Thursday, August 14, 2025

တိုင်းနှင့်ပြည်နယ်(၄)ခုမှ​ငွေလဲလှယ်​ပေးခွင့်လိုင်စင်ရကုမ္ပဏီများကို ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌတွေ့ဆုံ

ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌဦးဇော်မြင့်နိုင်သည် ယနေ့ သြဂုတ် ၁၃ ရက်နံနက် ၁၀ နာရီက တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ကရင်...

၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့်...

ဩဂုတ်လ ၁၂ ရက်နေ့ (အင်္ဂါနေ့)က မွန်ဘိုင်း၌ ကျင်းပခဲ့သော ၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့် နက္ခတ္တဗေဒရူပဗေဒ အိုလံပစ်ပြိုင်ပွဲ (IOAA)...

လာမည့် ၂၄ နာရီအတွင်း အားကောင်းသောလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်း၊(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်နှင့် ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေ)တို့၌ ဖြစ်ပေါ် နေသော လေဖိ အားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိနေသည်ဟု မိုးဇလကအသိပေးခဲ့သည်။ ယင်း လေဖိအားနည်းရပ်ဝန်းသည်...

လပေါ်တွင်နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်မည်–ရုရှား

မော်စကို၊ ဩဂုတ် ၁၃ ရုရှားနိုင်ငံပိုင် အာကာသအေဂျင်စီက လပေါ်တွင် နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် စီမံကိန်းကို ကြာသပတေးနေ့တွင် ကြေညာခဲ့ပြီး ၎င်း၏ လကို စူးစမ်းလေ့လာမည့်...
HomeInternationalစင်္ကာပူ ခေါင်းဆောင်များနှင့် နန်စီပေလိုစီ...

စင်္ကာပူ ခေါင်းဆောင်များနှင့် နန်စီပေလိုစီ တွေ့ဆုံ

စင်္ကာပူ ခေါင်းဆောင်များနှင့် နန်စီပေလိုစီ တွေ့ဆုံ

စင်္ကာပူ၊ ဩဂုတ် ၁ ရက်

အမေရိကန် အောက်လွှတ်တော် ဥက္ကဌ နန်စီ ပေလိုစီ ဦးဆောင်သော အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် အာရှခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဩဂုတ်လ ၁ ရက် တနင်္လာနေ့တွင် စင်္ကာပူနိုင်ငံသို့ သွားရောက်ကာ သမ္မတ ဟာလီမာ ယာကော့ဘ် အပါအဝင် အခြားခေါင်းဆောင်များနှင့်ပါ တွေ့ဆုံခဲ့ကြောင်း သိရသည်။

နှစ်ဖက်စလုံးက စင်ကာပူနှင့် အမေရိကန်တို့ကြား ကောင်းမွန်ပြီး ရေရှည်တည်တံ့သော မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားရန် အတည်ပြုခဲ့ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန (MFA) က သတင်းထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

၎င်းတို့သည် နှစ်နိုင်ငံကြား ပညာရေးအရလည်းကောင်း ပြည်သူချင်း နီးကပ်စွာ ထိတွေ့ဆက်ဆံရေးနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးခဲ့ပြီး ရာသီဥတုဖောက်ပြန်ခြင်းကဲ့သို့သော ကြိုတင်‌ေမျှာ်‌ေတွးထားရမည့် နယ်ပယ်သစ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားရန် သဘောတူညီခဲ့ကြောင်း MFA ကပြောကြားခဲ့သည်။

မစ္စ ပေလိုစီနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဝန်ကြီးချုပ် လီရှန်လွန်းနှင့် နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန် တို့ကို နိုင်ငံရပ်ခြားမှ ဂုဏ်သရေရှိ ဧည့်သည်တော်များကို ဧည့်ခံသည့် အီစတာနာ အစိုးရပိုင်ရုံးတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အမေရိကန် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့မှ ဖော်ပြခဲ့သည့် စင်ကာပူဒေသတွင်း ပြုလုပ်မည့် အမေရိက၏ ခိုင်မာသော ထိတွေ့ဆက်ဆံရေး ကတိကဝတ်ကို မစ္စတာလီက သဘောတူညီခဲ့ကြောင်း MFA က ပြောကြားခဲ့သည်။

နှစ်ဖက်စလုံးသည် အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင်ကဲ့သို့သော အစီအစဉ်များမှတစ်ဆင့် ဒေသတွင်း၌ ဝါရှင်တန်၏ စီးပွားရေးအရ ထိတွေဆက်ဆံမှုများ ပိုမိုခိုင်မာလာစေမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း MFA က ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် မစ္စတာလီနှင့် ကိုယ်စားလှယ်အဖွဲ့သည် ယူကရိန်းအရေးအခင်း၊ ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေး၊ ရာသီဥတုပြောင်းလဲမှု အပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အမေရိက-တရုတ်ဆက်ဆံရေး တည်ငြိမ်‌ေရးသည်လည်း အရေးကြီးကြောင်းကို မစ္စတာလီက အ‌ေလးပေးပြောကြားသွားသည်ဟု MFA က ဆိုသည်။

ပေလိုစီသည် ဒုတိယဝန်ကြီးချုပ် လော့ရမ့် ဝေါင်၊ ဝါရင့် ဝန်ကြီးတီအို ချီဟင်နှင့် လူမှုရေး မူဝါဒရေးရာ ညှိနှိုင်းရေး ဝန်ကြီး တာမန် ရှန်မူဂရတ်နမ်တို့နှင့်လည်း ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုင်းနှင့်ပြည်နယ်(၄)ခုမှ​ငွေလဲလှယ်​ပေးခွင့်လိုင်စင်ရကုမ္ပဏီများကို ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌတွေ့ဆုံ

ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌဦးဇော်မြင့်နိုင်သည် ယနေ့ သြဂုတ် ၁၃ ရက်နံနက် ၁၀ နာရီက တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ကရင် ပြည်နယ်၊ မြဝတီမြို့နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တို့ရှိ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်(Money Changer)ရကုမ္ပဏီများအားတွေ့ဆုံခဲ့သည်။ Money Changer လိုင်စင်ရကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီ မံခန့်ခွဲမှုစည်းမျဥ်းနှင့် ထုတ်ပြန်ထားသည့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန်၊ စည်းကမ်းလိုက် နာမှုမရှိသည့် ကုမ္ပဏီများအနေဖြင့်အရေးယူခံရနိုင်မည်ဖြစ်၍ ထုတ်ပြန်ထားသည့် နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ခြင်းဆိုင်ရာညွှန်ကြားချက် ၅/၂၀၂၄ အတိုင်း လိုက်နာဆောင်ရွက်ရန် ပြောသည်။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာဥပဒေ စည်းမျဥ်းညွှန်ကြားချက်များကိုလိုက်နာရန်၊ နိုင်ငံခြားငွေကြေးစျေးကွက်တည်ငြိမ်မှုရှိစေရေးအတွက်...

၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့် ရူပဗေဒ အိုလံပစ်ပြိုင်ပွဲကို မွန်ဘိုင်းတွင် ဖွင့်လှစ်

ဩဂုတ်လ ၁၂ ရက်နေ့ (အင်္ဂါနေ့)က မွန်ဘိုင်း၌ ကျင်းပခဲ့သော ၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့် နက္ခတ္တဗေဒရူပဗေဒ အိုလံပစ်ပြိုင်ပွဲ (IOAA) ဖွင့်ပွဲအခမ်းအနားတွင် အိန္ဒိယနိုင်ငံသည် နည်းပညာကို ဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း အိန္ဒိယအစိုးရ၏ အဓိကသိပ္ပံဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ အာဂျေးကူးမားဆွဒ်(Ajay Kumar Sood)က ပြောကြားခဲ့သည်။ “ပြိုင်ပွဲဝင်တွေဟာ အိုင်ဒီယာအသစ်တွေ၊ စိတ်ကူးစိတ်သန်းတွေနဲ့ ကြွယ်ဝတဲ့ အတွေးအမြင်တွေနဲ့ သူတို့နိုင်ငံကို ပြန်သွားသင့်ပါတယ်” ဟု ပါမောက္ခ ဆွဒ်က အိုလံပစ်ပြိုင်ပွဲကို “သိပ္ပံအားကစား” အဖြစ် ရည်ညွှန်းပြောကြားခဲ့သည်။ Tata Institute...

လာမည့် ၂၄ နာရီအတွင်း အားကောင်းသောလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်း၊(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်နှင့် ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေ)တို့၌ ဖြစ်ပေါ် နေသော လေဖိ အားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိနေသည်ဟု မိုးဇလကအသိပေးခဲ့သည်။ ယင်း လေဖိအားနည်းရပ်ဝန်းသည် အနောက်-အ နောက်မြောက်ဘက်သို့ရွေ့လျားနိုင်ကာ လာမည့် ၂၄ နာရီအတွင်းပိုမိုအားကောင်းလာနိုင်ပြီး အား ကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်သည်ဟုလည်း မိုးဇလကအသိပေးခဲ့သည်။ ထို့ပြင် ရာသီဥတုအခြေအနေ(၂)ရပ်ကြောင့် သြဂုတ် ၁၃ ရက်ညမှ သြဂုတ် ၁၇ ရက်အတွင်း ရန် ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်း တိုင်း(အောက်ပိုင်း)၊ ကယားပြည်နယ်၊ နေပြည် တော်၊ ပဲခူးတိုင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071