မြန်မာနိုင်ငံအတွင်းသို့ စက်သုံးဆီတင်သင်္ဘောများအဆက်မပြတ်ဝင်ရောက်လျက်ရှိကာ သီလဝါသိုလှောင်ကန်များတွင်လည်း စက်သုံးဆီများပြည့်လုနီးပါးရှိနေကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်လျက်ရှိသော်လည်း ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းနှင့် အာရှ-ပစိဖိတ်ဒေသတွင်း စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လာသဖြင့် လာမည့်အပတ်တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများလည်းမြင့်တက်နိုင်မည်ဟု သုံးသပ်မှုများလည်းရှိနေကြောင်း သိရသည်။
ပြည်တွင်းစက်သုံးဆီစျေးနှုန်းမြင့်တက်နိုင်မည်ဟု သုံးသပ်ထားကြသော်လည်း ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်းကျဆင်းနေသဖြင့် စက်သုံးဆီစျေးနှုန်းများမှာ နှစ်ဆန်းပိုင်းကဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများအောက် တစ်လီတာလျှင် ကျပ်(၂၅၀)ကျော်ခန့်အထိလျော့နည်းနေဦးမည်ဟုလည်း သုံးသပ်ခန့်မှန်းထားကြကြောင်း သိရသည်။
ယနေ့ ဇူလိုင် ၁၈ ရက်က စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့၌ စက်သုံးဆီလက်လီစျေးနှုန်းများအနေဖြင့် 92 Ron တစ်လီတာလျင်(၂၉၆၅)ကျပ်၊ 95 Ron တစ်လီတာလျင် (၃,၀၂၀)ကျပ်၊ HSD(500 ppm) တစ်လီတာလျင် (၂,၆၈၅)ကျပ်၊ HSD(50 ppm)တစ်လီတာလျင်လ(၃,၃၃၀)ကျပ်၊ HSD(10 ppm)တစ်လီတာလျင် (၃၃၃၀)ကျပ်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လက်လီစျေးနှုန်းအနေဖြင့် 92 Ron တစ်လီတာလျင်(၂,၇၉၅)ကျပ်၊ 95 Ron တစ်လီတာလျင် (၂,၈၄၉)ကျပ်၊ HSD(500 ppm) တစ်လီတာလျင် (၂,၅၂၇)ကျပ်၊ HSD(50 ppm)တစ်လီတာလျင် (၃,၀၅၂)ကျပ်၊ HSD(10 ppm)တစ်လီတာလျင် (၃,၀၅၂)ကျပ်တို့ဖြစ်ကြောင်း သိရသည်။
