နှစ်ဆူကိုဆောင်ရွက်ပြီးစီးပြီးဖြစ် လှူဒါန်းလိုသူများကို ဖိတ်ခေါ်
စစ်ကိုင်းတိုင်းဒေသကြီးတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်ဆီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံ၊ စေတီ၊ ပုထိုး စုစုပေါင်း(၁၁၈)ခုအနက် ပြန်လည်ပြုပြင်ထိန်းသိမ်းရန် ဦးစားပေးအဆင့်အလိုက် အဆင့်များခွဲခြားပြီး ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ အဆင့်များအရ ပထမဦးစားပေးအဆင့်ပြုပြင်ရန် ဘုရား ၉၅ ဆူအနက် ဩဂုတ်(၁၇)ရက်နေ့ထိ နှစ်ဆူဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ ၁၀ ဆူဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သိရသည်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းဘုရားများအား ပြန်လည်ပြုပြင်ရန် လှူဒါန်းလိုပါက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သာသနာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဂေါပကအဖွဲ့များထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း အသိပေးထားသည်၊
မန္တလေး၊စစ်ကိုင်းဒေသရှိ ရှေးဟောင်းဘုရားများပြုပြင်ရန် လှူဒါန်းထားခဲ့သည့် အလှူရှင်များအနေဖြင့် မိမိတို့ဘိုးဘွား၊ မိဘအဆက်ဆက်လှူဒါန်းခဲ့သည့် ရှေးဟောင်းဘုရားများ ထိခိုက်ပျက်စီးမှု ရှိ/မရှိ သိရှိလိုပါက myanmarearthquake.gov.mm Website တွင်ဖြစ်စေ စုံစမ်းမေးမြန်းကြည့်ရှုနိုင်ကြောင်းနှင့် ပျက်စီးမှုပြန်လည်ပြုပြင်လိုပါကလည်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။
