Thursday, June 18, 2026

မိုင်းလားတွင် NSPNC နှင့် အထူးဒေသ(၄)...

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၇ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလား...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးမြို့ရှိ Huajia...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈...

မိုးပျံတိုက်ခေါင်ညွန့်များအောက်က အင်ဂျင်နီယာပညာ – တရုတ်နိုင်ငံ၏...

ဤမျှကြီးမားလွန်းသည့် မြို့ပြဗိသုကာ အံ့ဖွယ်ကြီးများ၏ နောက်ကွယ်တွင် ခိုင်မာသော မြေသားခံနိုင်ရည် ရှိစေရန်နှင့် သန်းနှင့်ချီသော လူဦးရေအတွက် ရေပေးဝေမှု ပြတ်တောက်မသွားစေရန် အဆင့်မြင့် သိပ္ပံနှင့်...

လေဆိပ်သဖွယ် ခေတ်မီအရှေ့ဟန်ကျိုးဘူတာသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈...
HomeArticlesငါကွ.....စာရေးစရာ

ငါကွ…..စာရေးစရာ

စာပေဝါသနာတည်းဟူသော ‘ပိုး’သည် ကျွန်တော့်ထံ ဘယ်အချိန် ကာလအတိအကျ၌ ဘယ်ပုံဘယ် နည်းဝင်ရောက်တွယ်ကပ်ခဲ့မှန်း ကျွန်တော်မပြောတတ်ပါ။ ထို ‘ပိုး’ ဝင်ရောက်တွယ်ကပ်ပြီဆိုကတည်းက ကျွန်တော်သည် မိမွေးတိုင်း၊ ဖမွေး တိုင်း ကျွန်တော်မဟုတ်တော့။ တစ်စုံ တစ်ရာသော ပြင်ပဝိညာဉ်တစ်ရပ် ပူးကပ်ခြင်း ခံနေရသည်။ ထူးခြား လူသားဖြစ်သွားရပြီ။ အခေါ်အဝေါ် ပညတ်ကလေးကတော့ လှပါရဲ့။ စာပေဝါသနာရှင်တဲ့။

စာပေဝါသနာရှင် ဖြစ်နေရုံဖြင့် ပြဿနာမရှိသေးပါ။ ၁၂/၁၃ နှစ် အရွယ် လူပျိုဖော်ဝင်ပြီဆိုကတည်း က ကျွန်တော်၏ ‘ဟော်မုန်း’ ဓာတ် ဖွဲ့စည်းပုံ ပြောင်းသလို၊ ဆရာကြီး အချို့၏ ထက်မြက်ပြောင်မြောက် သော စာပေလက်ရာများကို ဖတ်မိ ရာမှ ‘သူတို့ရေးသလို ငါလည်းရေး နိုင်ရမယ်။ သူတို့စာရေးဆရာတွေ ဖြစ်လာကြရသလို ငါလည်း စာရေး ဆရာ ဖြစ်လာစေရမယ်’ဟူသော ရည်မှန်းချက် အဓိဋ္ဌာန်က ကျရောက် စူးဝင်လာပြန်သည်။

(မနှိုင်းကောင်း နှိုင်းကောင်း) ဘုရားအလောင်းသည် ဘုရားဖြစ် ရန် ကမ္ဘာအဆက်ဆက် မရေမတွက် နိုင်အောင် ပါရမီဖြည့်ကျင့်ရဘိသကဲ့ သို့ စာပေဝါသနာပါသူသည် စာပေ ပါရမီရှိလာအောင် ခွန်စိုက်အားစိုက် ဖြည့်ကျင့်ရပါသည်။ စာပေပါရမီရှိ လာမှ စာပေပါရမီ ပြည့်ဝလာတော့မှ စာရေးဆရာ ဖြစ်လာနိုင်ပါသည်။ သတင်းစာထဲမှာ အယ်ဒီတာ့ထံပေး စာတစ်စောင် ရေးဖူးရုံနှင့် စာရေး ဆရာ ဖြစ်လာလိမ့်မည်မဟုတ်ပါ။

ကျွန်တော်သည် ၁၉၇ဝ ပြည့်နှစ် လောက်မှစ၍စာနယ်ဇင်းအချို့တွင် ကလောင်စမ်းလာခဲ့ရာ ၁၉၇၅ ခုနှစ် လောက်တွင်မူ တက်သစ်စ က လောင်တစ်လက်အဖြစ် နာမည်ထွက် စ ပြုလာ၏။ ”ဟို မုဆိုးမကြီးရဲ့ သား ဂျင်းဘောင်းဘီမချွတ်တမ်းဝတ်တဲ့ ဆံရှည်ကိုယ်တော်ကလေးက စာရေး ဆရာတဲ့တော့”ဟူသော အသိအမှတ် ပြုမှုမျိုးလည်း ရပ်ကွက်ထဲမှာ အသံ မြည်လာသည်။

ချစ်သူကလည်း ဘာမသိညာမ သိနှင့် ပိုက်ဆံစုခိုင်းနေချေသေး၏။ ဝင်ငွေပုံမှန်မရှိသည့်အပြင် ရရှိသော ဥာဏ်ပူဇော်ငွေမှာ တစ်ပဲခြောက် ပြားသာဖြစ်ကြောင်း ချစ်သူမသိရှာ ခဲ့။ သိရှိသောအချိန်၌ ”ဘုရားရေ ဒီလိုဝင်ငွေလောက်နဲ့ ထမင်းနပ်မှန် ဖို့မပြောနဲ့ ဆန်ပြုတ်တောင် မှန်မှန် သောက်နိုင်ရင် ကံကောင်းပဲ”ဟု ဆိုကာ Good Bye လုပ်သွားသည်။ ထိုကာလတွင် ကျွန်တော်၏ ကျောင်း နေဖက်သူငယ်ချင်း ကဗျာဆရာ ပေါက်စ ‘အေးငြိမ်းမောင်’သည် ကဗျာတို ကဗျာကလေးတွေ ရေး ဖွဲ့ရင်း မာန်တက်ကာ ကျွန်တော့်ကို အားပေးသည်။

”တစ်နေ့မှာ စာပေလောကကြီး ကို ငါတို့သူငယ်ချင်းနှစ်ယောက် Occuypy (သိမ်းပိုက်) လုပ်နိုင်ရမကွ”

အဲသည်ကောင် နောင်နှစ် ၂ဝ အကြာမှာ ကဗျာဆရာ မဖြစ်ဘဲ ဇာတ်ညွှန်းရေးဆရာဖြစ်ကာ မရဏ ရှင်သေမင်းက ချစ်လှစွာသော အဲ သည်ကောင်ကို ရက်စက်စွာ သိမ်း ပိုက်သွားတော့သည်။ ရှင်းရှင်းပြောရ သော် ကျွန်တော်သည် ရပ်ကွက်ထဲ တွင် စာရေးဆရာဟု နာမည်ကြီးနေ သော်လည်း ‘နာမည်ကြီး ထမင်းငတ်” သာ ဖြစ်ပါ၏။

ထိုကာလတွင် ‘ကံဆိုးမသွား ရာ မိုးလိုက်လို့ရွာ’ အဖြစ်မျိုး ကြုံတွေ့လာရပါသည်။ ကျွန်တော် တို့ရပ်ကွက်ထဲသို့ တပ်ပြန်ကြီး ဦးသုန်တို့ မိသားစု ပြောင်းရွှေ့ ရောက်ရှိလာခြင်းဖြစ်သည်။ ဦးသုန် သည် တပ်မတော်ထဲကနေ အခြားအ ဆင့် သာမန်ရဲဘဝဖြင့် အငြိမ်းစား ယူခဲ့ရခြင်းတွင် သူ၏ နိမ့်ပါးသော ခေတ်ပညာအရည်အချင်းလည်း ပါကောင်းပါပေမည်။ မည်သို့ဆိုစေ တပ်ကထွက်လျှင် စာရေးဆရာ လုပ် စားမည်ဟူသော ရည်ရွယ်ချက်ရှိခဲ့ ကြောင်း ဦးသုန်က နောင်သော် ကျွန်တော့်အား ရင်ဖွင့်ပြောပြခဲ့ဖူး သည်။

ဦးသုန်ကိုရှုပါ။ အရပ် ၅ ပေ ၁ဝ လက်မခန့် ဥပဓိရုပ်ကောင်း ကောင်း၊ နှုတ်ခမ်းမွေးစစနှင့်ဖြစ်၏။ တစ်ထည်တည်း ရှိပုံရသော အပြာနု ရောင် တိုက်ပုံကို လမ်းထွက်တိုင်း ဝတ်ဆင်သည်။ လမ်းထွက်တိုင်း သူ့ လက်ထဲမှာ သားရေတုဖိုင်တွဲ အ ဟောင်းအမြင်းကြီးကို တွေ့ရမည်။

”ဘယ်သွားမလို့ပါလဲဆရာ” ဟု သူ့ကိုနှုတ်ဆက်မေးမြန်းလျှင်သူက ”ရုံးကို”ဟု ဖြေလိမ့်မည်။ သူဖြေ သောရုံးမှာ မြို့နယ်ပါတီယူနစ်ရုံး ဖြစ်သည်။ အဲသည်တုန်းက လမ်းစဉ် ပါတီ ဘုန်းမီးနေလတောက်ပချိန် ပေကိုး။

ဦးသုန်က သူ့ကိုဦးလေး၊ အန် ကယ် ဘကြီး၊ အစ်ကိုကြီး စသည်ဖြင့် မြန်မာဓလေ့အရ ယဉ်ကျေးပျူငှာစွာ ခေါ်ဝေါ်သည်ထက် ”ဆရာ”ဟု ခေါ်ဝေါ်လျှင် အလွန်သဘောကျ သည်။ ဦးသုန်ကား စာရေးဆရာရူး ရူးနေသူပေတကား။

ဘယ်သူက လမ်းညွှန်လိုက်သည် မသိ။ ဦးသုန်သည် ကျွန်တော့်ထံ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိ လာပါတော့သည်။ သူ့နှုတ်ဆက်ပုံက လေးကို ကြည့်ဦး။
”ဝတ္တုကလေးတွေရေးတဲ့ မောင်ကြူးနှစ်ဆိုတာ မင်းလား”

ကိုယ့်အဖေအရွယ်၊ ကိုယ့်ဘ ကြီးအရွယ်မို့ ဒေါသဖြစ်မိသော် လည်း အောင့်အည်းပြီး ကျွန်တော် သည်းခံသည်။

”ဆရာကတော့ စာရေးဆရာ ဘာမထီမောင်သုန်ပဲလကွ”

သူက ဖိုင်တွဲကြီးကိုဖွင့်ပြီး တွန့် ကြေနေသော သတင်းစာတစ်စောင် ကို ထုတ်ယူသည်။ ထိုသတင်းစာမှာ ထိုခေတ်က ‘ပါတီအာဘော်’ဟု ထင် ရှားသည့် သတင်းစာကြီးဖြစ်ပါသည်။

”တခြားဘယ်မှာ ရေးသေးသလဲ ခင်ဗျ”ဟု ကျွန်တော်က မေးသောအ ခါ သူက ခံ့ညားစွာ ခေါင်းခါ လိုက်ပြီး….

”ဘယ်မှာမှ မရေးဘူး။ ဒီတစ် ပုဒ်ပဲ ရေးတယ်။ ဒီတစ်ပုဒ်ကလည်း တစ်ပုဒ်ဆို တစ်ပုဒ်ဆိုသလောက် စာပေအ ဆီအနှစ်တွေချည်းပဲ။ ဖတ်ကြည့်ပါ ဦးလကွ မောင်ကြူးနှစ်”

ကလောင်ရှင်ဘာမထီ မောင် သုန်အမည်ဖြင့် သူရေးထားသည်ဆို သော ပုံစံကို ဝါဒဖြန့်ချိရေး ဆောင်း ပါးကို ကျွန်တော်ဖတ်ကြည့်သည်။ ဦးသုန်၏ လက်ရာအစစ်ဟု ကျွန် တော်မယုံနိုင်။ အရူးဘုံမြှောက် ချင်သူတစ်ယောက်ယောက်က ရေး ပေးခြင်းသာဖြစ်နိုင်သည်။

”ဆရာ့အရေးအသား ဘယ်နှယ့် နေလဲလကွ”

”အင်း အဲကောင်းပါတယ်။ ဆက်ရေးပါ။ မနားတမ်း ဆက်ရေး ပါ”

ကျွန်တော်သည် စာအကြောင်း ပေအကြောင်း ဆက်လက်တီးခေါက် ကြည့်တော့ သူသည်သခင်ကိုယ်တော် မှိုင်းကိုလည်း မသိပါ။ ဇော်ဂျီ၊ မင်း သုဝဏ်တို့ကိုလည်း ကြားပင် မကြား ဖူးပါတဲ့။

”ဒဂုန်တာရာ ဖတ်ဖူးလားခင် ဗျ”

”ဒဂုန်တာယာက ဘယ်လိုကား မှာ တပ်တာလဲ။ ကားကြီးလား၊ ကား သေးလား။ ဆရာတော့ မကြားဖူးဘူး”

”အဲသည်ပုဂ္ဂိုလ်မျိုးကို အသို့ လျှင် စာရေးဆရာဟု ခေါ်နိုင်မှာ နည်း။ အသို့လျှင် စာပေဝါသနာရှင် စာရင်းသွင်းနိုင်မှာနည်း။ သို့သော် သူကတော့ သူ့ကိုယ်သူ စာရေးဆရာ အဖြစ်မှ တစ်ပြားသားမှ မလျှော့။ မြို့နယ်စာပေ လုပ်သားအဖွဲ့ဝင် တစ် ဦးပင် ဖြစ်သွားသေးသည်။ စာပေ လုပ်သားညီလာခံတက်ပြီးသောအခါ ညီလာခံတုန်းကရသော ဖဲပြားရင်ထိုး ကြီးကို သူ၏ တိုက်ပုံအဟောင်းကြီး များမှာ အမြဲတမ်း ထိုးချိတ်ထားတော့ သည်။

နောက်ပိုင်း ကျွန်တော်ကြားသိ ရသည်မှာ (…..) သတင်းစာထဲ မှာပါရှိသော ဆောင်းပါးမှာ သူသွား လေ့ရှိသော ‘ရုံး’မှ ပုဂ္ဂိုလ်များက စု ပေါင်းရေးသားပေးခြင်းဟူသတည်း။ သူကလည်း ထိုဆောင်းပါးတစ်ပုဒ် တည်းနှင့် သေပျော်ပြီဟု ထင်သလား မသိ။ ဦးသုန်သည် နောက်ထပ် ဆောင်းပါးတစ်ပုဒ်မရေးနိုင်မီ လေသင်တုန်းဖြတ်၍ သေရှာပါ သည်။ သူ့ခေါင်းတလားမှာ ကမ္ပည်း ထိုးထားသည်ကတော့ ‘ကွယ်လွန်သူ စာရေးဆရာကြီး ဘာမထီ မောင်သုန် (ခ) ဦးသုန်၊ အသက် ၆၅ နှစ်”တဲ့။
ဟမ်း သေတာတောင် အရူးထ လို့ ကောင်းတုန်းပါကလားဗျာ။

ကြူးနှစ်

Ads Space Available


Continue reading

မိုင်းလားတွင် NSPNC နှင့် အထူးဒေသ(၄) ခေါင်းဆောင်များ တွေ့ဆုံ၊ ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်မှု ဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၇ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလား အထူးဒေသ(၄)သို့ သွားရောက်ခဲ့ကြောင်း သိရသည်။ ခရီးစဉ်အတွင်း NSPNC ကိုယ်စားလှယ်အဖွဲ့သည် အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးထိန်လင်းနှင့် တာဝန်ရှိသူများအား တွေ့ဆုံခဲ့ပြီး အပြန်အလှန်နားလည်ယုံကြည်မှု တိုးမြှင့်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မြှင့်တင်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် အစားထိုးသီးနှံစိုက်ပျိုးရေးလုပ်ငန်းများအပြင် ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုကဏ္ဍများဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးမြို့ရှိ Huajia Shanzhuang Hotel သို့ ရောက်ရှိ

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈ ရက် ညပိုင်းတွင် ဟန်ကျိုးမြို့ရှိ Huajia Shanzhuang Hotel သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် ရှန်ဟိုင်းမြို့မှ G253 အမြန်ရထားဖြင့် ဟန်ကျိုးမြို့ရှိ အရှေ့ဟန်ကျိုးဘူတာ (ဟန်ကျိုးတုန်း) သို့ ရောက်ရှိခဲ့ပြီးနောက် Huajia Shanzhuang Hotel သို့ ဆက်လက်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဟိုတယ်သို့ ရောက်ရှိချိန်တွင် တာဝန်ရှိသူများက နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား...

မိုးပျံတိုက်ခေါင်ညွန့်များအောက်က အင်ဂျင်နီယာပညာ – တရုတ်နိုင်ငံ၏ ဧရာမကွန်ဒိုအိမ်ရာကြီးများ မြေအောက်ရေ မသုံးရခြင်း အကြောင်းများတရုတ်နိုင်ငံ၏ မြို့ကြီးပြကြီးများသို့ ရောက်ရှိပါက ထောင်နှင့်ချီသော အဆင့်မြင့်ကွန်ဒို တိုက်ခန်းအမြင့်ကြီးများ တစ်ခုနှင့်တစ်ခု စိပ်စိပ်ကပ်ကပ် အစုအပြုံလိုက် တည်ဆောက်ထားသည့် ထူးခြားသော အခင်းအကျင်းကို မြင်တွေ့ကြရမည် ဖြစ်သည်။

ဤမျှကြီးမားလွန်းသည့် မြို့ပြဗိသုကာ အံ့ဖွယ်ကြီးများ၏ နောက်ကွယ်တွင် ခိုင်မာသော မြေသားခံနိုင်ရည် ရှိစေရန်နှင့် သန်းနှင့်ချီသော လူဦးရေအတွက် ရေပေးဝေမှု ပြတ်တောက်မသွားစေရန် အဆင့်မြင့် သိပ္ပံနှင့် အင်ဂျင်နီယာနည်းပညာများကို စနစ်တကျ အသုံးချထားရသည်။ ၁။ အဝီစိတွင်းများ ပိတ်ပင်၍ ဗဟိုပြုစနစ်ဖြင့် မြေအောက်ရေကို ထိန်းသိမ်းခြင်းလူဦးရေ သန်းနှင့်ချီ နေထိုင်ကြသည့် ဤကဲ့သို့သော ဧရာမမြို့ပြအိမ်ရာကြီးများတွင် သာမန်အတိုင်း မြေအောက်ရေကို အဝီစိတွင်းတူး၍ စုပ်ယူသုံးစွဲခြင်းကို အစိုးရက တင်းကျပ်စွာ တားမြစ်ပိတ်ပင်ထားသည်။ အကယ်၍ ကွန်ဒိုတိုက်တိုင်းက မြေအောက်ရေကို အလွန်အကျွံ ထုတ်ယူပါက မြေအောက်ရေလွှာများ ခန်းခြောက်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071