Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeArticlesငါး

ငါး

မျှော်လင့်မထားသော အဖြစ်အပျက် တစ်ခုကို ကျွန်တော်ကြုံခဲ့ဖူး သည်။ စိတ်ဝင်စားစရာကောင်းသည်။ ကျွန်တော်တို့ အိမ်ကလေး၏ အရှေ့ တောင်ထောင့်တွင် အုတ်ရေကန်ရှိ သည်။ အုတ်ရေကန်ထဲမှာ ရေပြည့် နေလျှင် ရေကန်ထဲရှိ ရေညှိများ လှုပ် ရမ်းနေသည်ကို မြင်ရသည်။ အုတ် ရေကန်ကလေးသည် နေရောင်ခြည် လုံလောက်စွာရရှိသလို လေတဟူးဟူး ဖြတ်သန်းတိုက်ခတ်သည်ကိုလည်း ရရှိပါသည်။ ထို့ကြောင့်ပင် ထင်မိ သည် ရေကန်ထဲမှာ ရေညှိများ တစ တစပွားလာ များလာသည်။ တစ်ရက် တွင် ကျွန်တော်၏ သားကြီးက ရေ ကန်ထဲတွင် ထည့်သွင်းမွေးမြူရန် ငါး တစ်ကောင်ယူလာပါသည်။ ထိုငါးမှာ အကြည့်ရဆိုးပြီး အကြမ်းပတမ်းခံ နိုင်ပုံရပါသည်။ သားကြီးက သူယူ လာသော ငါးအကြောင်းကို ဤသို့ ပြောပါသည်။ အဖေ ဒီငါးကို ရေ ကန်ထဲမှာ ထည့်ထားမယ်။

ဒီငါးက စားလို့မရဘူး။ သူ့ကို အစာကျွေးစ ရာလည်း မလိုဘူး ရေကန်ထဲက ရေ ညှိတွေ သူစားလိမ့်မယ်ဟု ဆိုပါ သည်။ ကျွန်တော်ကလည်း အေးပေါ့ ကွာဟု ပြောလိုက်ပါသည်။ ထိုအရုပ် ဆိုးဆိုးငါးမှာ စုပ်ခွက်ငါးဟု သိရပါ သည်။ ငါးသည် ရေကန်ထဲမှာ ကူး ခပ်သွားပါသည်။ ကျွန်တော်သည် ရေကန်အနီး ရောက်လျှင် ငါးကို ကြည့်မိပါသည်။ ငါးသည် ကူးခပ် နေသည်။ တစ်ခါတရံငါးသည် ရေ အောက်ထဲမှာ ငြိမ်သက်နေတတ် သည်။ တစ်ခါတရံငါးသည် ရေညှိ တွေထဲမှာ ရောနှောပျောက်ကွယ် နေပါသည်။ ရေကန်မှာ ကျွန်တော် ရေချိုးလျှင် ကန်ထဲသို့ ဖလားခပ် လိုက်သည်နှင့် ငါးသည် အောက်ထဲ သို့ ကူးခပ်ငုပ်လျှိုးသွားတော့သည်။ ရေကန်မှာ ကျွန်တော်ရေချိုးပြီး၍ ကန်ရေပြင်ငြိမ်သက်သွားသောအခါ ငါးသည် အပေါ်သို့ တက်လာကာ ကူးခပ်နေတတ်သည်။ ရေမလာသော ရက် ကျွန်တော်တို့ ရေအသုံးများ သော ရက်အုတ်ကန်ထဲ၌ ရေနည်း သွားလျှင် ကျဉ်းကျုတ်ကျုတ်ရေထဲ၌ ငါးသည် ကန်အောက်ခြေ၌ကပ်ကာ ငြိမ်သက်နေတတ်ပါသည်။ ကျွန် တော်သည် အစာကျွေးရန် မလိုဟု ဆိုသော ငါးကို သည်အတိုင်းပင် ထားခဲ့သည်။

ငါးသည် ဦးခေါင်းပိုင်း ကြီးမားပြီး ပြားချပ်သော ရေယက် နှင့် အမြီးပါရှိသည်။ ငါးသည် ကန်ထဲ တွင် နေထိုင်ခဲ့သည်မှာ အတန်ပင် ကြာမြင့်ခဲ့ပေပြီ။ ငါးသည် အုတ်ရေ ကန်ထဲမှာ ကူးခပ်လိုက်၊ တစ်နေရာ ရာမှာ ငြိမ်သက်နေလိုက်နှင့်ပင်ရှိနေ သည်။ ကျွန်တော်တို့အိမ်က အုတ်ရေ ကန်ကလေးသို့ ပျားကောင်ငယ်က လေးများ ရောက်ရှိလာကာ ကန် ပေါင်ပေါ်မှ ရေစက်များကို လာ သောက်တတ်ကြသည်။ ထိုနေ့က ကျွန်တော်သည် ရေချိုးရန် အုတ် ရေကန်ကလေးဆီသို့ ရောက်လာခဲ့ သည်။ ငါးသည် ကန်အောက်ထဲမှာ ကူးခပ်ကာအပေါ်သို့ တက်လာသည်။ ငါးသည် ကန်ရေပြင်အထက်၌ တရွေ့ရွေ့ကူးခပ်နေပါသည်။ ထို အချိန်တွင် ပုစဉ်းတစ်ကောင်သည် အုတ်ကန်ကလေး၏ ရေပြင်ထက်သို့ ရောက်ရှိကာ ဝဲပျံနေပါသည်။ အဖြစ် အပျက်မှာ မြန်ဆန်ပါသည်။ ငါးသည် ရေထဲမှ ဝုန်းခနဲထိုးဖောက်ကာ ရေ ပြင်ပေါ်မှ ပုစဉ်းကိုကိုက်ချီ၍အောက် ထဲသို့ ကူးခပ်ငုပ်လျှိုးသွားပါသည်။ ကျွန်တော်မြင်တွေ့လိုက်ရသည်က ရေထဲတွင် ပုစဉ်းကို ကိုက်ချီဝါးမျို သွားပုံဖြစ်ပါသည်။ ကျွန်တော်သည် အံ့သြသဖြင့် ကြက်သေ သေကာ ကြည့်နေမိပါသည်။ နောက်နေ့ရက် များတွင် ကန်အောက်ခြေ၌ ငြိမ်သက် နေသော ငါးကို ကျွန်တော် မြင်တွေ့ရ ပါသည်။ သူသည် ယခင်နေ့ရက်များ ကလိုပင် ငြိမ်သက်နေလျှင် ရေယက်များ သည် လှုပ်သည်ဆိုရုံမျှသာ။

နေမျိုး

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071