Thursday, June 25, 2026

ကလေး–သိုင်းငင်း–တီးတိန်လမ်းပိုင်းနှင့် တီးတိန်မြို့ရှိ စာသင်ကျောင်းများကို ဆောက်လုပ်ရေးဒုတိယဝန်ကြီး...

ချင်းပြည်နယ်အတွင်းရှိ ကလေး–သိုင်းငင်း–တီးတိန် လမ်းပိုင်း၏ လမ်းအခြေအနေနှင့် တီးတိန်မြို့ရှိ စာသင်ကျောင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၂၅ ရက်တွင်...

တနင်္သာရီတိုင်းတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးများခန့်အပ်တာဝန်ပေး

တနင်္သာရီတိုင်းတရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ဒေါ်အေးအေးသန်း၊ တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်ထွေးထွေးတို့အား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ ဇွန် ၂၅ ရက်တွင်ထုတ်ပြန်ခဲ့သည်။ အမိန့်အမှတ် ၅၈ /၂၀၂၆ ဖြင့်...

AI ခေတ်နှင့် ကိုက်ညီစေရန် တရုတ်တက္ကသိုလ်များက...

တရုတ်နိုင်ငံသည် ဉာဏ်ရည်တု (AI) နှင့် အနာဂတ်နည်းပညာကဏ္ဍများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အဆင့်မြင့်ပညာရေးစနစ်ကို အရှိန်အဟုန်ဖြင့် ပြုပြင်ပြောင်းလဲလျက်ရှိပြီး ခေတ်မမီတော့သည့် ဘွဲ့ဒီဂရီအစီအစဉ်များကို လျှော့ချကာ...

ကမ္ဘာ့ရာသီဥတုရန်ပုံငွေ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀၀...

ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပြင်းထန်စွာ ရင်ဆိုင်နေရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရာသီဥတုရန်ပုံငွေ ပိုမိုရရှိစေရေးနှင့် ထောက်ပံ့ငွေများ အချိန်မီပေးအပ်နိုင်ရေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဇွန် ၂၄ ရက်တွင် တိုက်တွန်းခဲ့ပြီး...
HomeNewsLocal Newsစက်သုံးဆီစျေးနှုန်း လေးရက်ဆက်တိုက် 92...

စက်သုံးဆီစျေးနှုန်း လေးရက်ဆက်တိုက် 92 Ron တစ်လီတာလျှင် ၂၃၀၅ ကျပ်ဖြင့်တန့်နေ

စက်သုံးဆီစျေးနှုန်း ဇန်နဝါရီ ၂၁ ရက်မှစတင်၍ 92 Ron တစ်လီတာလျှင် ၂၃၀၅ ကျပ်ဖြင့် ၄ ရက် ဆက်တိုက်တန့်နေကာ ဇန်နဝါရီ ၂၄ ရက်(ယနေ့) တွင်လည်း ရန်ကုန်တိုင်းအတွင်း၌ 92 Ron တစ်လီတာလျှင် ၂၃၀၅ ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ရည်ညွှန်းလက်လီစျေးနှုန်းများအရ ဇန်နဝါရီ ၂၁ ရက်၊ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် 92 Ron တစ်လီတာလျှင် ၂၃၀၅ ကျပ်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၁၂ ရက်မှစတင်၍ ရန်ကုန်တိုင်းအတွင်း ၌ 92 Ron တစ်လီတာလျှင် ၂၀၃၅ ကျပ်ဖြင့်စတင်ရောင်းချခဲ့ရာမှ စျေးနှုန်းဆက်လက်မြင့်တက်ခဲ့ကာ လက်ရှိအချိန်တွင် ၂၃၀၅ ကျပ်အဖြစ်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန်ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျှင် ၂၃၀၅ ကျပ်၊ 95 Ron တစ်လီတာလျှင် ၂၃၈၅ ကျပ်၊ HSD(500 ppm)မှာ တစ်လီတာလျှင် ၂၄၈၀ ကျပ်၊ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာ တစ်လီတာလျှင် ၂၅၆၀ ကျပ်တို့ဖြစ်သည်။

ထို့အတူ မန္တလေး၊နေပြည်တော်၊ပဲခူး၊မကွေး၊ပုသိမ်၊ထားဝယ်၊မုံရွာ၊ဘားအံ၊မော်လမြိုင်၊လားရှိုး၊တောင်ကြီး၊လွိုင်ကော်၊မြစ်ကြီးနား၊စစ်တွေ၊ဟားခါးနှင့်ကျိုင်းတုံတို့တွင်လည်း စက်သုံးဆီစျေးနှုန်းများမြင့်တက်ခဲ့ပြီး 92 Ron တစ်လီတာလျှင် ၂၀၀၀ ကျပ်ကျော်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။

ထိုပြင် ရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း၌ 92 Ron တစ်လီတာလျှင် ၂၁၉၀ ကျပ်၊ 95 Ron တစ်လီတာလျှင် ၂၂၆၇ ကျပ်၊ HSD(500 ppm) တစ်လီတာလျှင် ၂၃၆၂ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ်လီတာလျှင် ၂၄၃၆ ကျပ်တို့ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကလေး–သိုင်းငင်း–တီးတိန်လမ်းပိုင်းနှင့် တီးတိန်မြို့ရှိ စာသင်ကျောင်းများကို ဆောက်လုပ်ရေးဒုတိယဝန်ကြီး ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ်အတွင်းရှိ ကလေး–သိုင်းငင်း–တီးတိန် လမ်းပိုင်း၏ လမ်းအခြေအနေနှင့် တီးတိန်မြို့ရှိ စာသင်ကျောင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၂၅ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ကွင်းဆင်းစစ်ဆေးစဉ် ဒုတိယဝန်ကြီးက လမ်းတည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ထားသည့် လမ်းဒီဇိုင်းစံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်၊ လမ်းများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ လျာထားလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေး ဆောင်ရွက်ရန်နှင့် လိုအပ်သည့်နေရာများတွင် ရေကျော်ပိုက် (Culvert) များ တည်ဆောက်ထားရန် မှာကြားခဲ့သည်။ ထို့ပြင် မိုးရာသီကာလအတွင်း တောင်ပြိုကျမှုများကြောင့်...

တနင်္သာရီတိုင်းတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးများခန့်အပ်တာဝန်ပေး

တနင်္သာရီတိုင်းတရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ဒေါ်အေးအေးသန်း၊ တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်ထွေးထွေးတို့အား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ ဇွန် ၂၅ ရက်တွင်ထုတ်ပြန်ခဲ့သည်။ အမိန့်အမှတ် ၅၈ /၂၀၂၆ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၄)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ(ခ)၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၄၄ နှင့် တိုင်း(သို့)ပြည်နယ်အ စိုးရအဖွဲ့ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ(ဃ)တို့အရ ဒေါ်အေး အေးသန်းအား တနင်္သာရီတိုင်းတရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အမိန့်အမှတ် ၅၉ / ၂၀၂၆ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ(ခ)၊...

AI ခေတ်နှင့် ကိုက်ညီစေရန် တရုတ်တက္ကသိုလ်များက ခေတ်မမီသော ဘွဲ့ဒီဂရီအစီအစဉ် ၁၂,၀၀၀ ကျော် ပြုပြင်ပြောင်းလဲ

တရုတ်နိုင်ငံသည် ဉာဏ်ရည်တု (AI) နှင့် အနာဂတ်နည်းပညာကဏ္ဍများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အဆင့်မြင့်ပညာရေးစနစ်ကို အရှိန်အဟုန်ဖြင့် ပြုပြင်ပြောင်းလဲလျက်ရှိပြီး ခေတ်မမီတော့သည့် ဘွဲ့ဒီဂရီအစီအစဉ်များကို လျှော့ချကာ နည်းပညာအခြေပြု ဘာသာရပ်အသစ်များကို တိုးချဲ့ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။ တရုတ်ပညာရေးဝန်ကြီးဌာန၏ အချက်အလက်များကို ကိုးကား၍ ရှင်းဟွာသတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တရုတ်တက္ကသိုလ်များသည် ဘွဲ့ကြိုနှင့် ဘွဲ့လွန်အစီအစဉ် ၁၂,၂၀၀ ခုကို ဆိုင်းငံ့ထားပြီး ဘွဲ့ဒီဂရီအစီအစဉ် ၁၀,၂၀၀ ခုကို ဖျက်သိမ်းခဲ့ရာ တက္ကသိုလ်ဘာသာရပ်များ၏ ၃၀ ရာခိုင်နှုန်းကျော်ကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071