Monday, June 23, 2025

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ...

နေပြည်တော်အနီး ဗဟိုပြု၍ အင်အား (၃.၁)...

ယနေ့ ဇွန်လ (၂၃) ရက် နေ့လယ်ပိုင်းက နေပြည်တော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာစကေး (၃.၁) အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု...

ငလျင်ဒဏ်ထိ ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန်...

အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန် အလှူ ရှင်များဖိတ်ခေါ်ထားသည်။ မတ် (၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး၊...

အမေရိကကိုလက်တုန့်ပြန်မည်–အီရန်သမ္မတ

တေရန်၊ဇွန် ၂၂ အီရန်နျူကလီးယားစက်ရုံများကို အမေရိက,က တို-က်ခို-က်ခဲ့သည့်အတွက် လက်တုန့်ပြန်မည်ဖြစ်ကြောင်း အီရန်သမ္မတ မာဆွတ်ဒ် ပီဇက်ခီယန်က ဇွန်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ၎င်းသည် ပြင်သစ်သမ္မတနှင့်...
HomeInterviewsစက်သုံးဆီဈေးနှုန်း၏ သားကောင်များ

စက်သုံးဆီဈေးနှုန်း၏ သားကောင်များ

ကမ္ဘာ့ရေနံဈေးမြင့်တက်မှုနဲ့ ပြည်တွင်းငွေလဲနှုန်းအခြေအနေတွေကြောင့် စက်သုံးဆီဈေးနှုန်းတွေက တရိပ်ရိပ်မြင့်တက်လာနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပထမဆုံးသားကောင်ဖြစ်သွားရသူတွေကတော့ နေ့စဉ်စက်သုံးဆီထည့်ပြီး ဝင်ငွေရှာနေရတဲ့ အငှားယာဉ်မောင်းတွေပါပဲ။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ ရန်ကုန်မြို့က တက္ကစီယာဉ်မောင်းအချို့နဲ့ ကားမောင်းနေသူ အချို့ကို သူတို့ရဲ့အခက်အခဲတွေအကြောင်း မေးမြန်းပြီး စုစည်းဖော်ပြလိုက်ရပါတယ် . . .

ကိုဘိုနီ (တက္ကစီယာဉ်မောင်း)

ဆီဈေးက တစ်ရက်လုံးမောင်း ရင် နှစ်သောင်းလောက်ကုန်နေတဲ့ အချိန်မှာ အုံနာခနဲ့ ထမင်းစရိတ်နဲ့ တကယ်တမ်းအိမ်ပြန်ချိန်မှာ လက်ထဲ ငါးထောင်လောက်တောင် မပြည့်တဲ့ ရက်တွေရှိလာတော့ ဒီအတိုင်းဆိုရင် ကားပြန်အပ်ပြီး တခြားဟာပဲ လုပ် စားရမှာပေါ့။ ဆီဈေးက ဒီလိုသာ ဆက်ဖြစ်နေရင် ကျွန်တော်တို့လို အုံ နာနဲ့ ကားသမားတွေ ငတ်ကုန်ဖို့ပဲ ရှိတာပေါ့။ဆီဈေးကျဖို့ဆိုတာ အစိုးရမှာလည်းအခက်အခဲတွေရှိနေမယ်ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခု ချိန်က ဃြွ ကားတွေဆိုရင်တော့ ဆီကားထက်အဆင်ပြေတာပေါ့လေ။ ကျွန်တော်တို့က ဆီဈေးအကြောင်း ပြပြီး ဈေးပိုတောင်းလို့လည်း မရပါ ဘူး။ မကိုက်ရင် ကားပြန်အပ် တခြား ဟာ လုပ်စား ဒါပဲရှိတာပေါ့။

ကိုစည်သူ (တက္ကစီယာဉ်မောင်း)

ကျွန်တော်ကတော့ ကိုယ်ပိုင် ကားဆိုတော့ အုံနာခမရှိတော့ နည်း နည်း အသက်ရှူချောင်တယ် ပြောရ မှာပေါ့။ ဒါပေမဲ့ မြောက်ဥက္ကလာပ နဲ့ ဆူးလေကို လမ်းပိတ်တာနဲ့ ဆီဖိုး က ငါးထောင်လောက်ကုန်နေချိန် ကားခက ရှစ်ထောင်တောင်းရင် ဘယ်သူမှ မစီးကြဘူး။ အဲဒီတော့ ကျွန်တော်တို့ဘက်က တွက်သာကြည့် ပေါ့။ ဆီဈေးက ၈ဝဝ လောက်မှ ပြန် မဖြစ်ရင် တခြားအထွေထွေ စရိတ် ကလည်း ကျိန်းသေတရိပ်ရိပ်တက် လာနေတော့မှာ စက်သုံးဆီက နေရာ တိုင်းမှာ ပါဝင်နေတာကိုး။ အစိုးရ ဘက်ကလည်း အခုလိုအခြေအနေ မှာ တစ်ခုခုတော့ လုပ်ပေးသင့်ပါ တယ်။ အခုဆို ကားသမားတွေလည်း အခြေအနေမကောင်း ကုန်ဈေးနှုန်း က တက်နဲ့ အတော်ကျပ်တည်းနေကြ ချိန်ပေါ့။ သူ့ကိုယ် မကယ်နိုင် ကိုယ့် သူမကယ်နိုင်ဖြစ်နေတဲ့ အနေအထား ကို အမြန်ဆုံးပြောင်းလဲပေးဖို့ အစိုးရ မှာ တာဝန်ရှိတယ် ထင်ပါတယ်။

 

ဦးခင်ချို (အဝေးပြေးယာဉ်ပိုင်ရှင်)

ဆီဈေးက ကိုယ့်တစ်ယောက် တည်း ကွက်တက်နေတာမဟုတ်တော့ ဘာလုပ်ပေးပါလို့လည်း မပြောချင် တော့ပါဘူး။ ဒါပေမဲ့ အခုက ကား ငှားရင် အကျန်ပဲ လိုက်ဖို့ စီစဉ်တယ်။ ဘာလို့လဲဆို ဆီနဲ့ တွက်တောင်းရတာ အားနာတယ်။ ငှားတဲ့သူကိုလည်း ကိုယ်ချင်းစာတယ်။ ဒါပေမဲ့ သူတို့ ပြောသလို မနှစ်က တစ်သိန်းနဲ့ ကား ငှားလို့ရတယ်။ အခုတစ်သိန်းခွဲဖြစ် တယ်ဆိုတာမျိုးကျတော့ ကိုယ်ကပြန် ရှင်းပြရတာပေါ့။ ဆီဈေးကို ဒီထက် တော့ ထပ်မတက်ပါစေနဲ့လို့ ဆု တောင်းရမှာပဲ အခုတောင် ကား သမားအချို့ အလုပ်တွေပြောင်းပြီး ကားတွေနားထားကြတာ။ ဒီအခြေ အနေထက် ဆိုးလာရင် ခက်ရချည် ရဲ့။ စက်သုံးဆီကို မရှိမဖြစ် လိုအပ် နေတဲ့ ဖွံ့ဖြိုးဖို့ အရှိန်ယူနေရတဲ့ နိုင်ငံ မှာ ဒီလိုဆီဈေးနှုန်း ပြဿနာက ရှေ့ တက်ချင်တဲ့ တိုင်းပြည်ကို ခဲဆွဲထား သလို ဖြစ်နေတယ် မြင်ပါတယ်။

 

မောင်ဂျစ်တူး (ကိုယ်ပိုင်ယာဉ်မောင်း)

အခုစက်သုံးဆီ ဈေးတွေတက် လာတော့ ကျွန်တော်က အရင်က Engine Power အကြီး Mark2,Crown တွေပဲ ကြိုက်လို့စီးဖြစ်တယ်။
ဆီဈေးကလည်း တရိပ်ရိပ်တက်လာ တော့ ကိုယ်ကြိုက်တာ ဦးစားပေး မစီး နိုင်တော့ဘူး ငြိမ့်ညောင်းမှုလည်းကြိုက် တော့ Belta လေးနဲ့ပဲ ဖြေသိမ့်ရတယ်။
ဒါလေးနဲ့တောင် ကိုယ်က ကား တအားသုံးရတော့ တစ်ပတ်ကို အခု ဆီဈေးနဲ့ သုံးသောင်းနားပဲ။ ဝင်ငွေနဲ့ ပြန်ချိန်ရတယ်။ ကား Engine Power အကြီးတွေကြိုက်ပေမယ့် ကိုယ်က သွားရလာရတာများတော့ ဆီ ဖိုးကလည်း အရင် 95 Ron 1 Litre ကို ၆၅ဝ ကျပ်တုန်းကလို ဆီ ဖိုးမကြောက်တဲ့သူကနေ အခုဆီဈေး နှုန်းအရ ဆီဖိုးကြောက်လို့ အသွား အလာကအစ Control လုပ်နေရတယ်။
လက်ရှိအစိုးရအနေနဲ့လည်း ပြည်သူတွေအတွက် ဆီဈေးနှုန်းကို လျှော့ချပေးဖို့ ကူညီပေးစေချင်တယ်။ဆီဈေးတက်တော့ ကားခ၊ ကုန်ဈေး နှုန်း အစစအရာရာအားလုံးဈေးတွေ တက်သွားတယ်။ အဲဒီအတွက် ဆီ ဈေးကျဖို့ ပြည်သူတွေအတွက် ကြည့် ရှုပေးသင့်ပါတယ်။

 

ဦးမောင်ထွန်း (Express ယာဉ်မောင်း)

ဦးတို့ကတော့ လစာနဲ့မောင်းရ တာမို့ သိပ်မထူးခြားပါဘူး။ ဒါပေမဲ့ ဂိတ်အနေနဲ့တော့ ပိုင်ရှင်တွေတော့ အထိနာနေတယ်။ ကားခတိုးတောင်း လို့က အလွယ်တကူ လုပ်မရဘူးလေ ဌာနတွေကို တင်ပြရသေးတာ။ ဆီ ဈေးကလည်း ကားကြီးတွေဆိုတော့ သိသာလွန်းတယ်။ ပုံမှန်အရင်က နှစ် သိန်းဖိုးထည့်ရတဲ့ ခရီးက အခုသုံး သိန်းပဲ။ ဒီလိုအခြေအနေမှာ ကား ပိုင်ရှင်တွေအတွက်တော့ အတော် ကျပ်တည်းတာပေါ့နော်။ ပိုက်ဆံရှိလို့ ကားထောင်ထားပေမယ့် တကယ့် တကယ်ပြင်ဆင်စရိတ်နဲ့ ကျသူတို့ လည်း ခက်ခဲနေတာ သိနိုင်ပါတယ်။ဆယ်စီးရှိတဲ့လူက အခုအချိန် ငါးစီး လောက်ပဲ ထွက်နေတာမျိုးပေါ့။ ဆီ ဈေးနှုန်းကို အစိုးရက ဈေးကျအောင် မလုပ်နိုင်တာလားတော့ သိချင်ပါ တယ်။

အောင်ပြည့်စုံ

Ads Space Available


Continue reading

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင် ငံသား (၄၁)ဦးကို ထိုင်းရဲတပ်ဖွဲဖမ်းဆီး

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ သတင်းရင်း မြစ်တစ်ဦးထံက သိရသည်။ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား (၄၁) ဦးအနက် မလေးရှားနိုင်ငံသို့ ဆတ်လက်ထွက်ခွာမည့် အမျိုးသား (၃၃) ဦးပါဝင်ပြီး၊ အမျိုးသမီး (၈)ဦးမှာ ဘန်ကောက်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံမှတဆင့် မလေးရှာနိုင်ငံသို့ ဆက်လက် ထွက်ခွာမည့်အမျိုးသား (၃၃)ဦးမှာ တစ်ဦးလျှင် ပွဲစားခဘတ် (၅၅,၀၀၀)ပေးခဲ့ရပြီး ၊ အမျိုးသမီး (၈)ဦးမှာ...

နေပြည်တော်အနီး ဗဟိုပြု၍ အင်အား (၃.၁) အဆင့်ရှိ ငလျင်လှုပ်

ယနေ့ ဇွန်လ (၂၃) ရက် နေ့လယ်ပိုင်းက နေပြည်တော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာစကေး (၃.၁) အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု ထိုင်းမြေငလျင် သတင်းဌာနက ဆိုသည်။ ထိုသို့လှုပ်ခတ်မှုကို နေပြည်တော်တွင် နေထိုင်သည့် မြို့ခံများလည်း ခံစားသိရကြောင်း လူမှုကွန်ရက်များတွင် မျှဝေထားကြသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းတစ်စုံတရာ ထုတ်ပြန်ထားခြင်းတော့ မရှိသေးပေ။ အလားတူ ယနေ့ နံနက်အစောပိုင်းကလည်း ပဲခူးတိုင်း၊ ပြည်မြို့၏ အရှေ့ဘက် (၉) မိုင်ခန့်အကွာအနက် ၁၇ ကီလိုမီတာကို...

ငလျင်ဒဏ်ထိ ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန် အလှူရှင်များဖိတ်ခေါ်

အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန် အလှူ ရှင်များဖိတ်ခေါ်ထားသည်။ မတ် (၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင် စီနယ်မြေတို့တွင် ရှေးဟောင်းစေတီ၊ ပုထိုး၊ ဂူဘုရားနှင့် ယဉ်ကျေးမှု အမွေအနှစ်အဆောက်အအုံ (၁၇၈၁)ဆူနှင့် ဘုရားစေတီ၊ သာသနိကအဆောက်အအုံ(၄,၉၉၈)ခု၊ စုစုပေါင်း (၆,၇၇၉)ဆူ ထိခို-က်ပျ-က်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင် မွမ်းမံရန်အတွက် ဘုရား၊ စေတီတစ်ဆူလုံးကိုဖြစ်စေ သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။ စေတီ၊ ဘုရားများပြုပြင်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071