ယခုအောက်တိုဘာလအတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒုတိယအကြိမ် ဒေါ်လာများကို ဗဟိုဘဏ်က ထပ်မံထုတ်ရောင်းပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း(၃၀) ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထို့ပြင် အောက်တိုဘာ(၂)ရက်တွင်လည်း နိုင်ငံခြားငွေကြေး ဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ (၂၅) သန်း ရောင်းချပေးခဲ့ပြီးဖြစ်သည်။
ယင်းအပြင် CMP ကုမ္ပဏီများထံက ဝယ်ယူထားသည့် နိုင်ငံခြားငွေများထဲက အမေရိကန်ဒေါ်လာ (၁.၈၇၂) သန်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အောက်တိုဘာလ (၈) ရက်တွင် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံ ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။
