Friday, May 1, 2026

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိလာသည့် အိန္ဒိယရေတပ်ဦးစီးချုပ်

အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ချစ် ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မေ...

ရန်ကုန် – မန္တလေး လမ်းပိုင်းတွင်...

ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း အဆိုပါ DEMU ရထားတွဲဆိုင်းများ စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ (မေလ ၁ ရက်) နံနက်ပိုင်းတွင် ရန်ကုန်ဘူတာကြီး၌ ကျင်းပခဲ့သည်။...
HomeNewsLocal Newsစက္ကူစက်ရုံ(သာပေါင်း)ကိုပြန်လည်ပတ်နိုင်ခြင်းသည် နိုင်ငံ၏စက်မှုကဏ္ဍကို အသစ်တဖန်ဆန်းသစ်နိုင်ခဲ့ခြင်းပင်ဖြစ်

စက္ကူစက်ရုံ(သာပေါင်း)ကိုပြန်လည်ပတ်နိုင်ခြင်းသည် နိုင်ငံ၏စက်မှုကဏ္ဍကို အသစ်တဖန်ဆန်းသစ်နိုင်ခဲ့ခြင်းပင်ဖြစ်

မြန်မာစီးပွားရေးကော်ပိုရေးရှင်း၏ သတင်းစာစက္ကူစက်ရုံ(သာပေါင်း) စတင်ဖွင့်လှစ်လည်ပတ်နိုင်ခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ သြဂုတ် ၁၂ ရက်နံနက်ပိုင်းက သတင်းစာ စက္ကူစက်ရုံ(သာပေါင်း)စတင်ဖွင့်လှစ်လည်ပတ်ခြင်းအခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုစက်ရုံသည် နိုင်ငံတော်အတွက်အရေးကြီးသည့် စက်ရုံတစ်ခုဖြစ်ကာ ယခင်က အကြောင်းအမျိုးမျိုးကြောင့်ရပ်နားခဲ့ရပြီး ယခုအချိန်တိုအတွင်း လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ခြင်းသည် မူလဝန်ထမ်းများ၏ ထိန်းသိမ်းထားရှိမှု အရည်အချင်းကောင်းများကြောင့် နိုင်ငံတော်အတွက်အကျိုးရှိသည့် လုပ်ငန်းလည်ပတ်မှုဖြစ်လာကာ များစွာအကျိုးဖြစ်ထွန်းစေမည်ဟု ဆိုသည်။

စာများပုံနှိပ်ထုတ်ဝေရန် စက္ကူများမဖြစ်မနေလိုအပ်ကာ မြန်မာနိုင်ငံ၌ စက္ကူထုတ်လုပ်နိုင်သည့် ကုန်ကြမ်းပစ္စည်းများစွာရှိပြီးဖြစ်၍ စက္ကူထုတ်လုပ်ခြင်းကိုဆောင်ရွက်နိုင်ရန် စက်ရုံကိုပြန်လည် လည်ပတ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် နိုင်ငံတစ်ခုတိုးတက်ရန် စက်မှုကဏ္ဍသည် အလွန်အရေးပါကာ “စက်မှုစွမ်အားခေတ်ကျော်လွှား”ဆိုသည့်အတိုင်း စက်မှုကဏ္ဍတိုးတက်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကိုတည်ဆောက်နိုင်မည်ဟု ဆိုသည်။

“စက်မှုလုပ်ငန်းတွေနဲ့ ကုန်ထုတ်လုပ်မှုတွေကိုထုတ်လုပ်ပြီးပြည်တွင်းအတွက်လိုအပ်တဲ့ပစ္စည်းတွေကို ထုတ်လုပ်နိုင်တာကြောင့် ပြည်ပသွင်းကုန်တွေကို လျှော့ချနိုင်မှာဖြစ်သလို နိုင်ငံခြားငွေသုံးစွဲမှုတွေများစွာလျော့နည်းလာမှာဖြစ်ပါတယ်၊ နိုင်ငံမှာရှိပြီးဖြစ်သည့် စက်ရုံ၊အလုပ်ရုံတွေနဲ့ ပြည်တွင်းကထွက်ရှိတဲ့ ကုန်ကြမ်းတွေကိုအသုံးပြုပြီး ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းတွေကိုဆောင်ရွက်နိုင်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

“သတင်းစာစက္ကူစက်ရုံ(သာပေါင်း) ကို ပြန်လည် လည်ပတ်နိုင်ခြင်းဟာ နိုင်ငံရဲ့စက်မှုကဏ္ဍကို အသစ်တဖန်ဆန်းသစ်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် အခြားစက်ရုံ၊အလုပ်ရုံများ လည်ပတ်နိုင်ရန်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ စက်မှုလုပ်ငန်းများနှင့်ကုန်ထုတ် လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်လာမည်ဟု ဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော နိုင်ငံတော်အလုပ်သမားနေ့၌ ၎င်း၏ လုပ်သားအင်အားဆိုင်ရာ မဟာဗျူဟာကို ဖွဲ့စည်းပုံဆိုင်ရာ၌ အကြီးအကျယ် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ဒ်ချနန် ဝေါင်ဆာဝတ်က ၎င်း၏ မိန့်ခွန်းတွင် နိုင်ငံ့လုပ်သားအင်အားအတွက် အန္တရာယ်နှစ်ရပ်ရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ယင်းတို့မှာ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ထောက်ပံ့ရေးကွင်းဆက် မတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာသော ပြင်ပစီးပွားရေး ဖိအားများဖြစ်ပြီး ယင်းနှင့်အတူ ဉာဏ်ရည်တု (AI) နည်းပညာ၊...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန် သောကြာနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။ Milli Majlis ဟု သိကြသော ပါလီမန်သည် ဥရောပပါလီမန်နှင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ရန်နှင့် အီးယူ-အဇာဘိုင်ဂျန် ပါလီမန်ချင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတွင် ပါဝင်မှုကို အဆုံးသတ်ရန် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုသည်။ နွေဦးကာလ ပါလီမန်အစည်းအဝေး ဖွင့်လှစ်ချိန်တွင် ပါလီမန် ဥက္ကဋ္ဌ ဆာဟီဘာ ဂါဖာရိုဗာ က ဥရောပပါလီမန်၏...

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိလာသည့် အိန္ဒိယရေတပ်ဦးစီးချုပ်

အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ချစ် ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မေ ၁ ရက်ညနေပိုင်းက ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့်ရောက်ရှိလာခဲ့သည်။ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်လေဆိပ်၌ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ရွှေတိ ဂုံစေတီတော်မြတ်ကြီးအားဖူးမြော်ကြည်ညိုပြီး မြန်မာ နိုင်ငံ၌ မေ ၆ ရက်အထိနေထိုင်၍ အထင်ကရနေရာများကိုလေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံရေတပ်ဆိုင်ရာချစ် ကြည်ရေးခရီးစဉ်များဆောင်ရွက်ခြင်းတို့ကိုပြုလုပ်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071