Friday, June 19, 2026

ကျောက်ဖြူစီမံကိန်းနှင့် CMEC မှ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများစွာ...

“မြန်မာနှင့် တရုတ်နိုင်ငံတို့သည် အရေးပါသည့် စီးပွားရေးမိတ်ဖက်နိုင်ငံများဖြစ်ပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ရေရှည်ရပ်တည်လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် Belt and Road Initiative...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးလေဆိပ်မှတစ်ဆင့် နေပြည်တော်သို့...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည် ရေးခရီးစဥ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက်နေ့လည်ပိုင်းက ဟန်ကျိုးမြို့ရှိ...

ကမ္ဘာ့ဈေးကွက်ကို ဦးဆောင်နေသည့် လူသားပုံစံတူ စက်ရုပ်...

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် တည်ရှိပြီး လူသားပုံစံတူ စက်ရုပ်(Humanoid Robots) နှင့် စက်ရုပ်ခွေး များ (Quadruped Robots) ကို ကမ္ဘာ့ဈေးကွက်သို့...

တရုတ် EV နည်းပညာဖွံ့ဖြိုးတိုးတက်မှုများကို နိုင်ငံတော်သမ္မတ...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ဟန်ကျိုးမြို့ရှိ တရုတ်နိုင်ငံ၏...
HomeMoviesစက်သုံးဆီဈေး (၇)ပတ် ဆက်တိုက်ကျဆင်း၊

စက်သုံးဆီဈေး (၇)ပတ် ဆက်တိုက်ကျဆင်း၊

ဒီဇယ်တစ်လီတာ ကျပ် ၂၂၀၀ ကျော် ကျဆင်းလာ

စက်သုံးဆီဈေးနှုန်းသည် သင်္ကြန်ကျော်ကာလမှစတင်ကာ (၇)ပတ်ဆက်တိုက် ကျဆင်းလာခဲ့ရာ တစ်လခွဲကျော်အတွင်း ဒီဇယ်တစ်လီတာလျှင် ကျပ် ၂,၂၀၀ ကျော်အထိ ကျဆင်းသွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ (ဇွန် ၅ ရက်) တွင် ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် –
ဓာတ်ဆီ 92 Ron: ၄,၃၄၅ ကျပ်၊
ဓာတ်ဆီ 95 Ron: ၄,၃၈၅ ကျပ်၊
ဒီဇယ် (HSD 500 ppm): ၄,၂၂၀ ကျပ်၊
ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm): ၅,၁၁၅ကျပ် အသီးသီး ဖြစ်သည်။ ဇွန် ၁၁ ရက်အထိ ယင်းဈေးနှုန်းအတိုင်းသာ ရှိနေမည်ဖြစ်သည်။

ယနေ့တွင် ကမ္ဘာ့ရေနံဈေးနှုန်းအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ၉၂ ဒေါ်လာဝန်းကျင်ရှိနေကာ ပြည်တွင်းစက်သုံးဆီဈေးမှာ ဓာတ်ဆီရော ဒီဇယ်ပါ ဈေးကျဆင်းလာခြင်း ဖြစ်သည်။

ယခုတစ်ပတ်စက်သုံးဆီဈေးနှုန်းကို ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ 92 Ron: တစ်လီတာလျှင် ၂၀၅ ကျပ်၊ ဓာတ်ဆီ 95 Ron: တစ်လီတာလျှင် ၂၃၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၃၇၅ ကျပ် ၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၄၃၅ ကျပ်အထိ ထပ်မံစျေးကျလာခြင်းဖြစ်သည်။

ဧပြီ ၂၄ ရက် ရည်ညွှန်းဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက သီတင်းပတ်(၇)ပတ်အတွင်း –

ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၃၉၀ ကျပ်၊
ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၅၆၀ ကျပ်၊
ဒီဇယ် တစ်လီတာလျှင် ၂၂၆၅ ကျပ်၊
ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၆၄၀ ကျပ် စျေးကျလာခဲ့သည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီဈေးနှုန်းများကို MOPS ဈေးနှုန်းပေါ်တွင် အခြေခံ၍ နေ့စဉ်တွက်ချက်ထုတ်ပြန်ပေးလျက်ရှိပြီး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းမမှန်ကန်ခြင်းများရှိပါက ကော်မတီ၏ ဖုန်းနံပါတ်များဖြစ်သော ၀၁-၄၀၀၃၉၇၃ နှင့် ၀၉-၂၅၄၅၂၅၄၇၇ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောက်ဖြူစီမံကိန်းနှင့် CMEC မှ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများစွာ ရှိနေဟု နိုင်ငံတော်သမ္မတ ပြောကြား

“မြန်မာနှင့် တရုတ်နိုင်ငံတို့သည် အရေးပါသည့် စီးပွားရေးမိတ်ဖက်နိုင်ငံများဖြစ်ပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ရေရှည်ရပ်တည်လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် Belt and Road Initiative (BRI) နှင့် China-Myanmar Economic Corridor (CMEC) စီမံကိန်းများအတွက် မဟာဗျူဟာမြောက် ဝင်ပေါက်တစ်ခုဖြစ်သည့်အပြင် အိန္ဒိယသမုဒ္ဒရာသို့ ဆက်သွယ်နိုင်မည့် အရေးပါသော လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ကြီးမားသည့်ဈေးကွက်တစ်ခုရှိသကဲ့သို့ အာဆီယံဒေသအတွင်း အချက်အချာကျသည့် ပထဝီအနေအထားကို ပိုင်ဆိုင်ထားပါသည်။ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းများနှင့်...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးလေဆိပ်မှတစ်ဆင့် နေပြည်တော်သို့ အထူးလေယာဥ်ဖြင့်ပြန် လည်ထွက်ခွာ

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည် ရေးခရီးစဥ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက်နေ့လည်ပိုင်းက ဟန်ကျိုးမြို့ရှိ ဟန်ကျိုးလေဆိပ်မှတစ်ဆင့် နေပြည်တော်သို့ အထူးလေယာဥ်ဖြင့် ပြန်လည်ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတသည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်အဖြစ် ဇွန် ၁၅ ရက်မှစတင်ကာသွားရောက်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသမ္မတ၊ တရုတ်နိုင်ငံဝန်ကြီးချုပ်၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (NPC)ဥက္ကဋ္ဌတို့အပါအဝင် တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ထို့ပြင် ပေကျင်းမြို့၊ ရှန်ဟိုင်းမြို့နှင့် ဟန်ကျိုးမြို့တို့ရှိ အထင်ကရနေရာများ၊ စက်ရုံ၊ အလုပ်ရုံများကိုလည်း ကြည့်ရှုလေ့လာပြီး စီးပွားရေးဆိုင်ရာအစည်းအဝေးများကိုလည်းတက်ရောက်ခဲ့သည်။ ထို့အတူ နိုင်ငံတော်သမ္မတသည် တရုတ်နိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးပြီးချိန်ကလည်း...

ကမ္ဘာ့ဈေးကွက်ကို ဦးဆောင်နေသည့် လူသားပုံစံတူ စက်ရုပ် နှင့် စက်ရုပ်ခွေး ထုတ်လုပ်သည့် Unitree Robotics ကို နိုင်ငံတော်သမ္မတ လေ့လာ

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် တည်ရှိပြီး လူသားပုံစံတူ စက်ရုပ်(Humanoid Robots) နှင့် စက်ရုပ်ခွေး များ (Quadruped Robots) ကို ကမ္ဘာ့ဈေးကွက်သို့ စီးပွားဖြစ် တင်ပို့ရောင်းချလျက်ရှိသည့် Unitree Robotics ကုမ္ပဏီသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ ကုမ္ပဏီသို့ ရောက်ရှိစဉ် Unitree Robotics မှ တာဝန်ရှိသူများက ရိုဘော့နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ကမ္ဘာ့ဈေးကွက်အတွင်း ဖြန့်ချိရောင်းချနေမှု အခြေအနေများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071