ယခုသီတင်းပတ်အတွင်း လူ ၂၆ ဦး ေ-သဆုံးခဲ့သည့် ကမ္ဘာလှည့်ခရီးသည်များကို တို-က်ခိုက်မှုတွင် ပါဝင်ပတ်သက်သည့် သံသယရှိ စစ်သွေးကြွသုံးဦး၏ အမည်ကို အိန္ဒိယအုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသ ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပြီး ၎င်းတို့ကို ဖမ်းဆီးရမိရေးအတွက် သတင်းပေးနိုင်သူများကို ဆုကြေးချီးမြှင့်မည်ဟု ကြေညာခဲ့သည်။
စစ်သွေးကြွသုံးဦးအနက် နှစ်ဦးသည် ပါကစ္စတန်နိုင်ငံသားများဖြစ်သည်ဟု ကြာသပတေးနေ့ကသတင်း ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
တစ်ချိန်တည်းမှာပင် ကက်ရှ်မီးယားတို-က်ခိုက်မှုဖြစ်ပွားပြီးနောက် မြစ်ကြောင်းဆိုင်ရာ စာချုပ်ကို အိန္ဒိယဘက်က ဆိုင်းငံ့လိုက်ခြင်းသည် ရေစစ်ပွဲဆင်နွှဲလိုက်ခြင်းဖြစ်သည်ဟု ပါကစ္စတန်အစိုးရဝန်ကြီးတစ်ဦးက ပြောဆိုလိုက်သည်။
တိုက်ခိုက်မှုသည် နယ်စပ်ဖြတ်ကျော် ချိတ်ဆက်မှုရှိကြောင်းကို လုံခြုံရေးဆိုင်ရာ အစိုးရကော်မတီကို ရှင်းပြခဲ့ပြီး နူးဒေလီသည် ဆယ်စုနှစ်ခြောက်ခုကြာ မြစ်ရေခွဲဝေသုံးစွဲရေး စာချုပ်ကို ဆိုင်းငံ့မည်ဖြစ်ကြောင်းနှင့် အိမ်နီးချင်းနှစ်နိုင်ငံအကြား တစ်ခုတည်းသော ကုန်းမြေနယ်စပ်ဂိတ်ကို ပိတ်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Vikram Misri က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
“အိန္ဒိယက အင်ဒုစ်မြစ်ရေစာချုပ်ကို မဆင်မခြင် ဆိုင်းငံ့လိုက်တာဟာ ရေစစ်ပွဲ ဆင်နွှဲလိုက်တာဖြစ်ပြီး သူရဲဘောကြောင်တဲ့ တရားမဝင်လုပ်ရပ်ပါ” ဟု ပါကစ္စတန် စွမ်းအင်ဝန်ကြီး Awais Lekhari က ဗုဒ္ဓဟူးနေ့ညပိုင်းက တင်ခဲ့သည့် X ပို့စ်တစ်ခုတွင် ပြောဆိုခဲ့သည်။
Ref: bdnews24, The Hindu BusinessLine