Sunday, May 10, 2026

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌...

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို နိုင် ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းက ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင်ကျင်းပသည့် (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။ အမြဲတမ်းအတွင်းဝန်က မြန်မာအစိုးရသစ်၏ ဦးစား ပေးလုပ်ငန်းစဉ်များအပါအဝင်...

စစ်ပွဲအဆုံးသတ်တော့မည်ဟုထင်ကြောင်းနှင့်ဇလန်းစကီးနှင့်တွေ့ရန်ဆန္ဒရှိကြောင်းပူတင်ပြော

ယူကရိန်းစစ်ပွဲသည် အဆုံးသတ်တော့မည့်အနေအထား ဖြစ်နိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပြီး အကယ်၍သာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အပြီးသတ် နိုင်လျှင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနှင့်...

ပါကစ္စတန်တွင် ကားဗုံးပေါက်ကွဲ၍ ရဲ ၁၄...

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း...

ပါကစ္စတန်တွင် ကားဗုံးပေ-ါက်ကွဲ၍ ရဲ ၁၄...

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေ-ါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတို-က်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း...
HomeNewsLocal Newsစက်သုံးဆီကန့်သတ်ချက်ကြောင့် YBS စီးနင်းသည့်ခရီးသည်...

စက်သုံးဆီကန့်သတ်ချက်ကြောင့် YBS စီးနင်းသည့်ခရီးသည် ယခင်ကထက် (၂)သိန်းခွဲကျော်ရှိလာ

ဒီဇယ်အသုံးပြု YBS ယာဉ်(၄၂၃)စီး ခေါက်ရေပြည့်ပြေးဆွဲနိုင်ရန် ညအချိန်စက်သုံးဆီဖြည့်သွင်းနိုင်
 
စက်သုံးဆီကန့်သတ်ချက်ကြောင့် အိမ်စီးကားများအား စုံ/မ ခွဲခြားလိုက်ချိန်တွင် YBS စီးနင်းသည့် ခရီးသည်များ ယခင်ကထက် (၂)သိန်းခွဲကျော်ရှိလာသည်ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၏ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်က ပြောသည်။

မတ် ၂၆ ရက်နေ့လည် ၃ နာရီက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ YRTC ရုံး၌ “CNG အသုံးပြု YBS ယာဉ်များ သတ်မှတ်ခရီးစဉ်လမ်းကြောင်းအတိုင်းမောင်းနှင်ရန်နှင့်ဖောက်ဖျက်ပါကအရေးယူမည့်အကြောင်း”နှင့်ပတ်သက်၍ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

မတ်လဆန်းပိုင်းတွင် ယာဥ်လိုင်း(၁၃၂)လိုင်း၊ ယာဉ်စီးရေ(၃၄၀၀)စီးခန့်၊ ခရီးသည်(၁ ဒသမ ၄၆)သန်းခန့်ရှိရာမှ ယခုအချိန်တွင် စက်သုံးဆီကန့်သတ်ချက်ကြောင့် စုံ/မခွဲခြားချိန်၌ ယာဉ်လိုင်းပေါင်း(၁၃၂)လိုင်း၊ ယာဉ်စီးရေ (၃၅၀၀)စီးခန့်၊ ခရီးသည်(၁ ဒသမ ၇)သန်းခန့်ရှိလာခဲ့ပြီဖြစ်ရာ ယခင်ထက် ခရီးသည်(၂)သိန်းခွဲကျော်စီးနင်း လာခြင်းကိုတွေ့ရသည်ဟု ပြောသည်။

ထို့ပြင် YRTC ကြီးကြပ်မှုအောက်၌ YBS ယာဉ်လိုင်းကု မ္ပဏီ(၂၁)ခု၊ ယာဉ်လိုင်း(၁၄၅)လိုင်း၊ ယာဉ်စီးရေ (၅,၄၃၈)စီးရှိပြီး CNG အသုံးပြု YBS ယာဉ်(၅,၀၁၃)စီး၊ ဒီဇယ်အသုံးပြု YBS ယာဉ်(၄၂၃)စီးရှိ၍ ဒီဇယ်အသုံး ပြု YBS ယာဉ်များအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ တစ်နေ့လျှင် ဒီဇယ်(၄၀)လီတာဝယ် ယူဖြည့်သွင်းခွင့်ပြုခဲ့သည်ဟု ပြောသည်။ 

” နေ့စဥ် ဒီဇယ်(၂၀)လီတာတန်းစီဝယ်ယူနေရာကနေ (၂၀)လီတာထပ်တိုးပြီး နေ့စဉ်(၄၀)လီတာကို ညပိုင်းမှာဆီဖြည့်ပြီး ခေါက်ရေပြည့်မှီအောင်ပြေးဆွဲနိုင်ဖို့ စီစဉ်ပေးတာကြောင့် ခရီးသွားတွေအတွက် ယာဉ်ထွက်စီးရေ တိုးတက်လာမှာဖြစ်ပါတယ်”ဟု YRTC ၏ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်က ပြောသည်။

ထို့အတူ ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ညွှန်ကြားချက်အရ YBS ယာဉ်ထွက်အင်အားတိုးတက်ရေးအတွက် CNG သုံး YBS ယာဉ်များ သတ်မှတ်ခရီးစဉ်လမ်းကြောင်းအတိုင်းပြေးဆွဲခြင်းမရှိဘဲ ကြို/ပို့ပြုလုပ်ပါက CNG ပိတ်သိမ်းအရေးယူသွားမည်ဟုလည်း YRTC ၏ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်က ရှင်းလင်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ MOFA အမြဲတမ်းအတွင်းဝန်ပြောကြားခဲ့

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို နိုင် ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းက ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင်ကျင်းပသည့် (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။ အမြဲတမ်းအတွင်းဝန်က မြန်မာအစိုးရသစ်၏ ဦးစား ပေးလုပ်ငန်းစဉ်များအပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံ ရေးဖြစ်ပေါ်တိုးတက်မှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် ဒေသတွင်း စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေး အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အာဆီယံအသိုက်အဝန်းထူ ထောင်ရေးလုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်နေမှုတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။ အစည်းအဝေးတက်ရောက်လာကြသူများက ဒေသတွင်းစွမ်းအင်ဖူလုံရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အရှေ့အလယ်ပိုင်းဒေသရောက်ရှိနေသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေး၊ ပထ ဝီနိုင်ငံရေးတင်းမာမှုများကြောင့် ဖြစ်ပေါ်လာသည့် ရေ နံထောက်ပံ့မှုနှင့် ဈေးနှုန်းမတည်ငြိမ်မှု၏သက်ရောက်မှုများကို...

စစ်ပွဲအဆုံးသတ်တော့မည်ဟုထင်ကြောင်းနှင့်ဇလန်းစကီးနှင့်တွေ့ရန်ဆန္ဒရှိကြောင်းပူတင်ပြော

ယူကရိန်းစစ်ပွဲသည် အဆုံးသတ်တော့မည့်အနေအထား ဖြစ်နိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပြီး အကယ်၍သာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အပြီးသတ် နိုင်လျှင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနှင့် တတိယနိုင်ငံတစ်ခုတွင် တွေ့ဆုံသွားရန် ဆန္ဒရှိကြောင်း သူကထုတ်ဖော်ပြောဆိုခဲ့သည်။ ရုရှား၏ နှစ်များစွာအတွင်း အင်အားအနည်းဆုံးပမာဏဖြင့် ကျင်းပခဲ့သည့် စစ်အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားတွင် ပူတင်က ယူကရိန်းတွင် အောင်ပွဲခံမည်ဟု ကတိပြုခဲ့ပြီး နာရီပိုင်းအကြာ စနေနေ့က သတင်းထောက်များကို ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုရှားနှင့် ယူကရိန်းတို့ သည် သုံးရက်ကြာ အပစ်အခတ်ရပ်စဲမှု စတင်ခဲ့ကာ အကျဉ်းသား ၁,၀၀၀ ကို...

ပါကစ္စတန်တွင် ကားဗုံးပေါက်ကွဲ၍ ရဲ ၁၄ ဦး ‌ေ-သဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ စနေနေ့က တိုက်ခိုက်မှုအပြီး ရိုက်ကူးထားသော ဓာတ်ပုံများအရ ရဲစခန်းအဆောက်အအုံသည် အပျက်အစီးပုံအဖြစ်ပြိုကျသွားခဲ့ပြီး အုတ်ခဲများ၊ မီးလောင်ကျွမ်းနေသော အပျက်အစီးများနှင့် ပျက်စီးနေသော ယာဉ်များသည် ထိုနေရာတစ်ဝိုက်တွင် ပြန့်ကျဲနေသည်ကို တွေ့ရသည်။ ပြိုကျနေသော ရဲကင်းစခန်းအောက်မှ ရဲ ၁၄ ဦး၏ ရုပ်အလေ-ာင်းများကို ပြန်လည်တွေ့ရှိခဲ့ပြီး ရဲသုံးဦးကိုမူ အသက်ရှင်လျက်တွေ့ရှိခဲ့သဖြင့် သူတို့ကို ဆေးရုံသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071