Saturday, December 13, 2025

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...

သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်...

မွန်ညီညွတ်ရေးပါတီက သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက် (၈) နာရီအချိန်၌...

NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့...

လူငယ်များအား ငြိမ်းချမ်းသည့်ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးစေလို နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လူငယ်များကို စုစည်း၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ကြောင်း...

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တာ့ခ်မင်နစ္စတန်နိုင်ငံတွင် ကျင်းပသည့်...

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတမာဆော့ပါဇက်ရှ်ကီရမ်နှင့် တွေ့ဆုံ၍လည်း နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးဆွေးနွေးခဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ်အထိမ်းအမှတ်နိုင်ငံတကာဖိုရမ်ကို တာ့ခ်မင်နစ္စတန်နိုင်ငံ၌ ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက တက်ရောက်ကာ...
HomeNewsLocal Newsငွေစက္ကူအစစ် ၁၇သိန်းပေး၍ ဝယ်ယူခဲ့သော...

ငွေစက္ကူအစစ် ၁၇သိန်းပေး၍ ဝယ်ယူခဲ့သော ကျပ်တစ်သောင်းတန် ငွေစက္ကူ အတုများနှင့်အတူ တရားခံသုံးဦးဖမ်းဆီးရမိ

ငွေစက္ကူအစစ် ၁၇သိန်းပေး၍ ဝယ်ယူခဲ့သော ကျပ်တစ်သောင်းတန် ငွေစက္ကူ အတုများနှင့်အတူ တရားခံသုံးဦးဖမ်းဆီးရမိ

ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့တွင် ငွေစက္ကူအစစ် ၁၇သိန်းကျပ်ပေး၍ ဝယ်ယူခဲ့သော ကျပ်တစ်သောင်းတန်ငွေစက္ကူအတုများနှင့်အတူ တရားခံသုံးဦးကို ယမန်နေ့ ဇူလိုင်၁၂ ရက် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၁၂ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုးကျေးရွာအနီး၌ ငွေစက္ကူအတုများလဲလှယ်နေကြောင်း သတင်းအရ တောင်ကုတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက စုံစမ်းဖမ်းဆီးခဲ့ရာ သန့်ဇင်ထွန်း (ဘ)ဦးထွန်းထွန်း၊ အသက် (၂၁)နှစ်၊ လိပ်ကုန်းဘောင်ကျေးရွာ၊ တောင်ကုတ်မြို့နယ် နေသူအား ငွေစက္ကူအတုဟုယူဆရသော ခဓ ၈၄၂၇ ၅၉၈/BS 8427598 နံပါတ်စဉ်ပါ တစ်သောင်းကျပ်တန် ၁၀၅ ရွက် (၁,၀၅၀,၀၀၀ ကျပ်)နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် ငွေစက္ကူအတုများ၌ လေဆာကြိုးအရောင်မှာ ပြောင်းလဲခြင်းမရှိဘဲ သာမန်မိတ္တူကူးစက္ကူအမျိုးအစားဖြစ်ကာ ငွေစက္ကူအစစ်ထက် အလျား ၁ မီလီမီတာ ရှည်ပြီး အနံ ၁ မီလီမီတာ တိုနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ကနဦးဖမ်းဆီးရမိသူ သန့်ဇင်ထွန်းအား စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းငွေစက္ကူအတုများအား Facebook Messenger မှတစ်ဆင့် ဆက်သွယ်၍ တောင်ကုတ်မြို့နယ်၊ ပဒါကျေးရွာနေ မာမာဝင်း၊ ခင်သီတာလွင်တို့နှင့်အတူ ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားဝန်းအနီး၌ ငွေစက္ကူအစစ် ၁၇ သိန်း ပေး၍ ငွေစက္ကူအတု ၁၀၀၀၀ ကျပ်တန် ၅၃၀၀၀၀၀ ကျပ် သွားရောက်ဝယ်ယူခဲ့ပြီး ပြန်လာခဲ့ပြီး၊ လမ်းခရီးတစ်လျှောက်တွင်လည်း ငွေစက္ကူအတုများဖြင့် ဈေးဝယ်သုံးစွဲခဲ့သည်ဟု သိရှိရသည်။

ကျန်ရှိသောငွေစက္ကူအတုများမှာ မာမာဝင်းနှင့် ခင်သီတာလွင်တို့ထံတွင် ရှိကြောင်းသိရသဖြင့် နေ့လည် ၁၁ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် ၎င်းတို့၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ တရားခံ မာမာဝင်း (ဘ)ဦးကျော်ဇံ၊ (၃၉)နှစ်နှင့် ခင်သီတာလွင် (ဘ)ဦးညီသန်းလွင် တို့ နှစ်ဦးအား ငွေစက္ကူအတု တစ်သောင်း ကျပ်တန် ၂၂၉ ရွက်နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။

ငွေစက္ကူအတုနှင့်ပတ်သက်၍ ဖမ်းဆီးရမိတရားခံသုံးဦးအား တောင်ကုတ်မြို့မရဲစခန်းတွင် မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

Photo – ရခိုင်နေ့စဥ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း သိရသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ပြည်နယ်ဖွံဖြိုးမှုကြီးကြပ်ရေးရုံးမှ ဆောင်ရွက်သည့်လွိုင်ကော်စက်မှုဇုန် ကတ္တရာလမ်း ၈ လမ်း၊ စုစုပေါင်းအရှည် ၁၁၀၂၇ ပေဖောက်လုပ်ပြီးစီးနေပြီးဖြစ်ပြီး  ဇုန်အတွင်းရှိ ရွှေလွိင်ကော် အဆင့်မြင့်ပရိဘောဂစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်း ကြည့်ရူခဲ့ကြောင်း သိရသည်။ လုပ်ငန်းများ ယခုထက် ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရေး၊ ကုန်ကြမ်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးကွက်ရရှိရေးအတွက် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးရန်မှာကြားခဲ့ပြီး လုပ်ငန်းရှင်များ၏...

သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူ

မွန်ညီညွတ်ရေးပါတီက သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက် (၈) နာရီအချိန်၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ သံဖြူဇရပ်မြို့နယ်အောင်နိုင်ရေး ကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝန်းရံထောက်ခံသူများ တက်ရောက်ခဲ့ကြသည်။ ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပရန် ရက်နီးကပ်လာသည်နှင့်အမျှ မွန်ပြည်နယ်အတွင်းရှိ ဒေသအခြေအစိုက် မွန်ညီညွတ်ရေးပါတီသာမက ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ ပြည်သူ့ပါတီ (PP) ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့အပြင် အခြားပါတီများအ‌နေဖြင့် အောင်နိုင်ရေးဆိုင်ဘုတ်များ...

NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား အလုပ်ရုံဆွေးနွေးပွဲ၏ အကြံပြုချက်များအရ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပမည်

လူငယ်များအား ငြိမ်းချမ်းသည့်ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးစေလို နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လူငယ်များကို စုစည်း၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပရေးဦးစီးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်က နေပြည်တော်၌ ကျင်းပခဲ့ပြီး ၊ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071