မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဗဟိုနှင့် Myanmar Blue Sky Rescue Development Council တို့ ပူးပေါင်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် ဆိုလာမီးအိမ်အလုံး (၃၀၀)နှင့် အိမ်ထောင်စုတစ်စုကို ငွေကျပ်(၅၀,၁၀၀)တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများ ကို အောက်တိုဘာ(၁၂)ရက်က ပေးအပ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်း အစိုးရအဖွဲ့က ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းအိမ်ထောင်စု (၅၀၀) နှင့် အောင်မြေသာစံမြို့နယ်က ငလျင်ဘေးသင့် အိမ်ထောင်စု(၁၅၀၀)အတွက် ပေးအပ်ခဲ့ခြင်းဖြ စ်ကြောင်း သိရသည်။
အဆိုပါ ပေးအပ်ပွဲတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးက တာဝန်ရှိသူများ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) နှင့် Myanmar Blue Sky Res cue Development Council မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားတွင် နှစ်နိုင်ငံချစ်ကြည်ရေး ကဏ္ဍာများတွင် ပူးပေါင်းဆောင်ရွက်နေမှုများ နှင့် မန္တလေးငလျင်ကြီး ငလျင်ကာလနှင့် ငလျင်အလွန် ကာလတွင် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း မြန်မာ-တရုတ် ချစ်ကြည်ရေးအသ င်းက ရှင်းပြခဲ့ကြောင်း သိရသည်။
