မန္တလေးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း
မန္တလေးတိုင်း စက်မှုကြီးကြပ်ဦးစီးဌာန မှ ကြီးမှုးကျင်းပသည့် SME လုပ်ငန်းကော်မတီ မှ ဦးစီးကျင်းပသည့် ငလျင်ဘေးအလွန် စီးပွားပြန်လည်ထူထောင်ရေး MSME ဈေးရောင်းပွဲတော် ဖွင့်ပွဲကို ယမန်နေ့ စက်တင်ဘာ(၂၀)ရက်နေ့က စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ထိုဈေးရောင်းပွဲတော်ကို မန္တလေး ချမ်းမြသာစည်မြိုနယ် မင်္ဂလာမန္တလေး ပရိုမိုးရှင်းဧရိယာအတွင်း ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး စက်တင်ဘာ(၂၂)ရက်နေ့ထိကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဈေးရောင်းပွဲတော်တွင်ပြခန်းပေါင်း(၈၆)ခန်း ပါဝင်မည်ဖြစ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားအမျိုးမျိုးသော MSME ကုန်ပစ္စည်းများ၊ အရည်အသွေးမြှင့်ထုတ်ကုန်များကို တစ်နေရာတည်းတွင်စုံလင်စွာ ဝယ်ယူနိုင်မည်ဖြစ်ပြီး MSME စီးပွားရေးလုပ်ငန်း(၁၀၀)နီးပါး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထိုပြင် ပွဲတော်ကာလအတွင်း၊ ဖျော်ဖြေရေး အစီအစဉ်များအဖြစ် မြန်မာ့အကအလှယဉ်ကျေးမှုများ၊ နာမည်ကြီးအဆိုတော်များ၊ DJ Dance အစီအစဉ်များလည်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။
