Wednesday, April 29, 2026

မန္တလေးတိုင်းအတွင်း မတော်တဆမှုများနှင့် လေပြင်းတိုက်ခတ်မှုများဖြစ်ပွါး

ယနေ့ ဧပြီလ ၂၉ ရက်တွင် မန္တလေးတိုင်းအတွင်းရှိ မြို့နယ်အချို့၌ မတော်တဆမှုများနှင့် သဘာဝဘေးအန္တရာယ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက ပူးပေါင်းကာ...

ရန်ကုန်တွင် ကျင်းပမည့် AYA Bank...

အဆိုပါပြိုင်ပွဲတွင် အိမ်ရှင် မြန်မာအမျိုးသမီးအသင်းနှင့်အတူ အာရှအဆင့် ထိပ်တန်းအသင်းများဖြစ်သည့် ထိုင်းအသင်းနှင့် ဥဇဘက်ကစ္စတန်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပွဲစဉ်အားလုံးကို သုဝဏ္ဏအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ပြိုင်ပွဲပုံစံမှာ အသင်း...

သမိုင်းဝင်ဆဋ္ဌသင်္ဂါယနာတင်ပွဲအ​ကြောင်း

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ထေရဝါဒဗုဒ္ဓသာသနာတော် အထွန်းကားဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိရာ သာသနာဝင်သမိုင်း၏ အထင်ရှားဆုံးသော မှတ်တိုင်တစ်ခုမှာ ရန်ကုန်မြို့၌ လွန်ခဲ့သည့် နှစ် ၇၀ ကကျင်းပခဲ့သည့်...

မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်ဆယ်ချီပျ-က်စီးဆုံးရှုံးပြီး လူဦးရေ (၃၅၀)...

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် ယနေ့ ဧပြီ ၂၉ ရက်နံနက် ၃ နာရီ ၁၀ မိနစ်ခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်ဆယ်ချီပျ-က်စီးဆုံးရှုံးပြီး လူဦးရေ...
HomePoemငါတို့မြို့ကြီးမှောင်ထုတွေကြီးစိုးနေတယ်

ငါတို့မြို့ကြီးမှောင်ထုတွေကြီးစိုးနေတယ်

မှိုင်းဝတဲ့ မီးပုံးပျံလို ငါတို့မြို့ ကြီးဟာ
အတွင်းမှာ မည်းပြီး
အပြင်မှာပဲ စည်ကားနေတယ်
ဒါ တို့တိုင်း တို့ပြည် တဲ့
လက်တစ်ဆုပ်စာမြေကို
တိုင်းတစ်ပါးသားတွေဆီက
ကိုယ့်မြေကို ပြန်ဝယ်နေရပြီ။
ကာဗွန်ဒိုင်တွေ အဆိပ်ခတ်ခံရပြီး
အိုဇုန်းလွှာရဲ့
ခပ်ယဲ့ယဲ့ အသက်ရှုသံအောက်
ခင်ဗျားတို့ ကျုပ်တို့တွေ
ကပ်ဆိုး ဆိုက်ခံရဖို့
သိပ်မလိုတော့ဘူး။
မန္တလေးကျုံးဘေးနားက လေကို
ရွှေတိဂုံစေတီတော်က လေကို
အင်းလျားကန်က လေကို
ရှူထား ဝအောင်ရှူထား၊
အခုတောင် အလကားရတဲ့ လေကို
ရဲရဲ မရှူရတော့ဘူး
ဆောင်ထားျြေုတွေလည်း
များများဆောင်ထား။
ခေတ်ဆိုးအဆက်ဆက်
မျိုးသုဉ်းလာတဲ့ သယံဇာတ
ဘယ်ဘဝရောက်ရောက် မမေ့ကြနဲ့
ရေနံဆီများတဲ့နိုင်ငံမှာ ဖယောင်းတိုင်က
ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့တာလည်းမမေ့နဲ့။
၂၁ ရာစုမှာ အနော်ရထာကို သတိရကြ
ဒုဋ္ဌာဂါမဏိကို အောက်မေ့ကြ
ဘာသာတရားကျရှုံးဖို့
လက်တစ်လုံးတောင် မလိုတော့ဘူး
ကိုယ့်သမီးကို လုံအောင်ထိန်းကြ
အဖေကိုတောင် စိတ်မချရတော့ဘူး
Social Internet
ပွင့်လင်းမြင်သာတဲ့ ခေတ်မှာ
တဏှာမုဆိုးရဲ့သားကောင်ဟာ
အရွယ်မရောက်သေးတဲ့
ကလေးတွေ ဖြစ်လာခဲ့တယ်
ပန်းကောင်းတွေကို ဝန်းရံကြ
ခင်ဗျားတို့မြို့ ကြီးကို သိမ်းဖို့
ကျည်တစ်ထောင့်မဖောက်ဘဲ
ပြေးဝင်လာတဲ့ လောဘသားကောင်
ကာမခေါင်းဆောင်တွေရဲ့ စက်ကွင်းကနေ
ကာကွယ်ဖို့ အသင့်ပြင်ထားကြ
မျိုးချစ်တွေလည်း မပေါ့ကြနဲ့
ဒီမိုကရေစီအသံတွေလည်း မတိုးစေနဲ့
စည်းစည်းလုံးလုံး နေကြ
အရေးကြုံလာရင်
အိမ်ကြက်ချင်း ခွပ်တာတွေရပ်ပြီး
ကိုယ့်မျက်နှာက အိုးမည်းကို
စင်အောင် သုတ်ထားကြ
ချောင်းနေတဲ့ မြေခွေးဟာ
သတ်ကွင်းမရွေးဘူး
ကိုယ့်မြို့ကို ပြန်ယူဖို့
နပိုလီယံ မလိုဘူး
ကိုဖီအာနန် မလိုဘူး
ဟစ်တလာ မလိုဘူး
မြန်မာပြည်ရဲ့ အသက်ဟာ
သူများလက်ထဲမှာ
တစ်ချိန်က ထီးနန်းစံခဲ့တာတွေ
တသသဖြစ်နေရမယ့်
အချိန်မဟုတ်တော့ဘူး
အမြင့်က ပြုတ်ကျတဲ့ ဒဏ်က
ပိုနာတယ်ဆိုတာ သိထား
သမိုင်းတွေကောင်းခဲ့သလောက်
အခုဆို ခင်ဗျားတို့မြို့ ကြီး
မြောင်းထဲရောက်တော့မယ်
နှောင်းလူတွေပြောတဲ့
သမိုင်းရဲ့တရားခံ မဖြစ်ဖို့
ကိုယ့်မြို့ကို ချစ်ကြ
ကိုယ့်မြို့ကို ဖေးမကြ
ကိုယ့်မြို့ကို ဖက်ထားကြ။
နောင်ဆယ်နှစ်ကြာရင်
မြို့လယ်က ဘုရားတွေအစား
ကွန်ဒိုတွေ ကြီးစိုးတော့မှာ
အခုကတည်းက ဝအောင်ဖူးထားကြ
စိတ်ဓာတ်တွေ အောက်တန်းကျနေသရွေ့
မြန်မာဟာ မြန်မာပဲဖြစ်နေဦးမှာ
ဘယ်တော့မှ
စင်္ကာပူဖြစ်လာဦးမှာမဟုတ်ဘူး။
နှစ်ပေါင်းများစွာ အိပ်ပျော်နေတဲ့ ရောင်းရင်းတို့
နိုးထကြလော့
စာတွေဖတ်ကြလော့
မျက်စိကို ဖွင့်ထားကြ
နားကို စွင့်ထားကြလော့
ငါတို့မြို့ ကြီး အဖက်ဖက်က ယိုင်နဲ့နေပြီ
အားသစ်လောင်းကြရအောင်
နိုးထကြလော့။
လူငယ်တွှေနထအကြောင်းပဲ
တွေးမနေကြနဲ့
လမ်းသရဲဆန်တာတွေ ရပ်ကြတော့
မင်းမဲ့စရိုက်ဆန်တာတွေ ရပ်ကြတော့
အချင်းချင်းရန်လိုတာတွေ ရပ်ကြတော့
တိုင်းပြည်ရဲ့ အင်အားဖြစ်ဖို့
ကြိုးစားထားကြ
အောင်ဆန်းရဲ့စိတ်ဓာတ်တွေ မွေးကြ
ငါတို့မြို့ ကြီး အမှောင်ထုတွေ
ကြီးစိုးနေတယ်။
ဘာသာကို ချစ်ပါ
မြို့ကို ချစ်ပါ
မြန်မာလို့ ပြောလိုက်တာနဲ့
စုတ်ပြတ်သတ်နေတဲ့
နိုင်ငံငယ်တစ်ခုလို
မြင်နေတဲ့အမြင်တွေကို
ပြောင်းလဲကြရအောင်
လာပါ ငါတို့နဲ့အတူ
သမိုင်းသစ်ရေးရအောင်
စိတ်ထားလေးတွေ
အဖြူရောင် ဆိုးထားပါ
ရှေးအစဉ်အဆက် ယဉ်ကျေးမှုကို
ပြန်သွားရအောင်
ငါတို့မြို့ကို ငါတို့ ကယ်တင်ရအောင်
ငါတို့နိုင်ငံကို ငါတို့ ချစ်ရအောင်
လက်တွေတွဲပြီး ရှေ့ဆက်ကြရအောင်
ဒီရေဒီမြေက မင်းတို့ကို ချစ်သလို
ဒီမြေဒီရေကို မင်းတို့ ပြန်ချစ်ပါ
အကြာကြီး မနေရတဲ့ဘဝမှာ
လူငယ်တွေအတွက်
မှတ်တိုင်တစ်ခု စိုက်ထူခဲ့ရအောင်
ငါတို့မြို့ ကြီးကို
အလှဆုံးဖြစ်အောင် ဆေးခြယ်ကြစို့။

မာဧသု

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071