Sunday, September 20, 2026

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ...

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s...

စက်တင်ဘာ ၂၄ ရက်အထိ ရန်ကုန်အပါအဝင်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၂၀ ရက်မှ စက်တင်ဘာ ၂၄ ရက်အတွင်း...

Saw Friday ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူပြီး...

ရန်ကုန်၊ စက်တင်ဘာ ၂၀ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026)...

ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ ငါးရက်တိုင် တရားပွဲများ...

ရန်ကုန်၊ စက်တင်ဘာ ၂၀ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်တိုင်...
HomeNewsLocal Newsစည်းလုံးသောနိုင်ငံ၊ ညီညွတ်သောနိုင်ငံ၊ နိုးကြားကြိုးစားသောနိုင်ငံသည်...

စည်းလုံးသောနိုင်ငံ၊ ညီညွတ်သောနိုင်ငံ၊ နိုးကြားကြိုးစားသောနိုင်ငံသည် အမြဲထာဝရဖွံ့ဖြိုးတိုးတက်နေမည်ဟု နစက ဥက္ကဋ္ဌပြော

စည်းလုံးသောနိုင်ငံ၊ ညီညွတ်သောနိုင်ငံ၊ နိုးကြားကြိုးစားသောနိုင်ငံသည် အမြဲထာဝရဖွံ့ဖြိုးတိုးတက်နေမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်တွင်ကျရောက်သည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့၍ ပြောဆိုခဲ့ခြင်းဖြစ်သည်။

” စည်းလုံးညီညွတ်မှုမရှိရင် နိုင်ငံဟာ ရေနစ်ဆားလို ပျက်စီးပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ဆောင်ရွက်ရပါမယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး ပကတိလိုအပ်ချက်သည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးဖြစ်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှသာ တရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်နိုင်မည်ဖြစ်ကာ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှု၊ ဘဝလုံခြုံမှုနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတို့ကိုလည်း ဆောင်ကြဉ်းပေးနိုင်မည်ဟု ပြောသည်။

ထို့ပြင် တိုင်းပြည်စည်းလုံးမှုပြိုကွဲပါက အင်အားချည့်နဲ့ကာ ခေတ်သစ်ကိုလိုနီနယ်ချဲ့များပါဝင်ပတ်သက်ဝင်ရောက်စွက်ဖက်လာနိုင်သည်ကို သတိပြုရမည်ဖြစ်ပြီး မြန်မာနိုင်ငံကြီး လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သည့်နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲစေရန်၊ သူတစ်ပါးလက်အောက်ခံမဖြစ်စေရန်၊ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးစေရန်နှင့် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် တိုင်းရင်းသားပြည်သူများက စည်းလုံးညီညွတ်စွာဖြင့် အကြမ်းဖက်မှုများကိုတားဆီးဟန့်တားကြရမည်ဟု ပြောသည်။

ထို့အတူ နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသော အစိုးရ၊ တပ်မတော်နှင့် ပြည်သူ လူထုတို့ စိတ်တူကိုယ်တူတစ်သားတည်းရှိနေမှသာ မြန်မာနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲနေမည်ဖြစ်၍ “ပြည်ထောင်စုတိုင်းရင်းသားအားလုံး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူ အတူတကွလက်တွဲကြိုးပမ်းဆောင်ရွက်ကြရန်” နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ ရွှေတံဆိပ်ဆွတ်ခူး

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s Singles အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောကစားသမား ခင်နှင်းဝေက ရှုံးပွဲမရှိ ယှဉ်ပြိုင်ကာ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ခင်နှင်းဝေသည် အုပ်စုအဆင့်တွင် ပြိုင် ဘက်များကို ဆက်တိုက်အနိုင်ရရှိခဲ့ပြီး သုံးပွဲကစား သုံးပွဲအနိုင်ဖြင့် အုပ်စုပထမနေရာရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် လက်ဘနွန်ကစားသမားနှင့် ယှဉ်ပြိုင်ခဲ့ပြီး နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိကာ ဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမားနှင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး...

စက်တင်ဘာ ၂၄ ရက်အထိ ရန်ကုန်အပါအဝင် ဒေသအများစု မိုးထစ်ချုန်းရွာမည်၊ ဒေသအချို့ မိုးကြီးနိုင်

ရန်ကုန်၊ စက်တင်ဘာ ၂၀ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၂၀ ရက်မှ စက်တင်ဘာ ၂၄ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအချို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂၀ ရက် နံနက် ၇ နာရီတွင် ထုတ်ပြန်သည်။ မိုးထစ်ချုန်းရွာနိုင်သည့် ဒေသများမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနှင့်...

Saw Friday ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူပြီး တက်ဂ်ဘော ကြေးတံဆိပ်ဆွတ်ခူး

ရန်ကုန်၊ စက်တင်ဘာ ၂၀ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘော အမျိုးသားတစ်ဦးချင်း (Men’s Singles) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ကစားသမား Saw Friday သည် ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ရရှိကာ ကြေးတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ Saw Friday သည် ယနေ့ စက်တင်ဘာ ၂၀ ရက်က တတိယနေရာအတွက် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ဖိလစ်ပိုင်ကစားသမားကို ၁၂-၇ ရလဒ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071