မြန်မာနိုင်ငံအထူးဒေသ(၁)၊ ကိုးကန့်ခရိုင်၊ တာရွှေထန်ကျေးရွာနှင့် ကွတ်ခိုင်ခရိုင်၊ မူဆယ်မြို့နယ် (၁၀၅ မိုင်)တို့တွင် စက်တင်ဘာ ၃ ရက်က ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀) ပြည့်အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပခဲ့သည်။
ဖက်ဆစ်တို-က်ဖျ-က်ရေးစစ်အတွင်း အသက်ပေးလှူခဲ့ကြသည့် သူရဲကောင်းများနှင့် ေ-သဆုံးခဲ့ကြသည့် ပြည်သူများအား ဝမ်းနည်းကြောင်းပြသရန်၊ ခက်ခဲကြမ်းတမ်းခဲ့ကြသည့်ကာလများအား ပြန်လည်သုံးသပ်ကာ ငြိမ်းချမ်းရေးတည်ဆောက်ရန်၊ လက်ရှိလူသားများအားသတိပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
