Tuesday, June 10, 2025

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ထပ်မံပြီးစီးသည့် တိုက် (၄)...

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ ထပ်မံပြီးစီးသည့် တိုက် (၄) လုံးကို မကြာမီ မဲနှိုက်နေရာချထားပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့အငှားအိမ်ရာ အိပ်ခန်းနေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ သိရသည်။ ထို့ပြင်...

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့)အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ယနေ့ ဇွန် ၁၀ ရက်နံနက်ပိုင်းက နယုန်လပြည့်(မဟာသမယအခါတော်နေ့)အခမ်းအနားအား စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ စေတီတော်ရင်ပြင်ရှိသတ် မှတ်နေရာများ၌ကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ပြည့်စုံလင်းနှင့် တာဝန်ရှိသူများတက်ရာက် ကြည်ညိုပူဇော်ခဲ့ကြသည်။ အခမ်းအနားတွင်...

ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရန် သတိပေး

မိုးအလွန်အကျွံ ရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန်များအနေဖြင့် ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းရေးအတွက် လုပ်ဆောင်ရမည့်အချက်များကို စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနက အသိပေးထားသည်။ နိုင်ငံတော် စားနပ်ရိက္ခာ ဖူလုံရေးနှင့်...

မန္တလေးမြို့ ဧရာဝတီမြစ်ရေတိုးဝင်လာမှု အန္တရာယ်ကို မပေါ့ဆကြရန်နှင့်...

မန္တလေးမြို့ ဧရာဝတီမြစ်ရေတိုးဝင်လာမှု အန္တရာယ်ကို မပေါ့ဆကြရန်နှင့် အမြဲသတိရှိကြရန် မန္တလေးတိုင်း လူမှုကယ်ဆယ်ရေးဗဟိုကော်မတီက ယနေ့တွင် တို-က်တွန်းနှိုးဆော်ထားသည်။ "ငလျင် ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ မျက်စိနဲ့မြင်ရနိုင်တဲ့...
HomeInternationalစင်္ကာပူတွင် ရည်းစားဖြစ်ရန် ငြင်းဆိုခဲ့သည့်...

စင်္ကာပူတွင် ရည်းစားဖြစ်ရန် ငြင်းဆိုခဲ့သည့် သူငယ်ချင်းအား စိတ်ဒဏ်ရာရစေမှုနှင့် ဂုဏ်သိက္ခာ ထိခိုက်စေမှုအတွက် ဒေါ်လာ ၂ သန်းကျော် လျော်ကြေး ပေးဆောင်ရန် တရားစွဲဆိုမှုဖြစ်ပွား

စင်ကာပူနိုင်ငံတွင် အမျိုးသားတစ်ဦးသည် လေးနှစ်ကြာ ခင်မင်ရင်းနှီးခဲ့သည့် သူငယ်ချင်းဖြစ်သူက ချစ်သူရည်းစားဖြစ်ရန် တောင်းဆိုမှုကို ငြင်းဆိုခဲ့၍ စိတ်ဒဏ်ရာရစေမှုဖြင့် ဒေါ်လာ ၂ သန်းကျော် ပေးဆောင်ရန် တရားစွဲခဲ့ကြောင်း သိရသည်။

ဒီဝမ်း ရေးစင်း ဒရုန်းကုမ္ပဏီ ဒါရိုက်တာ ကေကော့ရှီဂန်သည် နိုရာတန် ရှူးမေ က သူ့ကိုရည်စားဖြစ်ရန် ငြင်းဆိုသဖြင့် ဂုဏ်သိက္ခာကျဆင်းစေမှုနှင့် စီးပွားရေးအခွင့်အလမ်း ငါးခုထက်မနည်း ဆုံးရှုံးစေမှုဟူသော စွဲချက်နှစ်ခုဖြင့် တရားစွဲဆိုခဲ့သည်။

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ရာဇဝတ်တရားသူကြီး၏ စီရင်ချက်အရ မစ္စတာ ကော့ရှီဂန်သည် မစ္စတန်က သူ့အား သူငယ်ချင်းအဖြစ်သာ သဘောထားကြောင်း ပြောခဲ့ပြီးနောက် ဆက်ဆံရေး ပျက်ပြားသွားကာ စွဲချက်နှစ်ခုဖြင့် တရားစွဲခဲ့ကြောင်း သိရသည်။

ကော့ရှီဂန်သည် မစ္စတန်အား ၂၀၁၉ ခုနှစ် ဇွန်လနှင့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတို့တွင် အသေရေဖျက်ခဲ့သည်ဟုဆိုကာ စွပ်စွဲထားသည်။

သူ၏ ပြောဆိုချက်အရ မစ္စတန်သည် သူ၏ အပြုအမှုများကြောင့် အနှောက်အယှက်ဖြစ်ရသည်ဟူသော မဟုတ်မမှန်စွပ်စွဲမှုများကို ကျယ်ကျယ်လောင်လောင် ပြောဆိုခဲ့ကာ ထိုစကားများကိုလည်း အလုပ်ရှိ အခြားလူများက ကြားခဲ့ရကြောင်း တရားရုံးတွင် လျှောက်တင်ထားသည်။

ထိုကဲ့သို့သော လုပ်ရပ်များကြောင့် သူ၏ ဂုဏ်သိက္ခာ ကျဆင်းခဲ့ပြီး ပြီးခဲ့သည့် နှစ်နှစ်အတွင်း စိတ်ဒဏ်ရာရခြင်းနှင့် စိတ်ဓာတ်ကျခြင်းစသော စိတ်ဝေဒနာများကို ခံစားခဲ့ရသည်ဟု ကော့ရှီဂန်ကဆိုသည်။

ထို့ပြင် အကျိုးဆက်အနေဖြင့် စီးပွားရေးမိတ်ဖက်ငါးခု ဆုံးရှုံးခဲ့ရပြီး ယခုအခါ ဖောက်သည်အသစ်များရရှိရန် ရုန်းကန်နေရသည်ဟုလည်း သူကပြောထားသည်။

မစ္စတန်သည်လည်း ကော့ရှီဂန်၏ ရန်ကြောင့် နေအိမ်လုံခြုံစေရန်အတွက် ဒစ်ဂျစ်တယ် တံခါးစောင့်ကြည့် ကိရိယာတပ်ဆင်ထားခဲ့ရမှုနှင့် ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ရာတွင် သုံးစွဲခဲ့ရသည့်ငွေများကို ပြန်လည်ရယူလိုမှုဖြင့် တန်ပြန်တရားစွဲဆိုထားသည်။

စင်္ကာပူတရားရုံးချုပ်သည် အဆိုပါအမှုအား ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကြားနာရန် ချိန်းဆိုထားကြောင်း သိရသည်။

Source: Daily Mail

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ထပ်မံပြီးစီးသည့် တိုက် (၄) လုံး မဲနှိုက်နေရာချပေးမည်

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ ထပ်မံပြီးစီးသည့် တိုက် (၄) လုံးကို မကြာမီ မဲနှိုက်နေရာချထားပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့အငှားအိမ်ရာ အိပ်ခန်းနေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ သိရသည်။ ထို့ပြင် မဲနှိုက်ခွင့်ရရှိသည့် မြို့နယ်နှင့် ဌာနဆိုင်ရာအမည်များကို ဇွန် (၁၀) ရက်တွင် အသိပေးကြေညာသွားမည်ဖြစ် ကြောင်း သိရသည်။ ထို့ပြင် အိမ်ခန်းငှားရမ်း နေထိုင်ခွင့်ရရှိသူများအနေဖြင့် အိမ်ခန်းကို ထပ်ဆင့်ငှားရမ်းခြင်း၊ လွှဲပြောင်းငှားရမ်းခြင်း ၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ပေါင်နှံခြင်းမျိုး မပြုလုပ်ရန် အသိပေးထားသည်။ ငှားရမ်းခွင့် ရရှိသူများအနေဖြင့် သတ်မှတ်စည်းကမ်းချက်များကို ဖေ-ာက်ဖျ-က်ကျူးလွန်ပါက ငှားရမ်းခွင့်ပြုထားသည့် အိမ်ခန်းကို ပြန်လည်သိမ်းယူမည့်အပြင်...

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့)အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ယနေ့ ဇွန် ၁၀ ရက်နံနက်ပိုင်းက နယုန်လပြည့်(မဟာသမယအခါတော်နေ့)အခမ်းအနားအား စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ စေတီတော်ရင်ပြင်ရှိသတ် မှတ်နေရာများ၌ကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ပြည့်စုံလင်းနှင့် တာဝန်ရှိသူများတက်ရာက် ကြည်ညိုပူဇော်ခဲ့ကြသည်။ အခမ်းအနားတွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ယောဆရာတော်ထံမှ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသူများက နဝင်္ဂသီလခံယူဆောက်တည်ခဲ့ကြကာ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် စေတီတော်ရင်ပြင်တော် ချမ်းသာကြီးတန်ဆောင်းမှစတင်၍ နယုန်လပြည့် မဟာသမယအခါတော်နေ့လှည်လည်ပူဇော်ပွဲကျင်းပရာ မဟာသမယအခါတော်နေ့ဖြစ်ပေါ်လာပုံအားဖော်ကျူးသည့်အနေဖြင့် ကပိလဝတ်နှင့် ကောလိယ နှစ်ပြည်ထောင်ကိုယ်စားပြုမင်း၊ မူးမတ်၊ အဆောင်အယောင်များဖြင့် ရာဇာ၀င်းခင်းကာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား...

ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရန် သတိပေး

မိုးအလွန်အကျွံ ရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန်များအနေဖြင့် ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းရေးအတွက် လုပ်ဆောင်ရမည့်အချက်များကို စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနက အသိပေးထားသည်။ နိုင်ငံတော် စားနပ်ရိက္ခာ ဖူလုံရေးနှင့် နိုင်ငံခြားဝင်ငွေရရှိရန် နိုင်ငံအနှံ့အပြား၌ ငါးမွေးမြူရေးကန်များဖြင့် မွေးမြူရေးဆောင်ရွက်နေခြင်းဖြစ်သည်။ ငါမွေးမြူရေးကန်များ၏ ကန်ပေါင်များခိုင်ခံရန်အတွက် ကမ်းပါးနိမ့်သော နေရာတွေမှာ သဲအိတ်များဖို့ထားပြီး ကန် ပေါင်ခိုင်ခံအောင်ပြုလုပ်ရန်၊ သိုလှောင်ထားသော ငါးအစာနှင့် လုပ်ငန်းသုံးပစ္စည်းများကို ရေလွတ်သောနေရာသို့ ရွေ့ပြောင်းထားရန်အပါအဝင် အချက် (၁၀) ချက်ကို အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက နီးစပ်ရာ ငါးလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ်အကူညီတောင်းခံကြရန်လည်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071