နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်းများဖွံဖြိုးရေး ချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသောချေးငွေများကို ထုတ်ချေးပေးနေကြောင်း သိရသည်။
ပြည်တွင်းရှိ ဆီစက်များ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း အဆင့်မြှင့်တင်ခြင်း ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောင်ခြင်းနှင့် လုပ်ငန်းသုံးရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်များအတွက် ချေးငွေထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။
ချေးငွေဆိုင်ရာ စည်ကမ်းသတ်မှတ်ချက်များအလိုက်အနည်း ဆုံးကျပ်သိန်း (၁၀၀) မှ (၅,၀၀၀)ထိထုတ်ချေးမည်ဖြစ်ကြောင်း ဆီစက်လုပ်ငန်းများဖွံဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့က အသိပေးထားသည်။
ထိုပြင် ကျပ်သိန်း(၅,၀၀၀) အထက်ချေးငွေယူလိုသည့် ဆီစက်လုပ်ငန်းရှင်များအနေဖြင့်လည်း မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်(ရုံးချုပ်)သို့ တိုက်ရိုက်ပေးပို့လျှောက်ထားရန် အသိပေးထားသည်။
ချေးငွေအတိုးနှုန်းသည့် တစ်နှစ်ကို (၅)ရာခိုင်နှုန်းအတိုးဖြစ်ပြီး ချေးငွေ အဆိုပြုလွှာများကို သက်ဆိုင်ရာပြည်ထောင်စုနယ်မြေ တိုင်းဒေသကြီးများက ဆီစက်ပိုင်ရှင်များအသင်းရုံးများ၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံးများ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန မြန်မာစီးပွားရေးဘဏ်ခွဲများအားလုံးနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအားလုံးတွင် ရယူလျှောက်ထားနိုင်ကြောင်း သိရသည်။
