Friday, September 18, 2026

တိုက်လေယာဉ် ၄၈ စင်း ဆော်ဒီအာရေးဗျကိုရောင်းဖို့...

​အစိုးရအချင်းချင်း ချုပ်ဆိုတဲ့ စာချုပ်တွေအရ နိုင်ငံခြားစစ်ရေးရောင်းချမှုတွေကို တာဝန်ယူရတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပင်တဂွန်တို့ရဲ့ ပြောကြားချက်အရ အမေရိကန်အစိုးရဟာ ဆော်ဒီအာရေးဗီးယားကို စုစုပေါင်း ဒေါ်လာ...

ယူကရိန်းစစ်ပွဲ မပြီးဆုံးခင်မှာပဲ ရုရှားနဲ့ သဘောတူညီမှုတွေလုပ်ဖို့...

The New York Times သတင်းစာက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ မော်စကိုနဲ့ စေ့စပ်ဆွေးနွေးမယ့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်...

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင်...
HomeMoviesငဝန်တာကျိုး၍  ရေစီးကျော် ဝင်ရောက်သည့်နေရာအား...

ငဝန်တာကျိုး၍  ရေစီးကျော် ဝင်ရောက်သည့်နေရာအား  Sheet Pile ရိုက်၍ ကာရံခြင်းလုပ်ငန်းများကို အပြီးသတ် ဆောင်ရွက်၊ တာတမံပိတ်ဆို့ကာရံခြင်းလုပ်ငန်းများ ပိုမိုမြန်ဆန်ပြီးစီးပါက ရေဘေးသင့်ပြည်သူများ နေရပ်ပြန်နိုင်ခြင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းနှင့်စိုက်ပျိုးသီးနှံများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်မည်


 
လေးမျက်နှာ၊ စက်တင်ဘာ ၈
 
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျသည့် နေရာတွင် Sheet Pile များ ရိုက်၍ ကာရံတားစီးခြင်းလုပ်ငန်းများကို အပြီးသတ်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
 
အဆိုပါ လုပ်ငန်းစဉ်တွင် ရေစီးကျော်ဝင်ရောက်မှုကို အမြန်ဆုံး ထိန်းချုပ်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာနှင့် ဝန်ထမ်း ၂၃၄ ဦးတို့က Sheet Pile ၂၈၂ ချောင်းကို အသုံးပြုကာ ရေအနက် ၁၇ မီတာအထိ စက်ယန္တရားကြီးများဖြင့် နေ့ညမပြတ် အားဖြည့်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
 
ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျသည့် နေရာတွင် Sheet Pile များ ရိုက်၍ ကာရံတားစီးခြင်းလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် နှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းနှင့်လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးနှင့် ဆောလျင်စွာ ပြီးစီးရေးတို့ကို စီမံဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေစီးကျော်ဝင်ရောက်သည့် နေရာတွင် Sheet Pile များ ရိုက်၍ ကာရံတားစီးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုကြပြီး ကာရံခြင်းလုပ်ငန်းတွင် အပြီးသတ်ရိုက်သွင်းမည့်  Sheet Pile အား အမွေးနံ့သာများ ပက်ဖြန်းပေးပြီး ရိုက်သွင်းခဲ့သည်။
 
ရေစီးကျော်ဝင်ရောက်မှုကို တားစီးနိုင်သော်လည်း  အပြင်ရေနှင့် အတွင်းရေ ကွာခြား ချက်များလာသည်နှင့်အညီ ကာရံထားသည့် Sheet Pile များ ခိုင်ခန့်မှု အားနည်းလာနိုင်သဖြင့် Sheet Pile များနောက်တွင်  ချုပ်တန်းများ၊ ဒေါက်တန်းများ၊ ကျားကန်ခြင်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
 
ရေစီးကျော်ဝင်ရောက်မှုအား အလုံးစုံပိတ်နိုင်ရန်အတွက် သဲအိတ်များ ချခြင်း၊ Sheet Pile များ၏ အောက်ခြေတွင် Scour မဖြစ်စေရန် Jumbo bag သဲအိတ်များချခြင်း၊ Inclination ထောက်များဆောင်ရွက်ခြင်း၊ Sheet Pile များအား ထောက်ထားသော H Beam များ၏ ဝရိန်သားများအား နေ့/ည မပြတ်စောင့်ကြည့် စစ်ဆေးခြင်းနှင့် အားနည်းသော အပိုင်းအား ပြန်လည်အားဖြည့်ဆောင်ရွက်ခြင်း၊ ရေလမ်းကြောင်းအား အဟန့်အတားဖြစ်စေရန် Concrete Sinker တုံးများချပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
တာတမံပိတ်ဆို့ကာရံခြင်းလုပ်ငန်းများ ပိုမိုမြန်ဆန်ပြီးစီးပါက ရေဝင်ရောက်ခဲ့သည့် လေးမျက်နှာမြို့နယ်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကျုံပျော်မြို့နယ်၊   ဟင်္သာတမြို့နယ်များတွင်   နေထိုင်ကြသည့် ပြည်သူများ မိမိနေထိုင်ရာဒေသများသို့ ဆောလျင်စွာ ပြန်လည်ဝင်ရောက်ခြင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ခြင်းနှင့်လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
                   
လက်ရှိတွင် တာတမံ ရေရှည်ခိုင်ခံ့စေရေးအတွက် အင်ဂျင်နီယာများနှင့် ဝန်ထမ်း ၂၀၀ ကျော်ဖြင့် နောက်ဆက်တွဲ ကြံ့ခိုင်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုက်လေယာဉ် ၄၈ စင်း ဆော်ဒီအာရေးဗျကိုရောင်းဖို့ အမေရိကန်ကြိုးပမ်းနေ

​အစိုးရအချင်းချင်း ချုပ်ဆိုတဲ့ စာချုပ်တွေအရ နိုင်ငံခြားစစ်ရေးရောင်းချမှုတွေကို တာဝန်ယူရတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပင်တဂွန်တို့ရဲ့ ပြောကြားချက်အရ အမေရိကန်အစိုးရဟာ ဆော်ဒီအာရေးဗီးယားကို စုစုပေါင်း ဒေါ်လာ ၂၄.၃ ဘီလီယံတန်ဖိုးရှိတဲ့ F-35 Lightning II Joint Strike Fighter(ဘက်စုံသုံး တိုက်လေယာဉ်) တွေနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ ​တိုက်လေယာဉ် တစ်စင်းစီအတွက် အမေရိကန်က Pratt & Whitney F135-PW-100 အင်ဂျင်တစ်လုံးစီ တပ်ဆင်ပေးမှာဖြစ်ပြီး အပိုအင်ဂျင်တစ်လုံးစီကိုလည်း ထည့်ပေးမှာပါ။ ဒါ့အပြင် လုံခြုံရေးအဆင့်မြင့်...

ယူကရိန်းစစ်ပွဲ မပြီးဆုံးခင်မှာပဲ ရုရှားနဲ့ သဘောတူညီမှုတွေလုပ်ဖို့ အိမ်ဖြူတော် စဉ်းစားနေ

The New York Times သတင်းစာက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ မော်စကိုနဲ့ စေ့စပ်ဆွေးနွေးမယ့် ချဉ်းကပ်မှု အသစ်တစ်ရပ်အနေနဲ့ ယူကရိန်းစစ်ပွဲ မပြီးခင်မှာတောင် ရုရှားနဲ့ စီးပွားရေးဆိုင်ရာ သဘောတူညီချက်တွေ ရယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ အမေရိကန် အရာရှိတစ်ဦးကတော့ ဒီလို သဘောတူညီချက်တွေ လုပ်တာဟာ ရုရှားနဲ့ ဆက်ဆံရေးကို အသစ်ကနေ ပြန်စဖို့ ဝါရှင်တန်ဘက်က တကယ်ကို လေးလေးနက်နက် ရည်ရွယ်ထားတယ်ဆိုတာကို ပြသနိုင်တယ်လို့ သတင်းစာကို ပြောခဲ့ပါတယ်။ ဒီချဉ်းကပ်ပုံက...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ဆွေးနွေး

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည် တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ လိယွမ် နိုင်ငံ တော်ဧည့်ဂေဟာ၌တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ချစ်ကြည် ရေးခရီးရောက်ရှိစဉ် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးခဲ့မှုများနှင့် သဘောတူစာချုပ်များလက်မှတ်ရေးထိုးခဲ့မှုတို့အပေါ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်မှ စီမံ ကိန်းများအကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား အွန်လိုင်းလိမ်လည်မှုအ ပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးလုပ် ငန်းများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071