ငလျင်ကြီးကြောင့် ပြိုကျပျ-က်စီးသွားသည့် အဆောက်အဦးပိုင်ရှင်များသည် မူလအဆောက်အဦးထက် ယာယီနေထိုင်နိုင်ရန် အဆောက်အဦးသာဆောက်၍ ဆက်လက်နေထိုင်နေကြသည်။
ငလျင်ကြီး လှုပ်ခတ်ခဲ့မှုသည် သုံးလနီးပါးကြာမြင့်တော့မည်ဖြစ်သော်လည်း ငလျင်ဒဏ်ခံစားခဲ့ရသော ဒေသများတွင် ထိုသို့သာဆက်လက်နေထိုင်နေကြသူများရှိသည်။
“အဓိကကတော့ ပြန်မဆောက်နိုင်သေးတာ၊ အခုတော့ အလှူရှင်တွေ စီစဉ်ပေးတဲ့ နေရာမှာ ယာယီတဲပုံစံလေးနဲ့ နေနေတယ်၊ တချို့ကတော့ သစ်သားအဟောင်း၊ သွပ်အဟောင်းတွေနဲ့ သူတို့မြေကွက်နားမှာပဲ ပြန်ဆောက်ထားကြတယ်” ဟု မန္တလေးမြို့ ငလျင်ဒဏ်ခံခဲ့ရသူတစ်ဦးက ပေါ်ပြူလာနယူးကို ပြောသည်။
လက်ရှိတွင် မန္တလေးမြို့၌ အပျ-က်အစီးများကို ရှင်းလင်းပြီးစီးသူများရှိသော်လည်း ရှင်းလင်းဆဲကျန်နေသူများလည်းရှိနေသည်။
ထို့အပြင် မိုးရာသီ ကာလသို့ ရောက်ရှိနေသည့်အတွက် နေထိုင်ရန်အခက်အခဲကြုံနေမှုများလည်း ရှိနေကြသည်။
“အရင်လိုပြန်ဖြစ်ဖို့ဆို အချိန်ကာလတခုကို ပြန်စောင့်ရမှာပေါ့နော်။ ခေတ်ကာလနဲ့ အိမ်တစ်အိမ်၊ အဆောက်အဦးတစ်ခု ပြန်ဆောက်နိုင်ဖို့ဆိုတာ သိပ်မလွယ်ဘူးလေ၊ အခုအချိန်ကတော့ ကိုယ်မြေနေရာလေး ပျေ-ာက်မသွားအောင်ပဲ နေနေရတယ်” ဟု မန္တလေးမြို့ခံတစ်ဦးကလည်း ပြောသည်။
မန္တလေးငလျင်ကြီးကြောင့် (ဇွန်၂၄) အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်(၆)ခု၌ အသ-က်ဆုံးရှုံးသူ ၃,၇၆၆ ဦးရှိပြီဖြစ်ပြီး ထိခို-က်ဒဏ်ရာရရှိသူ(၅,၁၀၄) ဦးနှင့် ပျေ-ာက်ဆုံးသူအယောက် ၄၀ ဦး ရှိနေဆဲ ဖြစ်သည်။