ငလျင်ကြောင့် အသက်ဆုံးရှုံး ခဲ့ရသူများအတွက်ထောက်ပံ့သည့် ထောက်ပံ့ငွေပေးအပ်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နှစ်(၇၀၀)ဘောလုံးကွင်း မိုးလုံလေလုံ အားကစားခန်းမတွင် ဧပြီလ (၂၈) ရက်မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သ ည်။
ယင်းအခမ်းအနားတွင် ငလျင်ဘေးကြောင့် ေ-သဆုံးသူ များအတွက် တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်နှုန်းဖြင့် (၅,၄၆၀) သိန်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေပေးအပ်ရာသို့ တက်ရောက်လာကြသူများက ငလျင်ဘေးဒဏ်ကြောင့် ေ-သဆုံးသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်(၁)မိနစ်ငြိမ်သက်ဆုတောင်းခဲ့ကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံက ေ-သဆုံးသွားသူ များ၏ မိသားစုဝင်များအား အားပေးစကားပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌထံသို့ ထောက်ပံ့ငွေများ ပေးအပ်သည်။