Looking for something?

Explore the website

Looking for something?

Sunday, May 25, 2025

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူ များတက်ရောက်နိုင်ရေးအတွက် Polytechnic Institute...

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူများတက်ရောက်နိုင်ရေးအတွက် Polytechnic Institute ဖွင့်လှစ်ရန်ဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊...

တရုတ်ဝန်ကြီးချုပ်က စင်္ကာပူဝန်ကြီးချုပ်ကိုဂုဏ်ပြု

ပေကျင်း၊မေ ၂၄ တရုတ်ဝန်ကြီးချုပ်လီချင်သည် စင်္ကာပူဝန်ကြီးချုပ်အဖြစ်ဒုတိယအကြိမ် ရွေးချယ်ခံခဲ့ရသည့် မစ္စတာလောရန့်စ်ဝေါင်းကိုဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟုသိရသည်။ တရုတ်နှင့်စင်္ကာပူတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများ ဖြစ်ကြပြီး အရေးပါသောမိတ်ဖက်များဖြစ်ကြကာ လက်ရှိတွင် နယ်ပယ်အသီးသီး၌...

လားရှိုးတွင် ကုန်စျေးနှုန်းများ ပုံမှန်မရှိသေး

ပြန်လည်တည်ဆောက်ရေးနှင့် ထူထောင်ရေး လုပ်ငန်းများဖြင့် လည်ပတ်နေသည့် လားရှိုးမြို့တွင် အခြေခံစားသော က်ကုန်အပါအဝင် ကုန်စျေးနှုန်းများ ပုံမှန်မရှိသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိလားရှိုးမြို့တွင် ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ကျပ် (၃)...

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ သတိထားရန် လိုအပ်

မိုးရာသီရောက်ရှိလာတော့မည် ဖြစ်သည့်အတွက် ပြင်းထန်ဝမ်းပျ-က်ဝမ်းလျှောရောဂါ သတိထားရန် လိုအပ်ကြောင်းကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမားရေးဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။ ပြင်းထန်ဝမ်းပျ-က်ဝမ်းလျှော ရောဂါသည် မသန့်ရှင်းသောရေနှင့် မသန့်ရှင်းသည့် အစားအစာများကို စားသောက်မိရာမှ ကူးစက်နိုင်သည်ဟုလည်း...
HomeNewsLocal Newsငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် နိုင်ငံရေး၏ အစိတ်အပိုင်းဖြစ်သော်လည်း...

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် နိုင်ငံရေး၏ အစိတ်အပိုင်းဖြစ်သော်လည်း နိုင်ငံရေး၏ လက်နက်တစ်ခုမဟုတ်ဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇန်နဝါရီ ၁၅ ရက်(ယနေ့)တွင် ကျရောက်သည့် (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ၌ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆက်လက်ဆွေးနွေးညှိနှိုင်းရန်များ ကျန်ရှိနေဆဲဖြစ်ကာ တိုးတက်မှုရှိနေသည့် ငြိမ်းချမ်းရေးလမ်းစများပေါ် တိုင်းရင်းသားအဖွဲ့အစည်းများနှင့်သက်ဆိုင်သူအားလုံးက နိုင်ငံနှင့်ပြည်သူအကျိုးကိုရှေးရှု၍ အပြုသဘောဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းသည် ငြိမ်းချမ်းရေးခရီးကို ပိုမိုထိရောက်စေနိုင်မည်ဟု ဆိုသည်။

“ပဋိပက္ခတွေနဲ့ သံသရာလည်နေတဲ့ နိုင်ငံတိုင်းအတွက် ငြိမ်းချမ်းရေးခရီးက အခက်အခဲအကျပ်အတည်းတွေ ရှိကြစမြဲဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက သဝဏ်လွှာ၌ရေးသားပြောဆိုခဲ့သည်။

ထို့ကြောင့် ပါဝင်ပတ်သက်သူအားလုံး၏ ငြိမ်းချမ်းရေးအား အမှန်တကယ်လိုလားသည့်ဆန္ဒ၊နည်းလမ်းမှန်ကန်မှု၊ငြိမ်းချမ်းစွာစေ့စပ်ညှိနှိုင်းလိုမှု၊စိတ်ရှည်သည်းခံမှု၊တစိုက်မတ်မတ်ကြိုးစားအားထုတ်မှုများရှိမှသာ ငြိမ်းချမ်းရေးလိုရာခရီးပေါက်မည်ဟု ဆိုသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် နိုင်ငံရေး၏ အစိတ်အပိုင်းဖြစ်သော်လည်း နိုင်ငံရေး၏ လက်နက်တစ်ခုမဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် အဓိကဦးတည်လုပ်ဆောင်မှသာ အနာဂတ်နိုင်ငံတည်ဆောက်ရေးကို အထောက်အကူဖြစ်စေမည်ဟု ဆိုသည်။

လက်နက်ကိုင်ပဋိပက္ခများရှိနေသည့် ဒေသများတွင် ပဋိပက္ခများ၏အကျိုးဆက်များကို ယင်းဒေသမှ ပြည်သူများတိုက်ရိုက်ခံစားနေကြပြီး ကျန်ပြည်သူများက သွယ်ဝိုက်၍ ခံစားနေကြရသည်ဟု ဆိုသည်။

“လက်နက်ကိုင်တိုက်ခိုက်မှုတွေကြောင့် လူ့အဖွဲ့အစည်းတွေနဲ့သက်ဆိုင်ရာဒေသဖွံ့ဖြိုးတိုးတက်ရေးကို အတားအဆီးဖြစ်စေတဲ့အပြင် ကလေးငယ်တွေရဲ့ ပညာရေး၊ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်းခက်ခဲစေပါတယ်”ဟု နစက ဥက္ကဋ္ဌက သဝဏ်လွှာ၌ရေးသားပြောဆိုခဲ့သည်။

ပဋိပက္ခများကြောင့် စီးပွားရေးကျဆင်းကာ ဆင်းရဲမှုနှုန်းမြင့်တက်စေခြင်းမှာ နိုင်ငံ၏အနာဂတ်အတွက် ရင်လေးဖွယ်ရာဖြစ်သည်ကို သတိထားလုပ်ဆောင်ကြရမည်ဟု သဝဏ်လွှာတွင်ရေးသားတိုက်တွန်းထားသည်။

တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရန် နိုင်ငံတော်အစိုးရ၊တပ်မတော်တို့နှင့်အတူ နိုင်ငံ့ဝန်ထမ်းများအားလုံး၊အရပ်ဘက်အဖွဲ့အစည်းများအားလုံး၊တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ မျှော်မှန်းသည့်ပန်းတိုင်ကိုအချိန်တိုအတွင်း အောင်အောင်မြင်မြင်ရောက်ရှိနိုင်မည်ဟု ဆိုသည်။

ထိုပန်းတိုင်သို့ရောက်ရှိရန် အဓိကကျသည့်အချက်မှာ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း မိမိတို့တိုင်းရင်းသားအားလုံး မျိုးချစ်စိတ်ဓာတ်၊ပြည်ထောင်စုစိတ် ဓာတ်တို့ဖြင့် စည်းလုံးညီညွတ်ကြရန်နှင့်နိုင်ငံတော်ကို ဘက်ပေါင်းစုံမှထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လိုအပ်မည်ဟုလည်း သဝဏ် လွှာ၌ရေးသားထားသည်။

လတ်တလောအခြေအနေတွင် ပြည်ပနိုင်ငံများ၏ သွေးထိုးလှုံ့ဆော်မှုများ၊သဘောထားကွဲလွဲပြီး နိုင်ငံနှင့်ပြည်သူအကျိုးကို မျက်ကွယ်ပြုလုပ်ဆောင်နေသည့် အချို့အဖွဲ့အစည်းများ၏ ဆောင်ရွက်မှုများ၊ကျင့်ဝတ်ဖောက်ဖျက်ပြီး နိုင်ငံတော်ကို
အန္တရာယ်ချောက်ကမ်းပါးထဲသို့ဆွဲချနေသည့် မဟုတ်မမှန်လုပ်ကြံသတင်းများ၊သဘောထားမမှန်သည့် အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် NUG, CRPH, PDF အစရှိသည့် အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးဆောင်စည်းရုံးမှုနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသအချို့ရှိ ပြည်သူလူထုကြားအသိအမြင်များမှားပြီး ညီညွတ်မှုများပြိုကွဲကာ
မငြိမ်းမချမ်းဖြစ်နေသည်ဟု ဆိုသည်။

“အဲဒီအခြေအနေတွေရဲ့ အကျိုးဆက်ဟာ နိုင်ငံတော်ရဲ့ကောင်းကျိုးကို ဖော်ဆောင်နိုင်မှာ မဟုတ်သလို နိုင်ငံတော်နဲ့ပြည်သူအားလုံးအတွက် အန္တရာယ်ဖြစ်စေနိုင်တာကြောင့် သတိထားဆင်ခြင်ကြဖို့လိုအပ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက သဝဏ်လွှာ၌ရေးသားပြောဆိုခဲ့သည်၊

ထို့ကြောင့် ပြည်ထောင်စုကြီးအဓွန့်ရှည်တည်တံ့ခိုင်မြဲရန်
ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး တိုင်းရင်းသားပြည်သူများကြား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်နှင့်ပြည်ထောင်စုစိတ်ဓာတ်အခြေခံကောင်းများ ပွားများဖြစ်ထွန်းရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဟု သဝဏ်လွှာ၌ တိုက်တွန်းရေးသားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူ များတက်ရောက်နိုင်ရေးအတွက် Polytechnic Institute ဖွင့်လှစ်ရန်ဆောင်ရွက်နေ

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူများတက်ရောက်နိုင်ရေးအတွက် Polytechnic Institute ဖွင့်လှစ်ရန်ဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ တာဝန်ရှိသူများ၊ ပညာရှင်များနှင့်တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် Polytechnic နည်းပညာများကိုသင်ကြားနိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ကာ ကွန်ပျူတာနှင့်နည်းပညာကိုပေါင်းစပ်ထားသည့် Polytechnic University များဖွင့်လှစ်ရာတွင် အောင်မြင်မှုရှိခဲ့သည်ဟု နစက ဥက္ကဋ္ဌကပြောသည်။ " တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး အောင်မြင်မှုမရှိခဲ့သူတွေတက်ရောက်နိုင်ဖို့ Polytechnic Institute ကိုလည်းဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ပထမနှစ်တက်ရောက်အောင်မြင်ပြီးရင် အသိအမှတ်ပြုလက်မှတ် Certificate...

တရုတ်ဝန်ကြီးချုပ်က စင်္ကာပူဝန်ကြီးချုပ်ကိုဂုဏ်ပြု

ပေကျင်း၊မေ ၂၄ တရုတ်ဝန်ကြီးချုပ်လီချင်သည် စင်္ကာပူဝန်ကြီးချုပ်အဖြစ်ဒုတိယအကြိမ် ရွေးချယ်ခံခဲ့ရသည့် မစ္စတာလောရန့်စ်ဝေါင်းကိုဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟုသိရသည်။ တရုတ်နှင့်စင်္ကာပူတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများ ဖြစ်ကြပြီး အရေးပါသောမိတ်ဖက်များဖြစ်ကြကာ လက်ရှိတွင် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုတွင် အားကောင်းလာကြောင်း ပြောကြားခဲ့သည်။ နှစ်ဘက်စလုံးသည် နိုင်ငံတကာနှင့်ဒေသတွင်းရေးရာများ၌ ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အပြုသဘောဆောင်သော ပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း လီက ပြောကြားခဲ့သည်။ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် နှစ်နိုင်ငံကြား နိုင်ငံရေးအရယုံကြည်မှု၊အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများတိုးချဲ့ရန်၊ ယဉ်ကျေးမှုနှင့် ပြည်သူချင်းချစ်ကြည်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကတိပြုခဲ့ကြသည်။ ထို့အပြင် အဆိုပါသံတမန်ဆက်ဆံရေးကို နှစ်နိုင်ငံကြား...

လားရှိုးတွင် ကုန်စျေးနှုန်းများ ပုံမှန်မရှိသေး

ပြန်လည်တည်ဆောက်ရေးနှင့် ထူထောင်ရေး လုပ်ငန်းများဖြင့် လည်ပတ်နေသည့် လားရှိုးမြို့တွင် အခြေခံစားသော က်ကုန်အပါအဝင် ကုန်စျေးနှုန်းများ ပုံမှန်မရှိသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိလားရှိုးမြို့တွင် ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ကျပ် (၃) သိန်းကျော်အထိ ဈေးပေါက်နေကြောင်း သိရသည်။ “တိုက်ပွဲ မဖြစ်ခင်အချိန်က (၁) သိန်းခွဲဝန်းကျင်တော့ရှိတယ်။ (၂) ဆကျော် ဈေးတက်သွားတာပေါ့” ဟု ကုန်သည်တစ်ဦးက ဆိုသည်။ ချင်းရွှေဟော်-သိန္နီလမ်းကြောင်းမှ တရုတ်နိုင်ငံဘက်က တင်သွင်းသည့် ကုန်ပစ္စည်းများ ပုံမှန်ရောက်ရှိနေကြောင်းလည်း ၎င်းကပြောသည်။ လက်ရှိတွင်လည်း မြို့ခံလူထုအတွက် သောက်ရေသန့်အပြင် အခြေခံ စားသောက်ကုန်များသည် တရုတ်ဘက်မှ တင်သွင်းလာသည့် ပစ္စည်းများကိုသာ အားထားနေရကြောင်း မြို့ခံများထံမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071