Friday, May 1, 2026

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိလာသည့် အိန္ဒိယရေတပ်ဦးစီးချုပ်

အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ချစ် ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မေ...
HomeNewsLocal Newsစတားလင့်နှင့်အပြိုင်ဆက်သွယ်ရေး ဂြိုဟ်တုကို ရုရှားလွှတ်တင်မည်

စတားလင့်နှင့်အပြိုင်ဆက်သွယ်ရေး ဂြိုဟ်တုကို ရုရှားလွှတ်တင်မည်

ဩဂုတ် ၂၇

ရုရှားအာကာသအေဂျင်စီသည် အီလွန်မက်စ် ၏ စတားလင့် ဆက်သွယ်ရေးကွန်ရက်ကို ပြိုင်ဆိုင်ရန်အတွက် ၎င်း၏ပထမအသုတ် ဂြိုလ်တုအင်တာနက်စက်များကို ယခုနှစ်နှောင်းပိုင်းတွင် လွှတ်တင်ရန် စီစဉ်နေကြောင်း ရိုစ့်ကော့်စမတ်အကြီးအကဲ ဒီမီသရီ ဘာဂါနော့ဖ် က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

“ပထမအကြိမ်လွှတ်တင်ဖို့ စီစဉ်ထားပါတယ်” ဟု ဘာဂါနော့ဖ် မက အစိုးရပိုင် တပ်စ်သတင်းဌာနသို့ ပြောကြားခဲ့ပြီး အဆိုပါမစ်ရှင်တွင် ဂြိုဟ်တု ၁၆ လုံး သယ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “စတားလင့် ကို အသုံးပြုတဲ့ပုံစံအတိုင်းပါပဲ”ဟု ဆိုထားသည်။

ရုရှားလေကြောင်းအာကာသကုမ္ပဏီဗျူရို ၁၄၄၀ မက တီထွင်ထုတ်လုပ်ထားသော ရာ့စ်ဗက်  ဂြိုဟ်တုများသည် ဘရော့ဘန်း အင်တာနက် ဝန်ဆောင်မှုပေးရန်အတွက် ဒီဇိုင်းထုတ်ထားသည်။ ဂြိုလ်တု ၂၅၀ ကျော်ပါဝင်သည့် စီးပွားဖြစ်ဝန်ဆောင်မှုများဖြင့် ၂၀၃၅ ခုနှစ်တွင် အလုံး ၉၀၀ ကျော်ကို လွှတ်တင်နိုင်မည်ဟု ခန့်မှန်းထားပြီး ၂၀၂၇ ခုနှစ်တွင် စတင်ရန် စီစဉ်ထားသည်။

ဗုဒ္ဓဟူးနေ့တွင် ဘာဂါနော့်ဖ် က ရိုစ့်ကော့်စမတ် သည် ထိုဂြိုလ်တုများကို ယခုနှစ် ဒီဇင်ဘာလတွင် လွှင့်တင်ဖြန့်ကျက်ချထားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရာ့စ်ဗက် သည် ရူဘယ် ၄.၄ ထရီလျံ(ဒေါ်လာ ၅၇ ဘီလျံ) တန်ဖိုးရှိသော ရုရှားနိုင်ငံ အာကာသဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး သမ္မတ ဗလာဒီမာပူတင်က ပြီးခဲ့သည့် သီတင်းပတ်က ထောက်ခံအားပေးခဲ့သည်။

စတားလင့်ဆက်သွယ်ရေးပစ္စည်းများသည် ရုရှား၏ ၂၀၂၂ ခုနှစ် ယူကရိန်းနှင့် ဖြစ်သော ပဋိပက္ခ၏ စစ်မြေပြင်ဆက်သွယ်ရေးအတွက် အဓိကသော့ချက်ဖြစ်သည်။ ရုရှားတပ်များသည် ယူကရိန်းတပ်များက တတိယနိုင်ငံမှ တရားမဝင်ရရှိသော စတားလင့်စက်များကို အသုံးပြုနေသည်ဟု ကီယက်ဗ်ကို စွပ်စွဲထားသည်။

ပူတင်သည် ၂၀၁၈ ခုနှစ်တွင် စတားလင့်  ပြိုင်ဘက် ဆာဖီရာ  ကိုပထမဆုံးကြေငြာခဲ့သော်လည်း ရိုစ့်ကော့်စမတ်  အပေါ်ပိတ်ဆို့အရေးယူမှုများကြောင့်စီမံကိန်းကိုဖျ-က်သိမ်းခဲ့ရသည်။

ရိုစ့်ကော့်စမတ် သည် ၂၀၂၃ ဇွန်လတွင် ရာ့စ်ဗက်- ၁ စီမံကိန်းအောက်တွင် ဂြိုဟ်တု သုံးလုံးကို လွှင့်တင်ခဲ့သည်။ ယင်းအချိန်က ဦးဆောင်သူမှာ ဒါရိုက်တာဟောင်း ယူရီ ဘိုရီဆော့ဖ် ဖြစ်ပြီး၊ ပျ-က်ကွ-က်မှုများစွာနှင့် အစီအစဉ်များရပ်နားခြင်းတို့ကြောင့် ၂၀၂၄ ဖေဖော်ဝါရီတွင် တာဝန်မှ ဖြုတ်ချခံရခဲ့သည်။

Ref: သည်မော်စကိုတိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀) ကျော်အား ပဲဆွမ်းလောင်းလှူ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊ တာ ဝန်ရှိသူများက ရွှေယဉ်မျှော်စေတီတော်ရှိ မဟာဗောဓိပင်အားညောင်ရေသွန်းလောင်းပူဇော်ပြီးနောက် ဘားအံမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၅၇)ကျောင်းနှင့် သီလရှင်ကျောင်း(၁၅)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်(၂,၃၈၀)ပါးတို့အား မိုးတွင်းကာလ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရန်ရည်ရွယ်၍ မတ်ပဲ၊ ကုလားပဲ၊ ပဲဝါခြမ်းနှင့် ပဲဖြူလေး(ပဲအမျိုးမျိုး) တို့ကိုလောင်းလှူခဲ့ကြသည်။ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွင် ပဲဆွမ်းလောင်းလှူသောအလေ့အထသည် ရှေးယခင်ကတည်းကရှိခဲ့ကာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကဆုန်လပြည့်နေ့၌ ပဲဆွမ်းလောင်းလှူခြင်းသည် ထူးခြားသည့်အစဉ်...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော နိုင်ငံတော်အလုပ်သမားနေ့၌ ၎င်း၏ လုပ်သားအင်အားဆိုင်ရာ မဟာဗျူဟာကို ဖွဲ့စည်းပုံဆိုင်ရာ၌ အကြီးအကျယ် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ဒ်ချနန် ဝေါင်ဆာဝတ်က ၎င်း၏ မိန့်ခွန်းတွင် နိုင်ငံ့လုပ်သားအင်အားအတွက် အန္တရာယ်နှစ်ရပ်ရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ယင်းတို့မှာ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ထောက်ပံ့ရေးကွင်းဆက် မတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာသော ပြင်ပစီးပွားရေး ဖိအားများဖြစ်ပြီး ယင်းနှင့်အတူ ဉာဏ်ရည်တု (AI) နည်းပညာ၊...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန် သောကြာနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။ Milli Majlis ဟု သိကြသော ပါလီမန်သည် ဥရောပပါလီမန်နှင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ရန်နှင့် အီးယူ-အဇာဘိုင်ဂျန် ပါလီမန်ချင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတွင် ပါဝင်မှုကို အဆုံးသတ်ရန် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုသည်။ နွေဦးကာလ ပါလီမန်အစည်းအဝေး ဖွင့်လှစ်ချိန်တွင် ပါလီမန် ဥက္ကဋ္ဌ ဆာဟီဘာ ဂါဖာရိုဗာ က ဥရောပပါလီမန်၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071