Monday, June 23, 2025

ဖနောင်ပင်က ထိုင်းနှင့်နယ်စပ်ဂိတ်နှစ်ခုကို ထပ်ပိ-တ်ပြီ

ဖနောင်ပင်၊ဇွန် ၂၂ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က အာဆီယံအဖွဲ့ဝင်နိုင်ငံနှစ်နိုင်ငံကြား ဖြစ်ပွားနေသည့် နယ်နိမိတ်အငြင်းပွားမှုအတွင်း ထိုင်းနှင့်ဆက်‌နေသည့် နောက်ထပ်နယ်စပ်ဂိတ်နှစ်ခုကို လုံးဝပိ-တ်ပ-စ်လိုက်ပြီဖြစ်ကြောင်းပြောကြားခဲ့သည်။ ထိုင်းစစ်တပ်သည် ချေက်ဘ်ကော်ကီ နယ်စပ်စစ်ဆေးရေးဂိတ်ကို တနင်္ဂနွေနေ့မှစ၍ပိတ်ရန် တစ်ဖက်သတ်ဆုံးဖြတ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ...

သိမ်းဆည်းရမိထားသော ဆေးဝါးများကို ရေဦးမြို့နယ် ခုတင်-၁၀၀...

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိထားသော အင်္ဂလိပ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းက...

မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် UNOPS မှ အမှု...

မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်သည် ယနေ့ ဇွန် ၂၂ ရက်မွန်းလွဲပိုင်းက ကုလသမဂ္ဂ Under-Secretary- General နှင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး(UNOPS)မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr.Jorge...

သိမ်းဆည်းရမိထားသော ဆေးဝါးများကို ရေဦးမြို့နယ် ခုတင်-၁၀၀...

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိထားသော အင်္ဂလိပ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းက...
HomeNewsLocal Newsစက်သုံးဆီဖြန့်ဖြူးမှု ပုံမှန်အခြေအနေတိုင်းရှိ၊ အရန်ဆီ(၂)ပတ်စာခန့်သိုလှောင်ထား

စက်သုံးဆီဖြန့်ဖြူးမှု ပုံမှန်အခြေအနေတိုင်းရှိ၊ အရန်ဆီ(၂)ပတ်စာခန့်သိုလှောင်ထား

ငလျင်ဘေးသင့်ဒေသများတွင် စက်သုံးဆီဖြန့်ဖြူးမှု ပုံမှန်အခြေအနေသို့ရောက်ရှိနေပြီဖြစ်ကာ နိုင်ငံတစ်ဝှမ်း၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရန် အရန်ဆီများအား (၂)ပတ်စာခန့်သိုလှောင်ထားကြောင်း သိရသည်။

အလားတူ အရောင်းဆိုင်များတွင်လည်း စက်သုံးဆီပြတ်လပ်မှုမရှိစေရန်စီမံဆောင်ရွက်လျက်ရှိပြီး စက်သုံးဆီစျေးနှုန်းများမှာ ကျပ်(၂၀၀)မှ ကျပ်(၃၀၀)ခန့်အထိကျဆင်းလျက်ရှိကြောင်း သိရသည်။

မန္တလေးငလျင်ကြီးဖြစ်ပွါးပြီးနောက် ပျက်စီးချို့ယွင်းခဲ့သည့် စက်သုံးဆီအရောင်းဆိုင်အချို့အား အမြန်ပြန်လည်ပြင်ဆင်ပြီး စက်သုံးဆီများကိုဖြန့်ဖြူးရောင်းချနိုင်ရေးဆောင်ရွက်ခြင်း၊ ပြည်ပမှစက်သုံးဆီတင်သင်္ဘောများအဆက်မပြတ်ဝင်ရောက်ခြင်းတို့ကြောင့် စက်သုံးဆီပြတ်လပ်မှုမဖြစ်နိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက အသိပေးနှိုးဆော်ခဲ့သည်ဟုဆိုသည်။

ထို့ပြင် ငလျင်ဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အရောင်းဆိုင်များမှ တိုက်ရိုက်နှင့်နေရာအရောက်လုံလောက်စွာဖြန့်ဖြူးရောင်းချပေးခြင်း၊ ပရဟိတအသင်းအဖွဲ့ များသို့ စက်သုံးဆီလှူဒါန်းခြင်းများကိုလည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အများပြည်သူ၏ ပူးပေါင်းပါဝင်မှု၊ စက်သုံးဆီအသင်းနှင့် သိုလှောင်ကန်စခန်း၊ အရောင်းဆိုင်နှင့် ဆီဘောက်ဆာလုပ်ငန်းရှင်တို့၏ပူးပေါင်းကြိုးပမ်းဆောင်ရွက်ခဲ့မှုတို့ကြောင့် စက်သုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းများကို ပုံမှန်အခြေအနေအတိုင်းဖြန့်ဖြူးရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖနောင်ပင်က ထိုင်းနှင့်နယ်စပ်ဂိတ်နှစ်ခုကို ထပ်ပိ-တ်ပြီ

ဖနောင်ပင်၊ဇွန် ၂၂ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က အာဆီယံအဖွဲ့ဝင်နိုင်ငံနှစ်နိုင်ငံကြား ဖြစ်ပွားနေသည့် နယ်နိမိတ်အငြင်းပွားမှုအတွင်း ထိုင်းနှင့်ဆက်‌နေသည့် နောက်ထပ်နယ်စပ်ဂိတ်နှစ်ခုကို လုံးဝပိ-တ်ပ-စ်လိုက်ပြီဖြစ်ကြောင်းပြောကြားခဲ့သည်။ ထိုင်းစစ်တပ်သည် ချေက်ဘ်ကော်ကီ နယ်စပ်စစ်ဆေးရေးဂိတ်ကို တနင်္ဂနွေနေ့မှစ၍ပိတ်ရန် တစ်ဖက်သတ်ဆုံးဖြတ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ အော့ဒါ မီယန်ချေ ပြည်နယ်အုပ်ချုပ်ရေးမှူးထံ စနေနေ့ညက အကြောင်းကြားခဲ့သည်ဟုလည်း၎င်းကပြောကြားခဲ့သည်။ "အဲဒီနယ်စပ်ဂိတ်ကို ကျွန်တော်တို့ဘက်ကလည်း အပြီးတိုင်ပိတ်ပစ်မယ်ဆိုတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့တုန့်ပြန်မှုကို ကျွန်တော်လည်းသဘောတူပါတယ်” ဟု ဟွန်မာနက်က ၎င်း၏ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်ပို့စ်တွင်ရေးသားခဲ့သည်။ "ဆက်လက်ပြီးကမ္ဘောဒီးယားဘက်ကလည်း ချိုအမ်း မှာရှိတဲ့ နောက်ထပ်စစ်ဆေးရေးဂိတ်တစ်ခုကိုပါ ချောက်ဘ် ကော်ကီ စစ်ဆေးရေးဂိတ်နဲ့အတူ ဒီနေ့ကစပြီး ပိတ်ဖို့ဆုံးဖြတ်ထားပါတယ်၊အဲ့ဒါကိုလည်းထိုင်းအုပ်ချုပ်ရေးမှူးကို အကြောင်းကြားဖို့ညွှန်ကြားထားပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။ ဇွန်လ ၇ ရက် နေ့မှစပြီး...

သိမ်းဆည်းရမိထားသော ဆေးဝါးများကို ရေဦးမြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့လှူဒါန်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိထားသော အင်္ဂလိပ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းက လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ပိုင်ရှင်မဲ့ဆေးဝါးနှင့်ဆက်ဆပ်ပစ္စည်းများအား ပြည်သူ့ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်လှူဒါန်းရခြင်းဖြစ်ခြင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်ဝင်းလှိုင်ကရှင်းလင်းပြောကြားခဲ့ပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ဇင်ထွန်းက ဆေးဝါးနှင့် ဆက်ဆပ်ပစ္စည်းများကို သူနာပြုဆရာမကြီးဒေါ်မိုးသီတာဝင်းထံ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရေဦးမြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပေးအပ်လှူဒါန်းသည့် ပိုင်ရှင်မဲ့သိမ်းဆည်းရမိသော(လူသုံး)အင်္ဂလိပ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများသည် ငွေကျပ်သိန်း(၂၀၀)ခန့်ရှိကြောင်း သိရသည်။ Photo- Lin Lin , Yangon Sport

မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် UNOPS မှ အမှု ဆောင်ညွှန်ကြားရေးမှူးတို့တွေ့ဆုံ

မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်သည် ယနေ့ ဇွန် ၂၂ ရက်မွန်းလွဲပိုင်းက ကုလသမဂ္ဂ Under-Secretary- General နှင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး(UNOPS)မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr.Jorge Manuel Lopes Moreira Da Silva အားလက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂကြား လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများ၊ UNOPS မှစီမံခန့်ခွဲလျက်ရှိသည့်ရန်ပုံငွေများဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှုများနှင့်ဆက်လက်ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071