မြန်မာ၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ နယ်စပ်တလျှောက်ရှိ အလျင်အမြန်ကြီးထွားလာနေသော တရားမဝင် အွန်လိုင်းငွေလိ-မ်ဂိုဏ်းကွန်ရက်များကို နှိမ်နင်းရန်အတွက် ထိုင်းနှင့် တရုတ်နိုင်ငံတို့ လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းငွေလိ-မ်ဂိုဏ်းများသည် ဖုန်းနှင့် အွန်လိုင်းမှတဆင့် လူများကို လိ-မ်လ-ည်ရန် ရည်ရွယ်ကာ လူကု-န်ကူးလုပ်သားများကို မကြာခဏ ခန့်အပ်စေခိုင်းကြသည်။
အရှေ့တောင်အာရှဒေသ အထူးသဖြင့် ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများအကြား နယ်စပ်ဒေသသည် ကိုဗစ်-၁၉ ကပ်ရောဂါစတင်ချိန်မှစကာ တယ်လီကွန်းနှင့် အခြားအွန်လိုင်းလိ-မ်လ-ည်မှုလုပ်ငန်းများ၏ အချက်အချာဖြစ်လာသည်ဟု ကုလသမဂ္ဂက ပြောဆိုခဲ့ပြီး ယင်းငွေလိ-မ်ဂိုဏ်းများတွင် အလုပ်လုပ်ရန် လူပေါင်း သိန်းနှင့်ချီ၍ လူ-ကု-န်ကုးခံခဲ့ရသည်ဟု ဆိုသည်။
ထိုင်းရဲတပ်ဖွဲ့၏ အဆိုအရ ဘန်ကောက်မြို့ရှိ ရဲဌာနချုပ်တွင် ညှိနှိုင်းရေးစင်တာတစ်ခု ထူထောင်မည်ဖြစ်ပြီး ငွေလိ-မ်ဂိုဏ်းများအတွက် အဓိကနေရာဖြစ်နေသော မြဝတီမြို့နှင့် နယ်စပ် မဲဆောက်ခရိုင်တွင် နောက်ထပ်ညှိနှိုင်းရေးစင်တာတစ်ခု ထူထောင်ရန် တရုတ်အာဏာပိုင်များက စီစဉ်နေသည်ဟု ဆိုသည်။
ဇန်နဝါရီ ၂၁ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့တွင်ကျင်းပခဲ့သည့် အစည်းအဝေးတစ်ခု၌ မြန်မာနိုင်ငံအတွင်း လှုပ်ရှားလုပ်ကိုင်နေသော တယ်လီကွန်းအလိ-မ်အည-ာဂိုဏ်းများအား ဖြိုခွင်းရန် တရုတ်၊ မြန်မာနှင့် ထိုင်းနိုင်ငံ တာဝန်ရှိသူများ သဘောတူညီခဲ့ကြသည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
Ref: Vietnam+