Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeNewsFootballစပိန်တို့ ၄ ကြိမ်မြောက်...

စပိန်တို့ ၄ ကြိမ်မြောက် ယူရိုချန်ပီယံဖြစ်လာပြီး ဖိုင်နယ်နှစ်ကြိမ်ဆက်တက်ခဲ့တဲ့ အင်္ဂလန် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပြန်

ဒီနေ့မနက်အစောပိုင်းမှာ ကစားသွားတဲ့ ယူရို ၂၀၂၄ နောက်ဆုံးဗိုလ်လုပွဲမှာတော့ ယခုနှစ်ပြိုင်ပွဲမှာ တောက်လျှောက်ခြေစွမ်းကောင်းရနေတဲ့ စပိန်တို့ဟာ အင်္ဂလန်တို့ ၂-၁ နဲ့နိုင်ပြီး ယူရိုဖလားကြီးကို ကိုင်မြောက်နိုင်ခဲ့ပါတယ်။

အင်္ဂလန်ကတော့ ၂၀၂၀၊ ၂၀၂၄ နှစ်ကြိမ်ဆက် ယူရိုဖိုင်နယ်ကို တက်ခဲ့ပေမယ့် ဆုဖလားနဲ့ ဆက်လက်ကင်းဝေးနေဆဲဖြစ်ပါတယ်။

နှစ်သင်းစလုံးဟာ လူငယ်ကစားသမားကောင်းတွေပိုင်ဆိုင်ထားကြတာဖြစ်ပြီး လူစုံထုတ်ကစားသွားခဲ့ပါတယ်။ စပိန်လူငယ်ကစားသမားနှစ်ဦးဖြစ်တဲ့ ဝီလီယံနဲ့ယာမင်လာမယ်တို့ရဲ့ တောင်ပံနှစ်ဖက်က ထိုးဖောက်တိုက်စစ်ဆင်မှုတွေဟာ အင်္ဂလန်နောက်တန်းလူတွေကို အလုပ်ရှုပ်စေခဲ့တာတွေ့ရပါတယ်။ စပိန်ဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကို စိုးမိုးကစားခဲ့ပါတယ်။ အင်္ဂလန်ကတော့ ဘယ်လင်ဂမ်၊ ဆာကာ၊ ဖိုဒန်တို့ရဲ့ တိုးအားတွေနဲ့ တန်ပြန်တိုက်စစ်ကစားခဲ့ပါတယ်။ ပထမပိုင်းမှာတော့ နှစ်သင်းစလုံး ဂိုးသွင်းနိုင်ခြင်းမရှိဘဲ သရေနဲ့ အဆုံးသတ်ခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ထုံးစံအတိုင်း အင်္ဂလန်တို့ရဲ့ အထနှေးမှုကို လျင်မြန်တဲ့ စပိန်တိုက်စစ်က အခွင့်ကောင်းယူကာ ဦးဆောင်ဂိုးစရသွားခဲ့ပါတယ်။ ၄၇ မိနစ်မှာ ယာမင်လာမယ်ချပေးလိုက်တဲ့ ဘောလုံးကို စီလီယံက ကန်သွင်းကာ ဂိုးအဖြစ်ပြောင်းလဲခဲ့တာပါ။

ယင်းနောက် အင်္ဂလန်တို့ ချေပဂိုးရဖို့တင်ကစားလာခဲ့ပြီး လူစားလဲမှုအချို့လည်း လုပ်ခဲ့ပါတယ်။ ၇၃ မိနစ်မှာတော့ အင်္ဂလန်တို့ ချေပဂိုးရသွားခဲ့ပြီး ဘယ်လင်ဂမ်ချပေးတဲ့ဘောလုံးကို လူစားဝင်ကစားသမား ပါးလ်မာက အပြင်းကန်သွင်းပြီး ချေပဂိုးရယူပေးခဲ့တာဖြစ်ကာ နည်းပြဆောက်ဂိတ်ရဲ့ လူစားလဲမှုဟာ ဒီတစ်ကြိမ်မှာလည်း အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။

ဒီဂိုးရလဒ်နဲ့ ပွဲပြီးတော့မယ်လို့ ထင်မှတ်ခဲ့ရပေမယ့် ၈၇ မိနစ်မှာ စပိန်တို့ ဒုတိယဦးဆောင်ဂိုးရသွားခဲ့ပါတယ်။ စပိန်ရဲ့ လူစားဝင်ကစားသမား အိုယာဇဗာက အင်္ဂလန်နောက်တန်းလူတွေကို ဖြတ်ကျော်ကာ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ယင်းနောက် အင်္ဂလန်ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးရရှိခြင်း မရှိတော့ပဲ ၂-၁ ဂိုးရလဒ်နဲ့ ပွဲပြီးခဲ့ပါတယ်။

အနိုင်ရခဲ့တဲ့ စပိန်ဟာ ယူရိုဖလားကို ၄ ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး အင်္ဂလန်တို့ကတော့ အဓိကဆုဖလားတစ်လုံး အသည်းအသန်လိုအပ်ခဲ့ပေမယ့် နှစ်ကြိမ်ဆက် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရသလို အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းအနေနဲ့လည်း သူရဲ့ ဖလားလက်မဲ့ ကံကြမ္မာကို အဆုံးသတ်နိုင်ခဲ့ခြင်း မရှိသေးပါဘူး။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု လန်ဒန်မြို့ရှိ မြန်မာသံအမတ်ပြော

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို မေ ၁၂ ရက်က ကျင်းပသည့် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN London Committee-ALC) နှင့် ယူကေ-အာဆီယံစီးပွားရေးကောင်စီ (UK-ASEAN Business Council-UKABC) တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာသံအမတ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို ဦးစားပေးဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာကျောင်းသားလူငယ်များ၏ အနာဂတ်အတွက် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ဂုဏ်ပြုပွဲ ရန်ကုန်မြို့တွင် ကျင်းပ

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ သံတမန်များ၊ The Art of Living (ရန်ကုန်)မှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ စွာတက်ရောက်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး နှင့် The Art of Living ဒါရိုက်တာများမှ ဆီမီးထွန်းညှိဖွင့်လှစ်ခဲ့သည်။ ထို့နောက် The...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀) ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့် ညနေပိုင်းတို့က လုံ ခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များ သည် မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်နေသည့် တ ရုတ်နိုင်ငံသား(၉၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများစွာနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ ထိရောက်အရေးယူခြင်း၊ နောက်ကွယ်မှပါဝင်ပတ်သက်သူများကိုစိစစ်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်ခြင်း၊ သိမ်းဆီးရမိပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071