Monday, September 14, 2026

အမှတ် (၈) အစုန် DEMU...

နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသည့် DEMU အမြန်ရထားနှင့် တရားမဝင် လမ်းကူးမှ ဖြတ်သန်းလာသည့် ထွန်စက်တို့ တို-က်မိမှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦး...

ရွှေပြည်သာစက်မှုဇုန်များရှိ စက်ရုံများ၏ လုပ်ငန်းလည်ပတ်မှုအခြေအနေ တိုင်းဒေသကြီးဝန်ကြီး...

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက...

MSMEs လုပ်ငန်းများအတွက် နည်းပညာ ၁၀...

ပြည်တွင်းထွက်ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးနှင့် MSMEs များ၏ ပြည်တွင်း၊ ပြည်ပဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်နိုင်ရေးအတွက် “MSMEs များအား နည်းပညာဖြန့်ဝေခြင်းအစီအစဉ်...

အုပ်စုအဖွင့်ပွဲစဉ်တွင် တောင်ကိုရီးယားအသင်းကို ၅ ဂိုး...

ယနေ့ စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီအချိန်၌ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ အာရှအားကစားအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဥ်တွင် မြန်မာအမျိုး...
HomeNewsLocal Newsစစ်ကိုင်းမြို့ နှစ် ၇၀၀...

စစ်ကိုင်းမြို့ နှစ် ၇၀၀ အားကစားကွင်းကို နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်နေ

စစ်ကိုင်း၊ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ နှစ် ၇၀၀ အားကစားကွင်းကို နိုင်ငံတကာအဆင့်မီ ကွင်းတစ်ကွင်းဖြစ်လာစေရန်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်ဖြင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် အားကစားကွင်းအတွင်း ဘောလုံးကွင်းမြက်ခင်းနှင့် ရေဖျန်းစနစ် ပုံမှန်လည်ပတ်နိုင်ရေး ပြုပြင်ခြင်း၊ ဂါလန် ၃,၆၀၀ ဆံ့ ရေစင် (Over Head Tank) သစ် တည်ဆောက်ခြင်း၊ ပေ ၄၄၀ x ၃၅ ပေ အကျယ်ရှိ အမိုးမပါ ရိုးရိုးတန်း နှစ်ထပ်ပွဲကြည့်စင် တည်ဆောက်ခြင်း၊ ပေ ၂,၅၄၀ x ၇ ပေ အုတ်တံတိုင်းကာရံခြင်းနှင့် ဦးစီးအရာရှိနေအိမ် တည်ဆောက်ခြင်း စသည့် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လုပ်ငန်းခွင်သို့ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေး ထိန်းသိမ်းရေး၊ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း စနစ်တကျ တည်ဆောက်ရေးနှင့် ရေရှည်ခိုင်ခံ့မှုရှိစေရေးအတွက် လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေသည့် စစ်ကိုင်းမြို့နယ် ပိုးတန်းအားကစားကွင်းအတွင်း ခရိုင်အားကစားရုံ တည်ဆောက်ရေးလုပ်ငန်းခွင်ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမှတ် (၈) အစုန် DEMU အမြန်ရထားနှင့်တရားမဝင်လမ်းကူးမှ ဖြတ်ဝင်လာသည့် ထွန်စက် တို-က်မိ၊ ၂ ဦး‌ေ-သဆုံး

နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသည့် DEMU အမြန်ရထားနှင့် တရားမဝင် လမ်းကူးမှ ဖြတ်သန်းလာသည့် ထွန်စက်တို့ တို-က်မိမှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦး ‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၄ ရက်၊ နေ့လည် ၁၂ နာရီခွဲတွင် နေပြည်တော်မှ ထွက်ခွာလာသော အမှတ် (၈) အစုန် DEMU အမြန်ရထားသည် ညောင်လေးပင်-ပဲခူး လမ်းပိုင်းရှိ ပြွန်တန်ဆာနှင့် ဒိုက်ဦးဘူတာအကြားသို့ရောက်ရှိစဉ် တရားမဝင် လမ်းကူးမှ ရုတ်တရတ် ဖြတ်သန်းမောင်းနှင်လာသည့် ထွန်စက်နှင့် တို-က်မိခဲ့ခြင်းဖြစ်သည်။ ယင်းသို့ တို-က်မိမှုကြောင့်...

ရွှေပြည်သာစက်မှုဇုန်များရှိ စက်ရုံများ၏ လုပ်ငန်းလည်ပတ်မှုအခြေအနေ တိုင်းဒေသကြီးဝန်ကြီး ကွင်းဆင်းစစ်ဆေး

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက ရွှေပြည်သာစက်မှုဇုန် အမှတ် (၂)၊ (၃) နှင့် (၄) အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၏ လုပ်ငန်းလည်ပတ်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ စက်မှုဇုန် အမှတ် (၂)၊ (၃) နှင့် (၄) စီမံခန့်ခွဲရေးကော်မတီရုံး၌ ကော်မတီဥက္ကဋ္ဌ ဒေါက်တာထင်ကျော်ဦးနှင့် ကော်မတီဝင်များက စက်မှုဇုန်တည်ထောင်ထားရှိမှု၊ စက်ရုံနှင့် အလုပ်ရုံများ လည်ပတ်မှု၊ ရပ်နားထားမှုအခြေအနေများနှင့်...

MSMEs လုပ်ငန်းများအတွက် နည်းပညာ ၁၀ မျိုး ဖြန့်ဝေ၊ လုပ်ငန်းရှင် ၂၅၅ ဦး တက်ရောက်

ပြည်တွင်းထွက်ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးနှင့် MSMEs များ၏ ပြည်တွင်း၊ ပြည်ပဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်နိုင်ရေးအတွက် “MSMEs များအား နည်းပညာဖြန့်ဝေခြင်းအစီအစဉ် (၂၀၂၆)” ကို စက်တင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ ရန်ကုန်မြို့ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (DRI) ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအစီအစဉ်ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (DRI)၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန (DISI) နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071