အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ စစ်ကိုင်းမြို့ရှိ ငလျင်ဘေးဒဏ်သင့် အာမခံအလုပ်သမားများတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀) ရာခိုင်နှုန်းကို ပေးအပ်သည့် အစီအစဉ်ကို ဇူလိုင်လ (၁၇) ရက်၊ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ နှစ် (၇၀၀) အားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပခဲ့သ ည်။
အာမခံအလုပ်သမား (၁,၅၃၈)ဦးအတွက် လူမှုဖူလုံရေးထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀) ရာခိုင်နှုန်းအတွက် ငွေကျပ် (၉၇.၇၃၈)သန်းကို အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်ဦးက စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးအောင်ထံ လွှဲပြောင်းပေးအပ်သည်။
ထိုသို့ ပေးအပ်ရာတွင် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံ ရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်ဦးကအမှာစကားပြောကြားပြီး အကျိုးခံစားခွင့်ငွေများပေးအပ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ခေတ္တညွှန်ကြားရေးမှူချုပ် ဦးကျော်ကျော်ဦးတို့ က ငလျင်ဒဏ်ကြောင့်လုပ်ငန်းခွင်အတွင်း ထိခို-က် ေ-သဆုံးသွားသည့် အာမခံအလုပ်သမားများအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။
ဆက်လက်၍ အာမခံအလုပ်သမားများနှင့် မိသားစုဝင်များကိုယ်စားစစ်ကိုင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်၊ အလုပ်ရုံမှူး ဦးစိုးလွင်၊ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးတို့က ကျေးဇူတင်စကားများ ပြောကြားခဲ့သည်။
