Thursday, May 22, 2025

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...

ငလျင်ကြောင့် ပြိုကျခဲ့သည့် Sky Villa...

မတ်(၂၈)ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသည့် Sky Villa ကွန်ဒိုမှ ရုပ်အလေ-ာင်းနှင့် မိုးကုတ်ကျောက်များကို ယနေ့ မေ(၂၂)ရက်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း...

အကျပ်အတည်းကြားမှတိုးတက်လာသောမြန်မာကိုမလေးကချီးကျူး

ပူထရာဂျယာ၊ မေ ၂၂ ဝန်ကြီးချုပ် ဒါတွတ် ဆရီ အန်ဝါ အီဘရာဟင်မ် က မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ပတ်သက်သည့် မကြာသေးမီက ဖြစ်ပျက်ခဲ့သောတိုးတက်မှုများကို...

လျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း) အတွက်...

လျှပ်စစ်သုံးယာဉ် (EV) များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း) အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ဆွေးနွေးနေသည်။ ယင်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မေ(၂၁)ရက်က အစိုးရစက်မှုလက်မှု သိပ္ပံ(အင်းစိန်)...
HomeNewsLocal Newsစက်သုံးဆီဈေးနှုန်း (၂) ရက်ဆက်တိုက်ပြန်ကျ...

စက်သုံးဆီဈေးနှုန်း (၂) ရက်ဆက်တိုက်ပြန်ကျ ၊ ယနေ့ ရန်ကုန်အထိုင် ရောင်းဈေးကို ၂၁၅၀ သတ်မှတ်

စက်သုံးဆီဈေးနှုန်း (၂) ရက်ဆက်တိုက်ပြန်ကျ ၊ ယနေ့ ရန်ကုန်အထိုင် ရောင်းဈေးကို ၂၁၅၀ သတ်မှတ် 

ယခင်ရက်ပိုင်းက အတက်ဘက်သို့ ပြန်လည်ရောက်ရှိခဲ့သည့် စက်သုံးဆီဈေးနှုန်းမှာ စက်တင်ဘာ (၂၃) ရက်မှ စတင်ပြီး (၂) ရက်ဆက်တိုက် ပြန်လည် ကျဆင်းခဲ့ကြော င်း ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

စက်တင်ဘာ (၂၂) ရက်က ရောင်းချခဲ့သည့် ရန်ကုန်အ ထိုင်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယနေ့တွင် ၁၅၀ ကျပ်ဝန်းကျင် ပြန်လည် ကျဆင်းလာခြင်း ဖြစ်သည်။

ယနေ့ စက်တင်ဘာ ၂၄ ရက်တွင် ရန်ကုန်တိုင်းအတွင်း၌ 92 Ron တစ်လီတာလျင် ၂၁၅၀ ကျပ်ဖြင့်ရောင်းချရန်  စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီက ထုတ်ပြန်သတ်မှတ် ပေးခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ပြင် မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ ပုသိမ်၊ဘားအံနှင့် မော်လမြိုင်တို့တွင်လည်း 92 Ron တစ်လီတာလျင် ၂၁၀၀ ကျပ်ဝန်းကျင်ဖြစ်ပြီး  ထားဝယ်၊ မုံရွာ၊ မြစ်ကြီးနား၊ စစ်တွေ၊ လားရှိုး၊ တောင်ကြီးနှင့် လွိုင်ကော်တို့၌ 92 Ron တစ်လီတာလျင် ၂၂၀၀ ကျပ်ဝန်းကျင်သို့ ပြန်လ ည်ကျဆင်းခဲ့ ကြောင်း သိရသည်။

ထို့အတူ ဟားခါးတွင် 92 Ron တစ်လီတာလျင် ၂၄၅၅ ကျပ်နှင့် ကျိုင်းတုံတွင်မူ ယမန်နေ့စျေးနှုန်းအတိုင်း 92 Ron တစ်လီတာလျင် ၃၀၀၅ ကျပ်တို့ ဖြစ်သည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန် ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၂၁၅၀ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၂၂၅ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၂၆၄၅ ကျပ် သတ်မှတ်ထား သည်။

အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာ တစ် လီတာလျင် ၂၇၃၀ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလ က်လီစျေးနှုန်းများအဖြစ် သတ် မှတ်ခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်း ရောင်းချရန်  ယနေ့ သတ် မှတ်ထားသည့် ကော်မတီ၏ လက်ကားစျေးနှုန်းမှာ  92 Ron တစ်လီတာလျင် ၂၀၄၇ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၁၂၅ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၅၃၂ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ်လီတာလျင် ၂၆၁၂ ကျပ်တို့ဖြစ်သည်။

အဆိုပါ စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှော င်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော် မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက် ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့်ကျေနပ်မှုမရှိပါက ကော်မတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ စီမံချက်ကို လူဝင်မှုကြီးကြပ်ရေးဌာနခွဲ(၁) နှင့် ချာနာဆွန်ကရမ်ရဲစခန်းတို့က ပူးတွဲဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီမံချက်သည် ဘန်ကောက်၏ အဓိကခရီးသွားခရိုင်များတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို နှိမ်နင်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ လူဝင်မှု ကြီးကြပ်ရေးနှင့် အလုပ်သမားဥပဒေများကို ချိုးဖောက်သည်ဟု သံသယရှိသော စီးပွားရေးလုပ်ငန်းများနှင့် ဈေးရောင်းသူများ အထူးသဖြင့် လူကု-န်ကူးမှုများနှင့် ပြည်ပအလုပ်သမားများကို ခေါင်းပုံဖြ-တ်သည့် လုပ်ရပ်များအပေါ် တာဝန်ရှိသူများက...

ငလျင်ကြောင့် ပြိုကျခဲ့သည့် Sky Villa ကွန်ဒိုမှ ရုပ်အလေ-ာင်းနှင့် လက်ဝတ်ရတနာနှင့် မိုးကုတ်ကျောက်များ ထပ်မံတွေ့ရှိ

မတ်(၂၈)ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသည့် Sky Villa ကွန်ဒိုမှ ရုပ်အလေ-ာင်းနှင့် မိုးကုတ်ကျောက်များကို ယနေ့ မေ(၂၂)ရက်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလေ-ာင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ(B)အဆောင်နှင့် (C) အဆောင်များအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလေ-ာင်းထုတ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိနေခြင်း ဖြစ်သည်။ ထိုသို့ရှာဖွေစဉ် (B)အဆောင်၊ G(8) အခန်းမှ တွေ့ရှိသော မြန်မာငွေ (၂၆၃၂၈၀၀၀)ကျပ်၊ ရွှေလက်ကောက် (၂၀)ကွင်း၊ ရွှေလက်စွပ်(၂၄)ကွင်း၊ရွှေဆွဲကြိုး (၉)ကုံး၊ ရွှေနားကပ် (၁၆)...

အကျပ်အတည်းကြားမှတိုးတက်လာသောမြန်မာကိုမလေးကချီးကျူး

ပူထရာဂျယာ၊ မေ ၂၂ ဝန်ကြီးချုပ် ဒါတွတ် ဆရီ အန်ဝါ အီဘရာဟင်မ် က မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ပတ်သက်သည့် မကြာသေးမီက ဖြစ်ပျက်ခဲ့သောတိုးတက်မှုများကို “ထူးထူးခြားခြား တိုးတက်မှု” အဖြစ် ဖော်ပြခဲ့ပြီး အဓိက ပါဝင်ပတ်သက်နေသူအားလုံးနှင့် အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုကို ကိုးကားပြီး ပြောကြားခဲ့သည်။ မလေးရှားသည် အာဆီယံက ချမှတ်ထားသော အချက် ငါးချက်ပါ သဘောတူညီချက် နှင့် ကိုက်ညီသည့် နည်းလမ်းဖြင့် မြန်မာနိုင်ငံတွင်အားလုံးပါဝင်သောဆွေးနွေးပွဲများ ဖြစ်မြောက်ရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ပိုမိုကောင်းမွန်စွာရရှိရေးတို့အတွက် တက်ကြွစွာ တွန်းအားပေးလုပ်ဆောင်နေကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071