Sunday, May 25, 2025

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက...

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေ ကဇာတင်

၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီး(၁၁)ပါးနှင့်ပင့်သံဃာ့တော်(၁၀၈)ပါးတို့က ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံပတ္တမြားမျက်ရှင်တန်ဆောင်းနှင့် စေတီတော်အာရုံခံမုခ်ဦးလေးဘက်ဧည့်ခံတန်ဆောင်းများ၌...
HomeNewsLocal Newsစစ်ဆေးရေး တင်းကြပ်မှုနှင့် လုံခြုံရေးစိုးရိမ်မှုများကြောင့်...

စစ်ဆေးရေး တင်းကြပ်မှုနှင့် လုံခြုံရေးစိုးရိမ်မှုများကြောင့် ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးလာရောက်သူ နည်းပါးနေ

မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအစပ်ရှိ နာမည်ကျော် ညောင်ခါးရှည် စစ်ဆေးရေးဂိတ်အပါအဝင် ရန်ကုန် – မော်လမြို င် လမ်းတစ်လျှောက် စစ်ဆေးရေး တင်းကြပ်မှုများနှင့် ထိတွေ့တိုက်ပွဲများ ၊ ဘုရားဖူးယာဉ် ပစ်ခတ်ခံရသည့် ဖြစ်စဉ်များကြောင့် ပြည်တွင်း ခရီးသွားများနှင့် ဘုရားဖူးခရီးသည်များ လာရောက်မှုအခြေအနေမှာ သိသိသာသာ ကျဆင်းခဲ့ကြောင်းသိရသည်။

” ညောင်ခါးရှည် ဂိတ်ကတော့ အဆိုးဆုံးပေါ့ ။ အခုတော့ နည်းနည်းပါးပါး ဖြေလျှော့ပေးတာတွေ့ရတယ်။ အိမ်စီးယာဉ်တွေကို X -Ray မဖြတ်ခိုင်းတော့ဘူးလို့ ကြားတယ်။ ကျန်တဲ့ ကားတွေတော့ အကုန်ဖြတ်နေရတုန်းပဲ။ အချိန်အရမ်းကြာတယ်။ ပြီးတော့ တောက်လျှောက် အစစ်အဆေးကြမ်းတယ်လေ ” ဟု ရန်ကုန် – မြဝတီ ကုန်ကားမောင်းနှင်သူတစ်ဦးက ပြောသည်။

ကျိုက်ထီးရိုး ဘုရားဖူးများအနေဖြင့် လက်ရှိတွင် တစ်ရက်လျင် (၅၀၀) ဝန်းကျင် ဝင်ရောက်မှု ရှိနေပြီး အချို့ရက်များတွင် (၁၀၀၀) ဝန်းကျင်အထိ ဝင်ရောက်မှု ရှိနေကြောင်း စေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် လုံခြုံရေးအပြည့်အဝ တာဝန်ယူထားသော် လည်း ဘုရားဖူး ယာဉ်များ ပစ်ခတ်ခံရသည့် ဖြစ်စဉ်များ ရှိခဲ့သည့်အတွက် ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများ ရှိနေဆဲ ဖြစ်ကြောင်း ကျိုက်ထီးရိုး စေတီ ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးစိုးတင့်က ပြောသည်။

” ဟုတ်တယ် ၊ တော်တော်နည်းသွားတယ်။ လတ်တလော လုံခြုံရေးကတော့ ရဲတပ်ရင်းက လာစောင့်ပေးပါတယ်။ လုံခြုံရေးကတော့ စိုးရိမ်စိတ်တွေ မရှိကြပါနဲ့။ ဘုရားဖူးလာလို့ရပါတယ်” ဟု ဦးစိုးတင့်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလလယ်ကကျိုက် ထီးရိုးဘုရား တောင်တက်ဂိတ်တွင် ပစ်ခတ်မှုများဖြစ်ပွားကာ ဘုရားဖူးပြည်သူ (၃)ဦး သေဆုံးကာ (၁၀) ဦးဝန်ကျင် ထိခိုက်ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မ​တော်နှင့် ဒေသတွင်းလက်နက်ကိုင် အဖွဲ့များအကြား အပြန်အလှန်စွပ်စွဲပြစ်တင်မှုများ လုပ် ဆောင်ခဲ့ကြသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလ (၂၅) ရက်ကလည်း ကျိုက်ထီးရိုးဘုရားဖူးရန်လာရောက်သည့် ယာဉ်တစ်စီးပေါ်သို့ လက်နက်ကြီးကျည်ကျကာ ပြည်သူ (၁) ဦး သေဆုံးပြီး (၇) ဦး ဒဏ်ရာအပြင်း အထန်ရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု မုပ္ပလင်စစ်ဆေးရေးဂိတ်အနီးတွင် ဖြစ်ပွားခဲ့သေးသည်။

” အဓိကတော့ လုံခြုံရေး အခြေအနေပေါ့ ။ ဘယ်အချိန် ဘာထဖြစ်မယ် မသိရဘူးလေ။ အခုက အပေါ်မှာရော အောက်မှာရော ရဲက လုံခြုံရေး ယူပေးထားတာတော့ ရှိပါတယ်။ ဒါပေမဲ့ တစ်ခုခုဖြစ်လို့ ကိုယ့်အဖွဲ့တွေ အန္တရာယ်ဖြစ်ရင် မကောင်းဘူးလေ။ ဒါကြောင့် အစ်မတို့အနေနဲ့တော့ ကျိုက်ထီးရိုး ခရီးစဉ်ကို မစီစဉ်ပေးတော့ဘူး ။ လာမေးရင်တော့ နီးစပ်ရာကို လမ်းညွှန်ပေးလိုက်တာပဲ” ဟု ပြည်တွင်းခရီးသွားအေဂျင်စီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ကျိုက်ထီးရိုးစေတီသို့ လာရောက်ဖူးမျှော်သည့် ဘုရားဖူးပြည်သူ (၃၀၀၀၀) ဝန်း ကျင် ဝင်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း၌ ဘုရားဖူးပြည်သူ (၂၀၀၀၀) ကျော် ၊ နိုဝင်ဘာလအတွင်းက (၁၅၀၀၀) ဝန်းကျင် အသီးသီး ဝင်ရောက်ခဲ့ကြောင်း စေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းက တောင်တက်ယာဉ်များ ၊ တည်းခိုဆောင်များ အခမဲ့ စီစဉ်ပေးသည့် အခြေအနေရှိခဲ့ပြီး လက်ရှိတွင်အဆိုပါ အစီအစဉ်များ မရှိတော့ဘဲ ပုံမှန်အတိုင်းပြန်လည်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

ကိုဗစ်မတိုင်ခင် နှစ်များဆီက ကျိုက်ထီးရိုးဘုရားရင်ပြင်​ပေါ် ​ခြေချစရာ ရှာရခက်​လောက်​အောင် ညဖက်အိပ်သူများဖြင့် ​ပျော်စရာ ကျိုက်ထီးရိုးညများကို​တော့ လွမ်း​နေကြဆဲဖြစ်သည်။

Photos-ကျိုက်ထီးရိုးရင်ပြင်​ပေါ်ပုံများက ပုံ​ဟောင်းများဖြစ်ပြီး ​ညောင်ခါးရှည်ဂိတ်ပုံများက လွန်ခဲ့​သော ၂လ​ကျော်က ပုံများဖြစ်ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အား ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။ အခမ်းအနားတွင် ဝစီပိတ်ဆရာတော်ကြီး၊ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့က သီလဓမ္မ ဆေးရုံတော်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ မင်္ဂလာမော်ကွန်းကမ္ပည်းတော်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများက သီလဓမ္မဆေးရုံတော်အတွင်းလှည့်လည်ကြည့်ရှု၍ သီလဓမ္မ...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ကျိုင်းတုံမြို့၊ တူးယားကျောင်းတိုက်ပဓာန နာယက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာသာမိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။ အခမ်းအနားတွင် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တက်ရောက်လာကြသူများက တူးယားကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များက...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ကျိုင်းတုံမြို့တွင် နေထိုင်သူဦးရေများပြားလာသဖြင့် ပြည်သူများကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးအား ကုတင်-၃၀၀ ဆံ့ဆေးရုံကြီးအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ လွယ်မွေမြို့ရှိ တိုက်နယ်ဆေးရုံအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုတို့ကို နစက ဥက္ကဋ္ဌအား တင်ပြခဲ့ကြသည်။ တင်ပြမှုများအပေါ် နစက ဥက္ကဋ္ဌက ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ဆေးရုံကြီးအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071