ခ)ဆလိုင်းမဲလု အားလက်ခံတွေ့ဆုံစဥ်...

ပါကစ္စတန်တွင် မိုးသည်းထန်စွာရွာသွန်းပြီးအိမ်ပြိုကျ၊ ၉ ဦး...

အစ္စလာမာဘတ်၊ ဇူလိုင် ၁၄ ရက် ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာပက်တွန်ခွာပြည်နယ် ကိုဟတ်ခရိုင်တွင် တနင်္လာနေ့ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်တစ်လုံး ပြိုကျခဲ့ရာ အနည်းဆုံး လူ...
HomeInternationalစပိန်တောမီးကြောင့် ၁၂ ဦး‌‌ေ-သပြီး...

စပိန်တောမီးကြောင့် ၁၂ ဦး‌‌ေ-သပြီး ၂၃ ဦး ပျေ-ာက်ဆုံးလျက်ရှိ

စပိန်နိုင်ငံတောင်ပိုင်းတွင် တောမီးဘေးမှ ထွက်ပြေးရန်ကြိုးပမ်းရင်း အနည်းဆုံး လူ ၁၂ ဦး ‌ေ-သဆုံးခဲ့ပြီး ၂၃ ဦး ပျေ-ာက်ဆုံးလျက်ရှိကြောင်း အရာရှိများက သောကြာနေ့တွင် ပြောကြားခဲ့ပြီး မီးသတ်သမားများသည် နိုင်ငံ၏ စံချိန်တင် လူအ‌ေ-သအပျေ-ာက်အများဆုံး တောမီးလေ-ာင်ကျွမ်းမှုများကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည်။

‌ေ-သဆုံးသူများထဲတွင် စပိန်လူမျိုးတစ်ဦးပါဝင်ပြီး ကျန်သူများမှာ ဘေးကင်းရာတွင် ခိုလှုံရန် ညွှန်ကြားချက်များကို လျစ်လျူရှုခဲ့သော နိုင်ငံခြားသားများဖြစ်ပုံရကြောင်း အန်ဒါလူစီယာဒေသ အရေးပေါ်ဌာနအကြီးအကဲ အန်တိုနီယိုဆန်းဇ်က ပြောကြားခဲ့သည်။

‌ေ-သဆုံးသူများသည် အယ်လ်မာရီယာပြည်နယ် လော့စ်ဂါလာဒို့စ်မြို့တစ်ဝိုက်ရှိ သစ်တောဧရိယာတစ်ခုမှတဆင့် ကားဖြင့် ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း လေပြင်းတို-က်ခတ်မှုကြောင့် အလျင်အမြန်ပျံ့နှံ့နေခဲ့သည့် မီးတောက်များကြောင့် မီးလေ-ာင်‌ေ-သဆုံးခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

ညာဘက်တွင် ရှိနေသော ကားစတီယာရင်၏ အနေအထားအရ ဗြိတိန်နိုင်ငံသားများဟု ယူဆရသူ လေးဦးသည် ကားတစ်စီးအတွင်း ‌ေ-သဆုံးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အခြားရှစ်ဦးသည် ကားများကို စွန့်ပစ်ကာ ဘေးလွတ်ရာရွှေ့ပြောင်းရေးအစီအစဉ်တွင် မပါဝင်သော လမ်းကြောင်းအတိုင်း ခြေလျင်ထွက်ပြေးရန် ကြိုးစားပြီးနောက် ‌ေ-သဆုံးလျက်တွေ့ရှိခဲ့သည်။ မီးကျွမ်းထားသော ရုပ်အလေ-ာင်းများကို ဒီအင်န်အေ စစ်ဆေး၍ ခွဲခြားသတ်မှတ်ရန် လိုအပ်နေဆဲဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

“မီးက ယမ်းမှုန့်လေ-ာင်သလို ပျံ့နှံ့သွားတယ်”ဟု အန်ဒါလူစီယာဒေသခေါင်းဆောင် ဂျူအန် မန်နျူရယ် မိုရီနိုက သတင်းထောက်များကို ပြောကြားခဲ့ပြီး မီးလောင်ကျွမ်းမှုသည် “ကျွန်တော်တွေ့ဖူးသမျှမှာ အမြန်ဆုံးနဲ့ အရှုပ်ထွေးဆုံး လေ-ာင်ကျွမ်းမှုတစ်ခုပါ” ဟု မှတ်ချက်ပြုခဲ့သည်။

ပျေ-ာက်ဆုံးနေသူများထဲမှ အချို့သည် တောထဲတွင် လမ်းပျောက်နေသော တောင်တက်သမားများဖြစ်နိုင်သည်ဟု မိုရီနိုက ပြောဆိုသည်။ ကယ်ဆယ်ရေးသမားများသည် အခင်းဖြစ်ပွားရာနေရာတွင် လမ်းလျှောက်တုတ် အများအပြားကို တွေ့ရှိခဲ့သည်။

အဖြစ်အပျက်များသည် ၂၀၁၇ ခုနှစ်က အိမ်နီးချင်း ပေါ်တူဂီနိုင်ငံတွင် အပူလှိုင်းကြောင့် ကြီးမားသည့် တောမီးလေ-ာင်ကျွမ်းခဲ့မှု အခြေအနေများနှင့် ဆင်တူနေပြီး ယင်းဖြစ်ရပ်တွင် လူပေါင်း ၆၀ ကျော် ‌ေ-သဆုံးခဲ့ရာ၌ ထက်ဝက်ခန့်သည် ၎င်းတို့၏ ကားများအတွင်း မီးလေ-ာင်‌ေ-သဆုံးခဲ့ခြင်းဖြစ်သည်။

Ref: ယဟျူးနူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အအုံများ တည်ဆောက်နိုင်ရေး အရည်အသွေးမြင့် သံမဏိအသုံးပြုရန် AISC အကြံပြု

ငလျင်ဘေးအန္တရာယ် ကျရောက်နိုင်သည့် အာဆီယံဒေသတွင် အဆောက်အအုံများ၏ ဘေးကင်းလုံခြုံမှုကို မြှင့်တင်နိုင်ရေးအတွက် အရည်အသွေးမြင့် သံမဏိများ အသုံးပြုရန် အလွန်အရေးကြီးကြောင်း အာဆီယံ သံနှင့်သံမဏိကောင်စီ (ASEAN Iron & Steel Council - AISC) က အစီရင်ခံစာတစ်စောင် ထုတ်ပြန်၍ တိုက်တွန်းထားသည်။ အဆိုပါ အစီရင်ခံစာတွင် အာဆီယံနိုင်ငံများ၌ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများ၏ အရည်အသွေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို သုံးသပ်ထားပြီး Induction Furnace (IF) စနစ်ဖြင့် ထုတ်လုပ်သည့် သံမဏိများ၏ အရည်အသွေးဆိုင်ရာ အန္တရာယ်များကို...

အနီးစခန်းလေဆိပ်ကိုအခြေပြု၍ လေကြောင်းလိုင်း (၄)လိုင်းက မြို့ကြီးများသို့တိုက်ရိုက်ပျံသန်းပြေးဆွဲ

MAI ကလည်း ဇူလိုင် ၁၈ ရက်မှစတင်၍ ရန်ကုန်-ပြင်ဦးလွင်(အနီးစခန်း)ခရီးစဥ်ပျံသန်းပြေးဆွဲမည် ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့သော မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ်ကိုအခြေပြုပြီး လေကြောင်းလိုင်း(၄)လိုင်းက ရန်ကုန်မြို့နှင့် နေပြည်တော်တို့အပါအဝင် မြို့ကြီးများသို့ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ မြန်မာအမျိုးသားလေကြောင်းလိုင်း၊ မင်္ဂလာလေ ကြောင်းလိုင်း၊ အဲသံလွင်လေကြောင်းလိုင်းနှင့် မန်းရတ နာပုံလေကြောင်းလိုင်းတို့က စတင်ဖွင့်လှစ်သည့်နေ့မှစ ၍ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေနေ့များတွင် ရန်ကုန်မြို့၊ နေပြည်တော်၊ မန္တလေးမြို့၊ ရှမ်းပြည် နယ်ရှိ တာချီလိတ်၊ ဟဲဟိုးမြို့များသို့တိုက်ရိုက်ခရီးစဉ်များအဖြစ်ပုံမှန်ပျံသန်းပြေးဆွဲလျက်ရှိကြောင်း...

လဝက ပြည်ထောင်စုဝန်ကြီးက လူမျိုးအမည်အခေါ်အဝေါ်အရေးအသားများတိကျမှန်ကန်စွာသတ်မှတ်နိုင်ရေးဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုဆွေးနွေး

လူမျိုးအမည်အခေါ်အဝေါ်အရေးအသားများတိကျမှန် ကန်စွာသတ်မှတ်နိုင်ရေးဆောင်ရွက်ရမည့်လုပ်ငန်းအစီ အစဉ်များနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် ကရှင်းလင်းဆွေးနွေးပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က ဇူလိုင် ၁၃ ရက်မွန်း လွဲပိုင်းတွင် ချင်းပြည်သစ်ကွန်ဂရက်ပါတီဥက္ကဋ္ဌဦးစိုးထက်(ခ)ဆလိုင်းမဲလု အားလက်ခံတွေ့ဆုံစဥ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာ၌ ဝန်ကြီးဌာနအနေဖြင့် လုပ်ထုံး လုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးမည့်အခြေအ နေများကိုလည်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။ ထို့အတူ ချင်းပြည်သစ် ကွန်ဂရက်ပါတီဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ချင်းပြည်နယ်နှင့် ရခိုင်ပြည် နယ်တို့ရှိ ချင်းနှင့် ရခိုင်မျိုးနွယ်စုအတွင်း လူမျိုးအ မည်၊ အခေါ်အဝေါ် အသုံးအနှုန်းများကွဲလွဲနေမှုနှင့် မှန် ကန်စွာသတ်မှတ်ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုများကိုရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့ပြင် လိုအပ်ချက်များရှိပါက လဝက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071