မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခို-က်ပျ-က်စီးခဲ့ဘည့် စစ်ကိုင်းမြို၊ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရာကြီးအား ထုံးသင်္ကန်း ပြန်လည်ကပ်လှူပူဇော်နိုင်ရး၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်များ ပြန်လည်တင်လှူပူဇော်
နိုင်ရေးအတွက်လုပ်ငန်းများ ဆောင်ရွက်နေမှုများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ လမ်းပန်းဆက်သွယ်ရေးဝန် ကြီး ဦးခင်မောင်အေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ယနေ့ ဩဂုတ်(၂၇)ရက်တွင် သွားရောက်ကြည့်ရူခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် ဆွမ်းဦးပုညရှင် စေတီတော်နှင့် သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်မွမ်းမံနေမှုနှင့် ငလျင်လှုပ်ခတ်မှုကြောင့်ပြိုကျပျ-က်စီးခဲ့သည့် မဟာစေတီလှဘုရားကြီး အသစ်ပြန်လည်တည်ထားကိုးကွယ်နိုင်ရန်အတွက် လုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုမှုများလုပ်ဆောင်ခဲ့ပြီးနောက် တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များနှင့် တွေ့ဆုံပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
