Friday, August 14, 2026

မီတာအသစ်များ မနက်ဖန်(ဩဂုတ် ၁၅ ရက်)မှ...

နေပြည်တော်၊ဩဂုတ်-၁၄ လျှပ်စစ်မီတာ မရှိသေးသည့် ပြည်သူများအနေဖြင့် အိမ်သုံး၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းများအတွက် လျှပ်စစ်မီတာအသစ်များကို လျင်မြန်စွာ ရရှိနိုင်ရေးအတွက် မီတာအသစ်များကို Website မှတစ်ဆင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း...

Myanmar Women’s League ဒုတိယအကျော့အတွက်...

ရန်ကုန်၊ဩဂုတ်-၁၄ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့ ကြီးမှူးကျင်းပနေသည့် Myanmar Women’s League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ကို အောက်တိုဘာ ၁၉...

ကျောက်တံတားမြို့နယ်အတွင်း ဆေးခတ်ခြင်းနှင့်ဆေးဖြန်းခြင်းများဆောင်ရွက်

ရန်ကုန်၊ဩဂုတ်-၁၄ ယနေ့ ဩဂုတ် ၁၄ ရက်နေ့လည်ပိုင်းတွင် ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ဝမ်းပျက်၊ဝမ်းလျှောဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန် ဆေးခတ်ခြင်းနှင့်ဆေးဖြန်းခြင်းများဆောင်ရွက်ခဲ့‌သည်။ ထို့ပြင် ကျောက်တံတားမြို့နယ်၌ ဝမ်းပျက်၊ဝမ်းလျှောဖြင့် ဆေးရုံတတ်ရသည့်လူနာများရှိသည့်အတွက် ယင်းနေအိမ်များသို့...

တောင်ပြုံးပွဲတော်ကာလ သူရဲဈေး–တောင်ပြုံး အထူးရထား နေ့စဉ်...

မန္တလေး၊ ဩဂုတ် - ၁၄ တောင်ပြုံးပွဲတော်သို့ သွားရောက်မည့် ဘုရားဖူးပြည်သူများနှင့် ပွဲတော်လာရောက်သူများ သွားလာရေးအဆင်ပြေစေရန် မန္တလေးမြို့ သူရဲဈေးဘူတာမှ တောင်ပြုံးဘူတာအထိ အထူးရထားခရီးစဉ်များကို ဩဂုတ်...
HomeMyanmar Theatrical Traditionစတိတ်ရှိုး လုံးဝမပါဘဲ မြန်မာမှုအနုပညာတွေနဲ့ပဲ...

စတိတ်ရှိုး လုံးဝမပါဘဲ မြန်မာမှုအနုပညာတွေနဲ့ပဲ တင်ဆက်နေတဲ့တင်မောင်ဆန်း မင်းဝင်းရဲ့ မိုးရာသီ ဖျော်ဖြေပွဲ

တင်မောင်ဆန်းမင်းဝင်းက မိုးရာသီအထူးဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ မျှော်စင်ကျွန်းက ရွှေဇာတ်ရုံမှာ ကပြလျက်ရှိပါတယ်။ အပတ်စဉ်စနေနဲ့ တနင်္ဂနွေနေ့တွေမှာကပြနေတာဖြစ်ပြီး ဒီနှစ်နဲ့ ဆိုရင် ၄ နှစ်မြောက်ရှိပြီလည်းဖြစ်ပါတယ်။ သူဟာ မိုးရာသီဖျော်ဖြေ ပွဲကို ကပြရခြင်းက မြန်မာ့ဇာတ်သဘင်ကို လူငယ်တွေကြားထဲမှာပျံ့နှံ့စေလိုတဲ့ ရည်ရွယ်ချက်တွေကြောင့်လည်း ဖြစ်ပါတယ်။ ဒီရည် ရွယ်ချက်တွေနဲ့အတူ မြန်မာ့ဇာတ်သဘင်ရဲ့ တင်ဆက်မှုစစ်စစ် တွေကိုပဲ ပြသခဲ့တာဖြစ်ပြီး စတိတ်ရှိုး မပါဝင်ပါဘူး။ မြန်မာ့ ဇာတ်သဘင်မှာ စတိတ်ရှိုးတွေကြီးပဲ ကြီးစိုးနေတယ်လို့ ပြောနေ ကြတဲ့ အပြောတွေကို တင်မောင်ဆန်းမင်းဝင်းရဲ့ မိုးရာသီ ဖျော်ဖြေ ပွဲက ချေဖျက်လိုက်တာပဲ ဖြစ်ပါတယ်။

“သဘင်အားနည်းနေတဲ့ အချိန်မှာ ကျွန်တော်တို့တွေ ဆွဲတင် ပေးနေပါတယ်။ အခုဆိုရင်လည်း ပွဲကိုလာ ကြည့်တဲ့သူတွေလည်း ကြိုက်အောင် တီဗီဖန်သားပြင်က ပရိသတ်တွေ ကြိုက်အောင် လုပ်ပေးရပါတယ်။ အဲဒီလိုကြိုက်အောင် တင်ဆက်တဲ့အခါမှာ ကျွန်တော်အမျိုးမျိုးစဉ်းစားရပါတယ်။ ကျွန်တော့်အနေနဲ့ တတ်နိုင် သလောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ သမိုင်း လေး ကောင်းအောင်ပေါ့လေ။ ကျွန်တော်တို့ အားနည်းသွားတဲ့ အရာက ပရိသတ်အကြိုက်လိုက်ရင်းနဲ့ နောက်ပိုင်းကဏ္ဍတွေ မလုပ် ကြတော့ဘူး။ စတိတ်ရှိုးလို့ အော်နေကြတဲ့အချိန်မှာ စတိတ်ရှိုးပဲ လုပ်ခဲ့ကြတယ်။ ကျွန်တော်တို့က အစပေါ့လေ။ ဒီမိုးရာသီ ဖျော်ဖြေပွဲ မှာဆိုရင် စတိတ်ရှိုးမပါဘူး။ စတိတ်ရှိုးမပါတာကို လူတွေ မပျင်း အောင် တင်ဆက်ပေးထားပါတယ်”လို့ တင် မောင်ဆန်းမင်းဝင်းက ပြောပါတယ်။ မိုးရာသီ ဖျော်ဖြေပွဲက ငွေကြေးအမြတ်အစွန်းထက် အနုပညာကိုသာ အဓိက ထားပြီးပြသချင်လို့ ပြု လုပ်တဲ့ပွဲလည်းဖြစ်ပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

မီတာအသစ်များ မနက်ဖန်(ဩဂုတ် ၁၅ ရက်)မှ စတင်ကာ Website မှတစ်ဆင့် လျှောက်ထားနိုင်ပြီ

နေပြည်တော်၊ဩဂုတ်-၁၄ လျှပ်စစ်မီတာ မရှိသေးသည့် ပြည်သူများအနေဖြင့် အိမ်သုံး၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းများအတွက် လျှပ်စစ်မီတာအသစ်များကို လျင်မြန်စွာ ရရှိနိုင်ရေးအတွက် မီတာအသစ်များကို Website မှတစ်ဆင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ တစ်ဆင့်ခံပွဲစားများနှင့် ဝန်ထမ်းများ ပါဝင်ပတ်သက်မှု ကင်းဝေးပြီး အချိန်နှင့် စရိတ်စက သက်သာစေရန်ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစတင်ကာ Website မှတစ်ဆင့် ရုံးချုပ်သို့ တိုက်ရိုက်လျှောက်ထားနိုင်ပြီဖြစ်သည်။ Website မှတစ်ဆင့် လျှောက်ထားရာတွင် ဌာန၏ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ပေးသွင်းရမည့် ကြီးကြပ်ခ၊ မီးသွယ်ခ၊ မီးဆက်ခ...

Myanmar Women’s League ဒုတိယအကျော့အတွက် ကစားသမားအပြောင်းအရွှေ့ကာလ သတ်မှတ်

ရန်ကုန်၊ဩဂုတ်-၁၄ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့ ကြီးမှူးကျင်းပနေသည့် Myanmar Women’s League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ကို အောက်တိုဘာ ၁၉ ရက်မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဒုတိယအကျော့အတွက် အသင်းများအ နေဖြင့် ကစားသမားအသစ်များ ခေါ်ယူခြင်း၊ ကစားသမားအပြောင်းအရွှေ့ပြု လုပ်ခြင်းနှင့် စာချုပ်သက်တမ်းတိုးခြင်းများ ဆောင်ရွက်နိုင်ရန် 2nd Round Player Transfer Window Period ကို ဩဂုတ် ၁၁ ရက်မှ...

ကျောက်တံတားမြို့နယ်အတွင်း ဆေးခတ်ခြင်းနှင့်ဆေးဖြန်းခြင်းများဆောင်ရွက်

ရန်ကုန်၊ဩဂုတ်-၁၄ ယနေ့ ဩဂုတ် ၁၄ ရက်နေ့လည်ပိုင်းတွင် ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ဝမ်းပျက်၊ဝမ်းလျှောဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန် ဆေးခတ်ခြင်းနှင့်ဆေးဖြန်းခြင်းများဆောင်ရွက်ခဲ့‌သည်။ ထို့ပြင် ကျောက်တံတားမြို့နယ်၌ ဝမ်းပျက်၊ဝမ်းလျှောဖြင့် ဆေးရုံတတ်ရသည့်လူနာများရှိသည့်အတွက် ယင်းနေအိမ်များသို့ သွားရောက်ပြီး မြို့နယ်ကျန်းမာရေးအဖွဲ့နှင့် စည်ပင်မှ ဆေးဖြန်းခြင်းများကိုဆောင်ရွက်ခဲ့ကြသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်မှ ၁၂ ရက်နေ့အထိ ၄ ရက်တာကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံလာရောက်ပြသသူ လူနာ ၁၈၀ ကျော်ရှိခဲ့ပြီး ၎င်းတို့အနက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့ရှိသူ ၅၄ ဦးအထိ ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071